အာဆင်နယ် အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးမှာ အဓိကကျတဲ့ ကစားသမားနှစ်ဦး နာမည်ပြောကြားလိုက်တဲ့ မာတီဆက်ကာ

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရတာ ၅ နှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကဆို နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ကစားခွင့် နဲ့ လွဲချော် ခဲ့ရပါတယ် ။

အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်းလည်း ဖြစ်သလို လက်ရှိ အကယ်ဒမီ မန်နေဂျာ ဖြစ်တဲ့ မာတီဆက်ကာ က ဆာကာ နဲ့ စမစ်ရို တို့ဟာ အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးမှာ အဓိက ကျတဲ့သူ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

မာတီဆက်ကာ က ” လူငယ် ကြယ်ပွင့်လေးတွေကို ထိပ်တန်း အဆင့် ပြိုင်ပွဲတွေမှာ အခွင့်အရေးပေး ၊ နေရာပေးတာက အာဆင်နယ် အသင်း လုပ်နေကြ အစဉ်အလာ တစ်ခုလို ဖြစ်နေပါပြီ ။ ကျွန်တော်တို့ ဘက်က ဆာကာ နဲ့ စမစ်ရို ကို အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရရေးမှာ ဦးဆောင်ပေးဖို့ ပြောရင် သူတို့က ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ လက်ခံကြမှာပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မျိုးဆက် တစ်ခု နဲ့ တစ်ခု အချိတ်အဆက်ကို နားလည်ထားဖို့လည်း လိုပါတယ် ။ ဆာကာ နဲ့ စမစ်ရို တို့ကို မေးကြည့်လိုက်ရင် သူတို့ဟာ ဖာဘရီဂက်စ် ၊ ဂျက်ဝဲလ်ရှား ၊ ဘယ်လာရင် တို့ကို ကြည့်ပြီး အားကျ အတုယူ ခဲ့ရတာလို့ ဖြေကြပါလိမ့်မယ် ။ ”

” ဒီလိုပဲ ၊ အခု အသက် ၉ နှစ်အောက် ကစားသမားတွေ အားကျရတဲ့ ကစားသမားတွေက ဆာကာ နဲ့ စမစ်ရို တို့ ဖြစ်မှာပါ ။ လူငယ်တွေ ဖြတ်သန်းရတဲ့ လမ်း ၊ သင်ယူရတဲ့ အရာတွေက တကယ့်ကို မလွယ်ကူပါဘူး ၊ ဒါပေမယ့် ဆာကာ နဲ့ စမစ်ရို တို့ကတော့ တခြားသူတွေ နဲ့ ခြားနားနေတာ အမှန်ပါပဲ ။

” အကယ်ဒမီ က ဝန်ထမ်းတွေကလည်း အသင်းကြီး အတွက် အကျိုးပြုနိုင်မယ့် လူငယ် ကစားသမားကောင်းတွေ မွေးထုတ် ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစား နေကြပါတယ် ။ ဒါက အသင်း အတွက် အရေးကြီးသလို ဦးစားပေး လုပ်ဆောင်ရမယ့် အရာ တစ်ခုလို့လည်း မြင်ထားပါတယ် ။ ”

” ကျွန်တော်တို့က လူငယ်တွေ သူတို့ အားနည်းချက်တွေ သိဖို့ ၊ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ဖို့ ၊ နှစ်နှစ် ၃ နှစ်အတွင်း အသင်းကို ဦးဆောင်နိုင်သူ ဖြစ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခွင့်အရေးတွေ ပေးနေပါတယ် ၊အရင်တုန်းက ရခဲ့တဲ့ အောင်မြင်မှုတွေ ပြန်မရခင်အချိန်မှာ နာကျင်ခံစားရတာတွေလည်း ရှိနိုင်ပါတယ် ။ ”

” ဒါတွေက ကျွန်တော့် မျှော်မှန်းချက်တွေပါပဲ ၊ ဆာကာ နဲ့ စမစ်ရို တို့ နှစ်ဦးစလုံး အခုထက် ပိုကောင်းတဲ့ အရည်အသွေးတွေ အသင်းကြီးထံ ယူဆောင်လာပေးဖို့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM