နံနက်ခင်းသတင်းများ

ယူဗင်တပ် ၊ အာဆင်နယ် ၊ ဘာစီလိုနာ တို့ ကတော့ နိုင်ပွဲတွေ ပြန်လည် ရရှိ လာခဲ့ ကြပါပြီ ။

ယူဗင်တပ် ဟာ ယမန်နေ့ ညက ဆမ့်ဒိုးရီးယား ကို ၃-၂ နဲ့ အနိုင် ရရှိပြီး ဒီရာသီ စီးရီးအေ ရဲ့ ဒုတိယမြောက် နိုင်ပွဲ ကို ရယူ နိုင်ခဲ့ ပါတယ် ။ ခုချိန်မှာတော့ ယူဗင်တပ် ဟာ အဆင့် ၉ ကို တက်လှမ်း နိုင်ခဲ့ ပါပြီ ။

ဒါပေမယ့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘားလား ရော မိုရာတာ ပါ ဒဏ်ရာ အသီးသီး ရရှိ ခဲ့ကြပြီး ချဲလ်ဆီး နဲ့ ကစားမယ့်

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကို ပါဝင် နိုင်ကြတော့ မှာ မဟုတ်တာကတော့ ယူဗင်တပ် အတွက် သတင်းဆိုး ဖြစ်စေခဲ့ ပါတယ် ။

နာပိုလီ ကတော့ ၁၀၀% နိုင်ပွဲ ဆက်မှု ကို ၆ ပွဲအထိ ဆက်လက် သယ်ဆောင် နေခဲ့ ပါတယ် ။

ယမန်နေ့ ညက ပွဲမှာ ကာဂလီယာလီ ကို ၂ – ၀ နဲ့ အနိုင် ကစားပြီး ၁၈ မှတ် အပြည့်နဲ့ နာပိုလီ တို့ အဆင့် ၁ နေရာမှာ ဆက်လက် ရှိနေခဲ့ ပါတယ် ။

မော်ရင်ဟို ရဲ့ ရိုးမား နဲ့ ဆာရီ ရဲ့ လာဇီယို တို့ ရင်ဆိုင်တွေ့ ကြတဲ့ ရောမ ဒါဘီ ကတော့ အကျိတ် အနယ် ရှိ ခဲ့ကာ ၃-၂ နဲ့ လာဇီယို က အနိုင် ရရှိ သွားခဲ့ ပါတယ် ။ ဒီနိုင်ပွဲကြောင့် လာဇီယို အဆင့် တက်လာခဲ့ပြီး အဆင့် ၄ က ရိုးမား နောက် ၁ မှတ် အကွာမှာ ရပ်တည် လာနိုင်ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ဟာ အိမ်ကွင်း မှာ လီဗန်တေး အသင်းကို ၃ – ၀ နဲ့ အနိုင် ကစားပြီး နည်းပြ ကိုးမန်း အပေါ် ကျရောက် နေတဲ့ ဖိအားတွေ ကို လျော့ကျ စေခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဒီနေ့ ပွဲမှာ အကယ်ဒမီ ကစားသမား အချို့ ကို ထည့်သုံးခဲ့သလို ဒဏ်ရာ ကြောင့် အကြာကြီး

နားနေခဲ့ရတဲ့ တိုက်စစ်မှူးလေး အန်ဆု ဖာတီ လည်း ပထမဆုံး အကြိမ် ပြန်လည် ကစားခဲ့ကာ တတိယမြောက် ဂိုးကို သွင်းယူပေး သွားခဲ့ ပါတယ် ။

လက်ရှိ မှာတော့ ဘာစီလိုနာ ဟာ ၆ ပွဲ ကစားအပြီး ၁၂ မှတ် ရရှိထားကာ တပွဲပို ကစားထားတဲ့ အဆင့် ၁ က ရီးရဲ မက်ဒရစ် နဲ့ ၅ မှတ် အကွာမှာ ရှိနေခဲ့ ပါတယ် ။

အင်္ဂလန် ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ် ဟာ တော့တင်ဟမ် ဟော့စပါး ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင် ရရှိပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ ဖြစ်ကြောင်း အသိပေးသွားခဲ့ ပါတယ် ။

အာဆင်နယ် ဟာ ပထမပိုင်းမှာ ၃ ဂိုးပြတ် အနိုင် ကစားထားပြီး စပါး ဘက်ကို ခြေအသာ နဲ့ ဖိ ကစားထား ခဲ့တာပဲ ဖြစ်ပါတယ် ။

အာဆင်နယ် အတွက် ဂိုးတွေကိုတော့ စမစ်ရိုဝီ ၊ အော်ဘားမီးယန်း နဲ့ ဆာကာ တို့က သွင်းပေးခဲ့တာ ဖြစ်ပြီး

တော့တင်ဟမ် ဟော့စပါး အတွက် တလုံးတည်းသော ဂိုးကိုတော့ ဆွန်ဟောင်မင် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ နေရာ ပျောက် နေတဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ကို လာမယ့် ဇန်နဝါရီ မှာ အငှား ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းဟာလည်း ကွင်းလယ်လူ အာရွန် ရမ်ဆေး ကို ဇန်နဝါရီ မှာ အသင်းကနေ လျော့ထုတ် သွားဖို့ စိတ်ကူး နေပြီး ပြောင်းရွှေ့ကြေး ရရှိဖို့ပင် မျှော်မှန်း မထားကြောင်း သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ နွေရာသီ အပြောင်း အရွှေ့ မဖြစ်မြောက် ခဲ့မှု ရဲ့ စိတ်ဒဏ် ကို ခံစား နေရဆဲ ဖြစ်ကြောင်း ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။

PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ အသင်း နဲ့ ပြန်လည် လေ့ကျင့်မှု ပြုလုပ် နေပြီ ဖြစ်တာကြောင့် မန်စီးတီး နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မှာ ပါဝင် လာနိုင်ဖို့ အလားအလာ ကောင်းလာခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR