အိုဒီဂွါဒ် ရဲ့ ဖရီးကစ်ဂိုး ၊ ရမ်စ်ဒဲလ် ရဲ့ လက်စွမ်းပြမှုကြောင့် ဂန်းနားတို့ နှစ်ပွဲဆက် အနိုင်ရသွားခဲ့တဲ့ (ဘန်လေ ၀-၁ အာဆင်နယ် ) ပွဲမှ ထူးထူးခြားခြား ပြောစရာများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅) မှာ အာဆင်နယ် အသင်းဟာ ဘန်လေ အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင် ရသွားခဲ့ပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အဝေးကွင်း နိုင်ပွဲကို ရရှိ သွားခဲ့ပါတယ် ။

အာဆင်နယ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်း ပွဲချိန် မိနစ် ၃၀ မှာ အိုဒီဂွါဒ် က ဖရီးကစ် ကနေ တစ်ဆင့် လှလှပပ သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ အိုဒီဂွါဒ် အတွက်တော့ ဒီရာသီ ပထမဆုံး အာဆင်နယ် သွင်းဂိုး ဖြစ်ပါတယ် ။

ဘန်လေ ၀-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကတော့

၁ ။အိုဒီဂွါဒ် ရဲ့ အားရဖွယ် ခြေစွမ်း

အာတီတာ ဟာ ဒီနေ့ပွဲမှာ ပရိသတ်တွေ မြင်တွေ့ချင်နေကြတဲ့ စမစ်ရို နဲ့ အိုဒီဂွါဒ် တို့ကို အတူ ပွဲထုတ် ခဲ့ပါတယ် ။ သူတို့ရဲ့ နှစ်ဦး တွဲဖက် ကစားတာကို သုံးသပ်ဖို့ စောသေးပေမယ့် ဒီနေ့ပွဲမှာ ကျေနပ်ဖို့ ကောင်းတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ် ။

အိုဒီဂွါဒ် ဟာ ဘန်လေ နဲ့ ပွဲမှာ ဘယ်ခြေနဲ့ ဖရီးကစ်ကို လှလှပပ သွင်းယူ ပေးခဲ့တဲ့ အပြင် တစ်ပွဲလုံးမှာ ဘောလုံး ပေးပို့မှု အောင်မြင်မှုနှုန်း ၈၇% ၊ key pass ၂ ကြိမ် ၊ ဘောလုံး ရှင်းထုတ်မှု ၁ကြိမ် ၊ဘောလုံး ဖျက်ထုတ်မှု ၂ ကြိမ် ၊ အဝေးဘော ပေးပို့မှု ၃ ကြိမ် ၊ မြေပြင် ဘောလုံးယှဉ်လုတဲ့ ၄ ကြိမ်မှာ ၃ ကြိမ် အသာ ရခဲ့ပါတယ် ။

၂ ။ နောက်တန်းမှာ အကောင်းဆုံး ပုံစံ ပြခဲ့တဲ့ ဂါဘရီယဲလ် နဲ့ တိုမီယာစု

အာဆင်နယ် အသင်း Clean-Sheet ရရာမှာ တိုမီယာစု နဲ့ ဂါဘရီယဲလ် တို့ရဲ့ စွမ်းဆောင်ရည်ကလည်း အဓိက ကျခဲ့ပါတယ် ။ ဘန်ဝှိုက် အမှားများနေချိန်မှာ ဂါဘရီယဲလ် က ပုံစံကောင်း ပြသ နိုင်ခဲ့ပါတယ်။ ဂါဘရီယဲလ် ဟာ ဘန်လေ နဲ့ ပွဲမှာ တခြား အာဆင်နယ် ကစားသမားတွေ အားလုံးထက် ဘောလုံးဖျက်ထုတ်မှု ၊ ရှင်းထုတ်မှု ၊ ပိတ်ဆို့မှု ပိုလုပ် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဂါဘရီယဲလ် ဟာ အမြင့်ဘော အသာရမှု ၁၀ ကြိမ် အထိ ရှိခဲ့ပါတယ် ။

