နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က သူ့ရဲ့ အသင်းဟာ အဂွေရို လို အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူး တယောက်ကို လိုအပ် နေသေးကြောင်း ထုတ်ဖော် ဝန်ခံ သွားခဲ့ ပါတယ် ။

အဲ့ဒိ သတင်းနဲ့ တဆက်တည်း မှာပဲ စီးတီး အကြီးအကဲ ရှိတ်မန်ဆော် ဟာ PSG ကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေတဲ့

ပြင်သစ် တိုက်စစ်မှူးလေး ကိုင်လီယံ အမ်ဘာပေ ကို ဘယ်နည်းနဲ့ မဆို ခေါ်ယူဖို့ မှာကြား ခဲ့တယ် ဆိုတဲ့ သတင်း တခု ထွက်ပေါ် လာခဲ့ ပါတယ် ။

ဘာပေ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့ ရဲ့ နောက်ဆုံး အချိန် မှာ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ဖို့

ကြိုးစား ခဲ့သူ ဖြစ်ပြီး PSG က ရီးရဲ ရဲ့ ကမ်းလှမ်းမှု မှန်သမျှ ကို ပယ်ချ ခဲ့တာကြောင့် အသင်းမပြောင်းဖြစ်ဘဲ ဆက်ရှိ နေတာ ဖြစ်ပါတယ် ။

လာလီဂါ ထိပ်သီး ဘာစီလိုနာ ဟာ အာဆင်နယ် နဲ့ စာချုပ်ကုန် တော့မယ့် တိုက်စစ်မှူး လာကာဇက် ကို လာမယ့် ဇန်နဝါရီ မှာ သက်သာတဲ့ ဈေးနှုန်း နဲ့ ခေါ်ယူဖို့ စီစဉ် နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

လာကာဇက် ကို အက်သလက်တီကို မက်ဒရစ် က ရာသီ အကုန်မှာ အလွတ် နဲ့ ခေါ်ယူဖို့ စီစဉ် နေတာ ဖြစ်ပြီး ဘာစီလိုနာ က ဇန်နဝါရီ မှာတင် အရ ခေါ်ဖို့ စိတ်ကူး လာခဲ့တာပဲ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြဟောင်း တင် ရှားဝုဒ် က အာဆင်နယ် နဲ့ စပါး တို့ ဟာ သာမာန် အဆင့်သာ ရှိတဲ့ နိုင်ငံခြား ( ဗြိတိန်ပြင်ပ ) ကစားသမားတွေ ကို ငွေကုန်ခံ ခေါ်ယူ နေကြတယ်လို့ ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ဂန္ထဝင် ရေးပါလာ ကတော့ ဘရိုက်တန် နဲ့ ဒီရာသီမှာ တောက်ပ နေတဲ့ ဘစ်ဆိုမာ ဟာ ကမ္ဘာ့ အဆင့် ရှိတဲ့ ကစားသမား ဖြစ်လာမှာ ဖြစ်ပြီး အာဆင်နယ် အနေနဲ့ အခြား အသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူဖို့ သင့်ကြောင်း တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး နူနို ဆန်းတိုစ့် က သူဟာ တပတ် အတွင်း ပြင်းထန်တဲ့ ခေါင်းတိုက် လေ့ကျင့်မှု ကို ၁၀ ကြိမ် နဲ့ အထက် မပြုလုပ်ဖို့ အကြံပြုထားမှု ကို မလိုက်နာ ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းဟာ နွေရာသီ တုန်းက ရီးရဲ မက်ဒရစ် တောင်ပံ ကစားသမား မားကိုစ့် အဆန်ဆီရို ကို ပေါင် ၃၄ သန်း နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ရီးရဲ နည်းပြ အန်ဆယ်လော့တီ က ငြင်းဆို ခဲ့တယ်လို့ သိရ ပါတယ် ။

အာဆင်နယ် နဲ့ စပါး အသင်းတို့ ဟာ ဘာစီလိုနာ ကနေ ဇန်နဝါရီ မှာ ရောင်းထုတ်ဖို့ ရှိနေတဲ့ ဖိလစ်ပီ ကော်တင်ဟို ကို ခေါ်ယူဖို့ အပြိုင် စောင့်ကြည့် နေကြတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

