နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ ပုခုံး ဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် အနားယူ နေရာကနေ အပြည့်အ၀ ပြန်လည် ကြံ့ခိုင်မှု ရရှိ နေပြီ ဖြစ်ကာ

လာမယ့် အပတ် ထဲမှာ ပြန်လည် လေ့ကျင့်မှုတွေ ပြုလုပ် နိုင်ဖို့ ရှိနေပြီ လို့ သိရ ပါတယ် ။

ရက်ဖိုဒ့် အနေနဲ့ အောက်တိုဘာ နိုင်ငံ တကာ ပွဲစဉ်တွေ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြန်လည် ကစားပေး နိုင်ဖို့ကို ပစ်မှတ် ထားသွားမယ် လို့ သိရ ပါတယ် ။

လီဗာပူး နောက်ခံလူ အလက်ဇန်းဒါး အာနိုးလ် ဟာ ပေါ်တို အသင်းနဲ့ ကစားဖို့ ပေါ်တူဂီ ကို ထွက်ခွာ သွားတဲ့ လီဗာပူး အသင်းသားစာရင်းမှာ ပါဝင် သွားခဲ့ခြင်း မရှိဘူးလို့ သိရ ပါတယ် ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ကတော့ ရီးရဲ မက်ဒရစ် ၊ ယူဗင်တပ် နဲ့ ဘာစီလိုနာတို့ အပေါ် ဥရောပ စူပါလိဂ် ကိစ္စ နဲ့ ပတ်သက်ပြီး စွဲချက် တင်ထားသမျှ ကို ပြန်လည် ရုပ်သိမ်း သွားခဲ့ပြီလို့ ကြားသိရ ပါတယ် ။

အင်္ဂလန် နဲ့ မန်ယူနိုက်တက် နောက်ခံလူ ရီယို ဖာဒီနန် ကလည်း ဂယ်ရီနဗီးလ် နည်းတူ ဟယ်ရီကိန်း အပေါ် သုံးသပ် ခဲ့ပြီး ကိန်း ဟာ မန်စီးတီး ကို မပြောင်းနိုင်ခဲ့မှု အပေါ် ခုချိန်ထိ ခံစား နေရဆဲ ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်း အကြီးအကဲ ဆာလီဟာမစ်ဇစ် က သူတို့ အသင်းမှာ ဗဟို ခံစစ်မှူးတွေ အလုံ အလောက် ရှိနေပြီး ချဲလ်ဆီး နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ သေးတဲ့ ရူဒီဂါ ကို စိတ်ဝင်စား နေတယ် ဆိုတဲ့ သတင်းတွေ ကို ငြင်းဆန် သွားခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် မှာတော့ ဘရိုက်တန် ဟာ ခရစ္စတယ် ပဲလေ့စ် နဲ့ အဝေးကွင်း မှာ ၁ ဂိုးစီ သရေကျပြီး အမှတ်ပေး ဇယားထိပ်ကို တက်လှမ်း နိုင်ခွင့် ဆုံးရှုံး သွားခဲ့ရ ပါတယ် ။

အိမ်ရှင် ပဲလေ့စ် ဟာ ပထမပိုင်း ၄၅ မိနစ် မှာ ပင်နယ်တီ ရခဲ့ပြီး ဇာဟာ က အမှားအယွင်း မရှိ ကန်သွင်းကာ ဦးဆောင်မှု ပေးခဲ့ ပါတယ် ။ ဘရိုက်တန် အတွက် ချေပဂိုး ကိုတော့ တိုက်စစ်မှူး မူပေး က ၉၀+၅ မိနစ် မှာမှ ပြန်လည် သွင်းယူ ပေးခဲ့တာပါ ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဟွမ်မာတာ ကတော့ လာမယ့် ဇန်နဝါရီ မှာ အသင်း ပြောင်းရွှေ့ဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူဗင်တပ် နည်းပြ အယ်လီဂရီ ကတော့ တိုက်စစ်မှူး ဒိုင်ဘားလား နဲ့ မိုရာတာ တို့ ၂ ဦး စလုံးဟာ ချဲလ်ဆီး နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် ကို လွဲချော်မှာ ဖြစ်ကြောင်း အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

အမေရိကန် မေဂျာလိဂ် ကလပ် FC ဆင်ဆင်နတီ ကို ကိုင်တွယ် နေတဲ့ နည်းပြ ဂျပ်စတမ်း ဟာ ၁၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိ ထားတဲ့ မှတ်တမ်းဆိုးနဲ့ အတူ ဒီစီ ယူနိုက်တက် ကို ၄-၂ နဲ့ ရှုံးနိမ့်တဲ့ ပွဲအပြီးမှာတော့ ထုတ်ပယ် ခံခဲ့ရတယ်လို့ ကြားသိရ ပါတယ် ။

ဘွန်ဒစ်လီဂါ ကလပ်တွေ ဖြစ်ကြတဲ့ ဒေါ့မွန် နဲ့ ဟော့ဖမ်ဟမ်း တို့ ဟာ ဝက်စ်ဘရွန်းရဲ့ ၁၇ နှစ် အရွယ် ကစားသမားလေး ရေးရက်စ် ကလယ်ရီ ကို အပြိုင် စောင့်ကြည့် နေကြတယ်လို့လည်း သိရ ပါတယ် ။

PSG ကွင်းလယ်လူ အန်ဒါ ဟာရဲရား ရဲ့ ဖခင် ဖြစ်သူက ဘာစီလိုနာ အသင်းဟာ သားဖြစ်သူကို ခေါ်ယူဖို့ ဆက်သွယ် ခဲ့ဖူးတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အန်တိုနီ ဂျိုရှုအာ ကို အနိုင်ယူကာ ကမ္ဘာ့ ဟဲဗီးဝိတ် ရွှေခါးပတ်ဆု ကို သိမ်းပိုက် နိုင်ခဲ့တဲ့ Oleksandr Usyk ဟာ ယမန်နေ့က မိခင် နိုင်ငံ ယူကရိန်း ကို ပြန်လည် ရောက်ရှိ လာခဲ့ပြီး ပရိသတ် ထောင်ပေါင်းများစွာဟာ လေဆိပ် ကနေ စောင့်ကြို ဂုဏ်ပြု ခဲ့ကြတယ်လို့ သိရ ပါတယ် ။

PSG နည်းပြ ပိုချက်တီနို က သူတို့ အသင်းမှာ ကမ္ဘာ့အဆင့် ဂိုးသမား ၂ ဦး ရှိပြီး သူတို့ အကြားက ဆက်ဆံရေး ဟာလည်း ကောင်းမွန် ပါတယ်လို့ ဒွန်နာရမ်မာ နဲ့ ကေလာ နာဗက်စ် တို့ နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဒါပေမယ့် မန်စီးတီး နဲ့ ပွဲမှာ ဘယ်သူ ပါဝင် လာမယ် ဆိုတာ ကိုတော့ အတည်ပြု မသွားခဲ့ ပါဘူး ။

SPORTS MYANMAR