ယူနိုက်တက် ကြယ်ပွင့်နှစ်ဦးကို ​အင်္ဂလန် ကစားသမား စာရင်းမှ ဘာကြောင့် ချန်လှပ်ခဲ့တာလဲဆိုတာ ပြောပြလိုက်တဲ့ ဆောက်ဂိတ်

 

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါးရတ် ဆောက်ဂိတ်ဟာ မနေ့ညက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားကြရမယ့် ကစား သမား 25 ဦး စာရင်းကို ရွေးချယ်ခဲ့ပြီး အဆိုပါ စာရင်းမှ တကယ့် နာမည်ကျော် ကစားသမား အချို့ကို အံ့ဖွယ် ချန်လှပ် ထားခဲ့ရပါတယ် ။

အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ် ဟာ ဂိုးသမား 3 ဦး နေရာအတွက် ဝက်စ် ဘရွန်း မှ ဂျွန်စတုန်း ၊ အဲဗာတန် မှ ဂျော်ဒန် ပစ်ဖို့ဒ် နဲ့ အာဆင်နယ် အသင်းမှာ ပုံစံကောင်းတွေ ဆက်တိုက် ပြသနေခဲ့တဲ့ အာရွန် ရမ့်စ်ဒေးလ် တို့ကို ရွေးချယ် သွားခဲ့ပါတယ် ။

ခံစစ် နေရာအတွက်တော့ အလက်ဇန္ဒား အာနိုး ၊ ဘင်ချီဝဲလ် ၊ ကော်နာ ကွာဒီ ၊ ရိစ် ဂျိမ်းစ် ၊ ဟယ်ရီ မက်ဂွားယား ၊ တိုင်ရွန်မင်းစ် ၊ လုခ်ရှော ၊ ဂျွန်စတုန်း ၊ ကိုင်လီ ဝေါ်လ်ကာ စသဖြင့် ရွေးချယ်နေခဲ့ကြ ကစားသမားတွေကိုပဲ ပြန်လည််ရွေးချယ်ခဲ့ပါတယ် ။

အဲ့ဒီနောက် ကွင်းလယ်အတွက် ဒေါ့မွန်မှ ဂျုဒ် ဘယ်လင်ဂမ် ၊ လီဗာပူး မှ ဂျော်ဒန် ဟန်ဒါဆန် ၊ ချဲလ်ဆီး မှ မေဆွန်မောင့် ၊ လိဒ်စ် ယူနိုက်တက် မှ ကယ်ဗင် ဖိလစ် ၊ ဝက်စ်ဟမ်း အသင်းမှ ဒီကလန် ရိုက်စ် ၊ ဆောက်သမ်တန် မှ ဂျိမ်းစ် ဝက်ပရောက်စ် တို့ကို ရွေးချယ်ခဲ့ပါတယ်

တိုက်စစ် နေရာ အတွက်တော့ ဂါးရတ် ဆောက်ဂိတ် က လက််တလော ပုံစံကောင်းတွေ ပြသနေကြတဲ့ တမ်မီ အေဘရာဟမ် ၊ ဖီးလ် ဖိုဒန် ၊ ဂျက် ဂရီလစ်ရှ် ၊ ဟယ်ရီ ကိန်း ၊ မားကပ်စ် ရပ်ရှ်ဖို့ ၊ ဘူကာယို ဆာကာ နဲ့ ရာဟီးမ် စတာလင်း တို့ကို ရွေးချယ်သွားခဲ့ ပါတယ် ။

ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ ဆောက်ဂိတ်ဟာ ယခင် ရွေးချယ််နေခဲ့ကြ ဖြစ်တဲ့ ယူနိုက်တက် ကြယ်ပွင့် ဂျေဒန် ဆန်ချို နဲ့ ဂျက်စီ လင်ဂတ် တို့ကို ချန်လှပ်ထားခဲ့ရပါတယ် ။ အခုတော့ ဆောက်ဂိတ်က သူတို့ နှစ်ဦးကို ချန်လှပ်ခဲ့ရတဲ့ အကြောင််းအရင်းကို ပြောပြသွားခဲ့ရပါတယ် ။

” ဂျက်စီ (လင်ဂတ်) နဲ့ ဂျေဒန် (ဆန်ချို) တို့ရဲ့ အကြောင်းကို ပြောရမယ်ဆိုရင် သူတို့ရဲ့ နေရာမှာ ကစားနေခဲ့ကြတဲ့ ကစားသမားတွေနဲ့ နှိုင်းယှဥ်လိုက်တဲ့ အခါ ပွဲစဥ်တွေကို လုံလောက်စွာ ပွဲထွက် ကစားပေးခွင့်တွေ မရရှိခဲ့ပါဘူး ”

” လူတွေက ကျွန်တော့်ရဲ့ ရွေးချယ်မှု မတည်ငြိမ်ဘူးလို့ ပြောကောင်းပြောကြပါလိမ့်မယ် ။ ကျွန်တော်ကတော့ အဲ့ဒီလို မတွေးပါဘူး ။ အကယ်လို့ ခင်ဗျားဟာ ခင်ဗျားရဲ့ ကလပ််အသင်းအတွက် ပွဲတွေ ကစားပေးမယ်ဆိုရင် အခြားသူတွေထက် အခွင့်ကောင်း ပိုရမှာ ပါပဲ ”

” ကောင်လေး နှစ်ယောက် (ဆန်ချို နဲ့ လင်ဂတ်) တို့ဟာ သူတို့ ကစားတဲ့နေရာမှာ ရွေးချယ်ခံရရေးအတွက် ပြိုင်ဖက်ကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ် ။ ဂျက်စီဆိုရင် 10-15 မိနစ် လောက်ပဲ ကစားခဲ့ရပါတယ် ။ ဒါကြောင့် သူ့ရဲ့ ခြေစွမ်း ၊ ကြံ့ခိုင်မှုက ဘယ်လိုလဲ ဆိုတာ ကျွန်တော် မသိသေးပါဘူး ”

” သူတို့နဲ့ စကားပြောတဲ့အခါ သူတို့တွေဆီမှာ ဘာလိုအပ်နေလဲဆိုတာ သူတို့တွေ ကောင်းကောင်း သိပုံ ပေါ်ခဲ့ကြပါတယ် ။ သူတို့ ကလပ်မှာ ကစားခွင့်ရမယ် ၊ ​ကောင်းမွန်စွာ ကစားပြနိုင်ကြမယ်ဆိုရင် အင်္ဂလန် အတွက် ကစားခွင့်ဆိုတာလည်း သူတို့အတွက် ဘောနပ်စ် ဖြစ်လာမှာပါပဲ ”

” သူတို့ နှစ်ဦးလုံးဟာ ကျွန်တော်တို့အတွက် ကောင်းမွန်စွာ ကစားပေးခဲ့ဖူးတဲ့ ကစားသမားတွေပါပဲ ။ တစ်နေ့ သူတို့တွေ ပြန်လာနိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ် ” လို့ ဂါးရတ် ဆောက်ဂိတ် က မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar