သူ့ကို အာဆင်နယ် ပရိသတ်တွေ နှမြောတဿ ဖြစ်နေကြတာ မြင်တွေ့ရချိန်မှာ မျက်ရည်မစဲနိုင် ဖြစ်ခဲ့ရတဲ့ ဒီယာဘီ

အာဆင်နယ် ကွင်းလယ်လူဟောင်း ဒီယာဘီ ဟာ ဗီအဲရာ လက်သစ်လို့ ထင်ကြေး ပေးခံ ခဲ့ရသူ ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေရဲ့ အကြီးအကျယ် နှိပ်စက်မှုကြောင့် ကစားသမား ဘဝ အစောကြီး အဆုံးသတ် သွားခဲ့ရသူ ဖြစ်ပါတယ် ။

အာဆင်နယ် ပရိသတ်တွေဟာ ဒီယာဘီ သာ ဒဏ်ရာတွေ မရခဲ့ရင် ဘယ်လောက်အထိ ကောင်းတဲ့သူ ဖြစ်ကြောင်း အင်တာဗျူး အစီအစဉ်မှာ ပြောကြားခဲ့ကြပါတယ် ။အဆိုပါ ဗွီဒီယို ကို ဒီယာဘီ တစ်ယောက် ကြည့်လိုက် ရချိန်မှာတော့ မျက်ရည်မဆည်နိုင် ဖြစ်သွားခဲ့ပြီး သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟ သွားခဲ့ပါတယ် ။

ဒီယာဘီ ဟာ အော်ဇေး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အမ်းမရိတ်မှာ ခုနှစ်ကြာ ကစားခဲ့သူပါ ။ ဒါပေမယ့် ဒီယာဘီ ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ပရီးမီးယားလိဂ်ပွဲ ၁၂၄ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ် ။

ဒီယာဘီ ဟာ အာဆင်နယ် မှာ ကစားစဉ် ပြင်းထန်တဲ့ ဒဏ်ရာ ၄၂ ကြိမ် အထိ ရခဲ့ပြီး အရွတ်ဒဏ်ရာ ၊ ပေါင်ကြွက်သား ဒဏ်ရာ ၊ ခြေသလုံး ဒဏ်ရာ ၊ ခြေချင်းဝတ် ဒဏ်ရာ ၊ တံကောက်ကြော ဒဏ်ရာတွေ ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

ဒီယာဘီ ဟာ အာဆင်နယ် အသင်းမှာ ရက်ပေါင်း ၃၃၃၉ ရက် ကစားခဲ့ပြီး အနားယူ နေခဲ့ရတဲ့ ရက်ကတော့ ၁၅၅၄ ရက် (၄၆.၅%) အထိ ရှိပါတယ် ။ဒါပေမယ့် ဒီယာဘီ ဟာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဗီအဲရာ နဲ့ နှိုင်းယှဉ် ချီးကျူးမှုကို ခံခဲ့ရပါတယ် ။

French TV SFR Sport ဟာ ဒီယာဘီ အာဆင်နယ် ကနေ ထွက်ခွာပြီး နှစ်နှစ် အကြာမှာ  အမ်းမရိတ်ကွင်းက ပရိသတ်တွေကို ပြင်သစ်သားနဲ့ ပတ်သက်ပြီး မေးမြန်း ခဲ့ကြပါတယ် ။ ပရိသတ်တွေဟာ ဒီယာဘီ သာ ဒဏ်ရာရ မများခဲ့ရင် ဘယ်လောက်အထိ ကောင်းတဲ့သူ ဖြစ်ကြောင်း ချီးကျူး ခဲ့ကြပါတယ် ။

အဆိုပါ ဗွီဒီယို ကို ကြည့်ပြီးချိန်မှာ ဒီယာဘီ ဟာ ” သူတို့က ကျနော်က ဒဏ်ရာရလွယ်လွန်းတော့ ဖန်သား နဲ့ လုပ်ထားတာများလားလို့ ပြောကြပါတယ် ၊ ဒီလို ကြားရတော့ စိတ်ပိုင်းဆိုင်ရာ အများကြီး ထိခိုက် နာကျင် ခံစားရပါတယ် ။ “

” ဘယ်တက်နိုင်မလဲဗျာ ၊ ကျွန်တော် ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ နေ့တိုင်း ဘယ်လောက်အထိ ကြိုးစားရသလဲ ဆိုတာ သူတို့မှ မသိတာကိုဗျ ၊ ကျွန်တော် ဘာလုပ်နိုင်မှာလဲ ၊ ဒါက ကျွန်တော်ရဲ့ ဘဝ ဇတ်ကြောင်းပဲလေ ။ ,”

” ပြီးခဲ့တဲ့ နှစ်အတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက် ခဲ့ပါတယ် ၊ ပြန်လည် သက်သာကောင်းမွန်လာဖို့ အကြီးအကျယ် လုပ်ခဲ့ရပါတယ် ၊ ကျွန်တော် ဒူးဒဏ်ရာ ၊ ခြေသလုံးသား ဒဏ်ရာ ၊ တစ်ရှုး ဒဏ်ရာ ၊ ခြေချင်းဝတ် ဒဏ်ရာတွေကနေ သက်သာဖို့ လုပ်ခဲ့ရပါတယ် ။ “

” ဆန်းဒါးလန်း က ဒင်းစမစ်ရဲ့ ဖျက်ထုတ်မှုက အရာအားလုံးကို အဆုံးသတ်သွားစေခဲ့တာပါပဲ ၊ အဲ့ဒီ ဒဏ်ရာကြောင့် ကျွန်တော့် ခြေချင်းဝတ် က လုပ်နိုင်စွမ်း အကန့်အသတ် ရှိသွားခဲ့သလို တခြား အစိတ်အပိုင်းတွေ အပေါ်လည်း သက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့ပါတယ် ။ အဲ့မတိုင်ခင်တုန်းက ကျွန်တော် ကြွက်သား ပြဿနာ မရှိခဲ့ပါဘူး ၊ကျွန်တော့် ဘဝကြီးက အဆင်ပြေနေခဲ့တာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SM