ပွဲကြို မှတ်ချက်စကားကြောင့် ပြင်သစ်ပရိသတ်တွေရဲ့ဝေဖန် လှောင်ပြောင်မှုနဲ့ ရင်ဆိုင် ခဲ့ရတဲ့ ဂွမ်ဒူဇီ

မတ်တီယို ဂွမ်ဒူဇီ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း ကနေ မာဆေးလ် အသင်းကို အငှား သွားရောက် ကစားနေပြီး ပြင်သစ်လီဂူး ၁ မှာ ခြေစွမ်းပြ ကစားနိုင်တာကြောင့် လက်ရွေးစင် အသင်းကြီးထံ ခေါ်ယူခြင်း ခံခဲ့ရပါတယ် ။

ဒါပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဖြစ်တဲ့ ကာဇက်စတန် နဲ့ ပွဲမတိုင်မှီ ဂွမ်ဒူဇီ ရဲ့ ပြောစကား ဟာ ပြင်သစ် ပရိသတ်တွေအတွက် ဒေါပွစရာ ဖြစ်သွားခဲ့ပြီး အကြီးအကျယ် ဝေဖန် နေကြပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်းဟာ ကာဇက်စတန် နဲ့ ပွဲမှာ အိမ်ကွင်း အဖြစ် ပီအက်စ်ဂျီ အသင်းရဲ့အိမ်ကွင်း Parc des Princes မှာ ကစားခဲ့တာ ဖြစ်ပါတယ် ။ ပီအက်စ်ဂျီ အသင်းဟာ ဂွမ်ဒူဇီ ကစားနေတဲ့ မာဆေး အသင်းရဲ့ မဟာပြိုင်ဘက် အသင်းလည်း ဖြစ်ပါတယ် ။

ဂွမ်ဒူဇီ ဟာ ပွဲမတိုင်မှီမှာ ပီအက်စ်ဂျီ အသင်းရဲ့ ကွင်းထက် စာရင် ပဲရစ်မြို့ရဲ့ မြောက်ဘက်ရှိ Stade de France ကွင်းမှာသာ ကစားချင်ကြောင်း ပြောကြား ခဲ့တာပါ ။ Stade de France ဟာ ပရိသတ် ၈၀၀၀၀ ဝင်ဆန့်တဲ့ ဘောလုံး ကွင်းဖြစ်ပြီး ပီအက်စ်ဂျီ အိမ်ကွင်း ထက် ပိုမို ကြီးမားပါတယ် ။

Stade de France ကွင်းဟာ ဘယ်ဘောလုံးအသင်းကမှ မပိုင်တဲ့ ဘောလုံးကွင်း တစ်ခုဖြစ်ပြီး ၊ ပြင်သစ် လက်ရွေးစင် ဘောလုံး အသင်း နဲ့ ရပ်ဘီ အသင်းတို့ရဲ့ပွဲတွေကို မကြာခဏ ကစားလေ့ရှိတဲ့ ကွင်းတစ်ကွင်းပါ ။

ဂွမ်ဒူဇီ ဟာ ပွဲမတိုင်မှီမှာ ပီအက်စ်ဂျီ ပရိသတ်တွေများပြားတဲ့ ဒီဘောလုံးကွင်းမှာ မကစားချင်ကြောင်း ပြောကြား ခဲ့တာဖြစ်ပြီး ၊ အဲ့ဒီစကား ထွက်ပေါ် လာပြီးနောက် နိုင်ငံ အသင်း ပရိသတ်တွေရဲ့ ဝေဖန် လှောင်ပြောင်မှု နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

” ကျွန်တော်ကတော့ state de france မှာ ကစားရတာကို ပိုအလေးသာ နှစ်သက်ပါတယ် ၊ Parc des Princes က ပီအက်စ်ဂျီ အသင်းရဲ့ အိမ်ကွင်းပါ ၊ ဒါပေမယ့် ကျွန်တော်တို့ အနိုင် ကစားဖို့ပဲ အာရုံစိုက်သွားမှာပါ ၊ ကွင်းထဲမှာ လာကြည့်တဲ့ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးပြီး ဂုဏ်ယူနိုင်အောင် လုပ်ပေးဖို့ မျှော်လင့် ထားပါတယ် ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ခဲ့တာပါ ။

အကျိုးဆက် အနေနဲ့ ပြင်သစ် ပရိသတ်တွေဟာ ပွဲမတိုင်မှီ ကစားသမားတွေရဲ့ နာမည်စာရင်း ကြေညာရာမှာ ဂွမ်ဒူဇီ နာမည် အရောက်တွင် အားပေး အော်ဟစ်ခြင်း မရှိတော့ဘဲ လှောင်ပြောင် ခဲ့ကြပါတယ် ။ တွစ်တာမှာလည်း ဂွမ်ဒူဇီ ရဲ့မှတ်ချက် စကားကြောင့် ပီအက်စ်ဂျီ နဲ့ မာဆေးလ် ပရိသတ်တွေ ပွဲဖြစ်နေကြတာကိုလည်း တွေ့ရပါတယ် ။

SM