လီဗာပူး ဟာလည်း ဝက်စ်ဟမ်း တောင်ပံ ကစားသမား ဘိုဝင် ကို ခေါ်ယူဖို့ ကြိုးစားခဲ့ သေးပေမယ့် မအောင်မြင် ခဲ့ဘူးလို့ သိရှိရ ပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ က သူဟာ ဗီလာရီးရဲ နဲ့ ပွဲမှာ အသင်းရဲ့ လူစာရင်း ကို အနည်းငယ် အပြောင်းအလဲ ပြုလုပ် သွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးလေး ဂျာအို ဖိလစ် ကတော့ အာလာဗက်စ် နဲ့ ကစားမယ့် လူစာရင်း မှာ ပြန်လည် ပါဝင်လာခဲ့ တယ်လို့ ကြားသိရ ပါတယ် ။

ရိုးမား ကွင်းလယ်လူ အန်ဇွန်ဇီ ဟာ ကာတာ ကို ဒီကနေ့ မှာ ထွက်ခွာဖွယ် ရှိပြီး ကာတာ ကလပ် တသင်းသင်း ထံ ပြောင်းရွှေ့ တော့မယ်လို့ အီတလီ ဂျာနယ်လစ် ဒီမာဇီယို က ဖော်ပြ သွားခဲ့ ပါတယ် ။

ဆာအိုပေါ်လို နဲ့ လမ်းခွဲ လာခဲ့တဲ့ ဝါရင့် နောက်ခံလူ ဒါနီ အဲလ်ဗက် ဟာ ၂၀၂၁ နှစ်ကုန် အထိ ဘောလုံး ပြန်ကစားဖို့ စိတ်ကူး မရှိသေးဘူးလို့ သိရ ပါတယ် ။ ဒါကြောင့် အဲလ်ဗက် ဟာ အောက်တိုဘာ အတွင်း ကစားမယ့် ဘရာဇီး ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မှာ ပါဝင်တော့မှာ မဟုတ်ပါဘူး ။

မနေ့ ညက ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်မှာတော့ ဘိုင်ယန်မြုးနစ် ဟာ Furth အသင်းကို အဝေးကွင်း မှာ ၁-၃ နဲ့ အနိုင် ရခဲ့ပြီး မူလာ ၊ ကင်မစ်ချ် နဲ့ ဂရီးစ်ဘတ် တို့က ၁ ဂိုးစီ သွင်းယူ ပေးသွားခဲ့ ကြပါတယ် ။

ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဟာ လာမယ့် အောက်တိုဘာ လ အတွင်းမှာ ကစားမယ့် နိုင်ငံ တကာ ပွဲစဉ်တွေ အတွက် ပရီးမီးယားလိဂ် ကစားသမား ၈ ဦး ကို စာရင်းသွင်း ဆင့်ခေါ် ထားပြန်တယ် လို့ သိရ ပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာ နိုင်ငံတကာ ကာလ တုန်းကလည်း ပရီးမီးယားလိဂ် ကလပ်တွေဟာ ဘရာဇီးက ဆင့်ခေါ်တဲ့ ကစားသမားတွေကို မစေလွှတ် ခဲ့တာကြောင့် ၅ ရက် ပွဲ ကစားခွင့် ပိတ်ပင်ဖို့ ဘရာဇီး ဘောလုံး အဖွဲ့ချုပ်က ဖီဖာကို တောင်းဆို ခဲ့ဖူးပြီး ညှိနှိုင်းမှုတွေ ကြောင့်သာ ပြစ်ဒဏ် မကျခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဘရာဇီးဟာ ယူကေ ရဲ့ ကိုဗစ် အနီရောင်ဆင့် နိုင်ငံတွေ ထဲမှာ ပါဝင်တာကြောင့် ပြန်ရောက်လာသူတွေ ဟာ ၁၀ ရက် ကွာရန်တင်း ဝင်ကြရမှာ ဖြစ်ပြီး ပွဲစဉ် ၂ ပွဲခန့် ပါဝင် နိုင်မှာ မဟုတ်တာကြောင့် ကလပ် အသင်းတွေဟာ တောင်အမေရိက ကစားသမားတွေကို စေလွှတ်ဖို့ ဝန်လေး ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR