ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘောလုံးစွမ်းရည် အပြည့်ဝဆုံး ကစားသမား ၁၀ ဦးကို ရွေးချယ်လိုက်တဲ့ အလန်ရှီးယားရား

နယူးကာဆယ် တိုက်စစ်မှုးဟောင်း အလန်ရှီးယားရားဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘောလုံးစွမ်းရည် အပြည့်ဝဆုံး ကစားသမား ၁၀ ဦး စာရင်းမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး ခရစ်စတီယာနိုရော်နယ်ဒိုကို ထိပ်ဆုံး နေရာမှာ ရွေးချယ်ခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် မန်ယူနိုက်တက် တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပေါ်တူဂီတို့ လူဇင်ဘတ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး men’s international football မှာ သူ့ရဲ့ နိုင်ငံအတွက် ဟက်ထရစ် ၁၀ ကြိမ် သွင်းယူပေးနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ။်

အသက်အရွယ် ရလာပြီ ဖြစ်ပေမယ့်လည်း ခြေစွမ်းကျဆင်း သွားခြင်း မရှိသေးတဲ့ ရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ် မှတ်တမ်း ကလည်း သိပ်မဆိုးလှဘဲ မန်ယူနိုက်တက်မှာ ကစားတဲ့ ၂ ကြိမ်ပေါင်းမှာ သွင်းဂိုး ၈၇ ဂိုး ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ပေါ်တူဂီ စတားဟာ နောက်ပိုင်းနှစ်တွေမှာ ဂိုးသွင်းယူဖို့ အတွက်ပဲ အဓိက အာရုံစိုက်တဲ့ ကစားဟန်ကို ပြောင်းလဲခဲ့ပေမယ့် မန်ယူနိုက်တက်မှာ ပထမအကြိမ် ကစားခဲ့စဉ်ကတော့ ၎င်းရဲ့ ပင်ကိုယ်စွမ်းရည် ၊ မျက်လှည့်ဆန်တဲ့ ဘောလုံးကျွမ်းကျင်မှု ၊ ပြေးအား နဲ့ အလိမ်အခေါက် စွမ်းရည်တွေဟာ တကယ့်ကို နှစ်ယောက်မရှိနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အလန်ရှီးယားရား မီကာရစ်ချက် နဲ့ ဂယ်ရီလိုင်နီကာ တို့ အားလုံးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘောလုံးစွမ်းရည် အပြည့်ဝဆုံး ကစားသမား ၁၀ ဦး စာရင်းမှာ ရော်နယ်ဒိုကို ထိပ်ဆုံးနေရာအတွက် ရွေးချယ် ခဲ့ကြပါတယ်။ ရှီးယားရားဟာ ဆောက်သမ်တန် ဂန္တဝင် မက်လီတစ်ဆီယာကို ဒုတိယနေရာမှာ ထားခဲ့ပြီး ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဂျီယန်ဖရန်ကိုဇိုလာ နဲ့ တော့တင်ဟမ် ကွင်းလယ်လူဟောင်း လူကာမိုဒရစ် တို့ကို အဆင့် ၃ နဲ့ အဆင့် ၄ နေရာ တွေမှာ ရွေးချယ်ခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ပက်သက်ပြီး ရှီးယားရား က “မန်ချက်စတာယူနိုက်တက်မှာ ပထမအကြိမ် ကစားခဲ့စဉ်တုန်းက ရော်နယ်ဒိုဟာ သူ့ရဲ့ ဘောလုံး စွမ်းရည် ဘယ်လောက်တောင် ကောင်းလွန်းသလဲ ဆိုတာ ပြသခဲ့ပါတယ်။ သူဟာ မြင့်မားတဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အတူ ဖိန့်ပြတာတွေ ၊ လိမ်ခေါက်တာတွေ ၊ မွှေနှောက် ကစားတာတွေကို လုပ်ပြခဲ့ပြီး ဖြတ်တင်ဘောတွေကို ပေးသင့်တဲ့ အချိန်မှာလည်း မပေးခဲ့ပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုကို ဒီအပိုင်းမှာ နံပါတ်တစ် နေရာကို မဖြစ်မနေ ပေးသွားရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နောက်ထပ် ချဲလ်ဆီး ကစားသမားဟောင်း နဲ့ တော့တင်ဟမ် ကစားသမားဟောင်း တို့လည်း top 10 ထဲမှာ ပါဝင်ခဲ့ကြပြီး အီဒင်ဟာဇက်ဟာ အဆင့် ၆ နေရာမှာ ရပ်တည် ခဲ့ပြီး အင်္ဂလန် ဂန္တဝင် ပေါလ်ဂတ်စ်ကွိုင် ကတော့ ၎င်းရဲ့ အထက် တစ်နေရာမှာ ရပ်တည် ခဲ့ပါတယ်။

ရှီးယားရားရဲ့ PL သမိုင်းတစ်လျှောက် ဘောလုံးစွမ်းရည် အပြည့်ဝဆုံး ကစားသမား ၁၀ ဦး
၁) ခရစ်စတီယာနိုရော်နယ်ဒို
၂) မက်လီတစ်ဆီယာ
၃) ဇိုလာ
၄) လူကာမိုဒရစ်
၅) ပေါလ်ဂတ်စ်ကွိုင်
၆) ဟာဇက်
၇) ဂျူနင်ဟို
၈) ဂျေဂျေအိုကိုချာ
၉) ကင်ကလက်ဇီ
၁၀) ဒီမီထရီပါရက်

SM