ဂျပန်သားလေး တိုမီယာစု ဟာလည်း ပါဝင် ကစားတဲ့ နှစ်ပွဲစလုံး မာကျော ကျစ်လစ်တဲ့ ကစားဟန်ကို ပြသ နိုင်ခဲ့ပါတယ် ။ တိုမီယာစု ဟာ ဘန်လေ နဲ့ပွဲမှာ အမြင့်ဘော အသာရမှု ၊ ပြိုင်ဘက်နဲ့ တစ်ဦးချင်း ထိပ်တိုက် တွေ့ဆုံမှုမှာ အသာရမှု ရာနှုန်းပြည့် ရှိခဲ့ပါတယ် ။ ဒါ့အပြင် ဘောလုံး ထိချက် ၇၉ ကြိမ် နဲ့ အများဆုံး ဖြစ်ခဲ့ပြီး ဘောလုံး ပြန်လည် ရယူနိုင်မှု ၅ ကြိမ် ၊ ဘောလုံးရှင်းထုတ်မှု ၅ ကြိမ် ၊ ဘောလုံးကြားဖြတ် ရယူမှု ၁ ကြိမ် ၊ ဘောလုံး ဖျက်ထုတ်မှု ၁ ကြိမ် အထိ ရှိခဲ့ပါတယ် ။ တိုမီ ဟာ မက်နေး လှုပ်မရအောင် ၊ အက်ရှ်လေဘန်းစ် နဲ့ ခရစ်ဝုဒ် တို့ ခေါင်းတိုက်မရအောင် ထိန်းချုပ် နိုင်ခဲ့ပါတယ် ။

၃ ။ ရမ်စ်ဒဲလ် က နံပါတ် ၁ နေရာနဲ့ ထိုက်တန်နေပြီလား

ဒီနွေရာသီမှာ ရှက်ဖီး ယူနိုက်တက် ကနေ ရောက်လာတဲ့ ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် ၃ ပွဲ ကစားပြီး ၃ ပွဲစလုံး Clean-Sheet ရယူ ထားနိုင်ပါတယ် ။ ရမ်စ်ဒဲလ် ဟာ ဘန်လေ နဲ့ ပွဲမှာ လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့သလို ဘန်ဝှိုက် ရဲ့ အားပျောတဲ့ ပေးပို့မှုကိုလည်း အကောင်းဆုံး ဖာတေး နိုင်ခဲ့ပါတယ် ။

ရမ်စ်ဒဲလ် ဟာ ခုမှ အသက် ၂၃ နှစ်သာ ရှိနေသေးတာကြောင့် အနာဂတ်မှာ အာဆင်နယ် အသင်းရဲ့အားကိုးရတဲ့ ဂိုးသမား ဖြစ်လာဖို့ ရှိနေပါတယ် ။

၄ ။ အားရစရာမရှိတဲ့ အာဆင်နယ် အသင်းရဲ့ တိုက်စစ် အစုအဖွဲ့

ဘန်လေ နဲ့ ပွဲမှာ အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကစားသမားတွေဟာ အတော်လေး လျော့တိလျော့ရဲ နိုင်ခဲ့ပါတယ် ။ အော်ဘာမီယန်း ၊ ဆာကာ ၊ ပေပေ တို့ သုံးဦးစလုံးဟာ ပုံမှန် ပေးပို့မှုတွေ ၊ first touch တွေ တောင် မှန်အောင် မလုပ်နိုင်ခဲ့ဘဲ အချင်းချင်းကြား နားလည်မှုလည်း အားနည်း ခဲ့ပါတယ် ။

သူတို့သာ ဘောလုံး ပေးပို့မှုတွေ မှန်ရင် ၊ first touch တွေကောင်းရင် အာဆင်နယ် အသင်း ၃ ဂိုးလောက် ရနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ် ။

၅ ။ ပါတေး ပြန်ကစားနိုင်ခြင်းရဲ့ အကျိုးရလဒ်

ပါတေး ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာပြီးနောက် ပထမဆုံး အကြိမ် ဘန်လေ နဲ့ ပွဲမှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခဲ့ပါတယ် ။ ပါတေး ဟာ နောက်တန်း လေးယောက်ကို ကာကွယ် ပေးနိုင်ခဲ့ပြီး ဘန်လေ အသင်းရဲ့ တိုက်စစ်တွေကို ဟန့်တား နိုင်ခဲ့ပါတယါ ။ ဒါပေမယ့် ပါတေး ဟာ သူ့ကို လူစားလဲဖို့ တောင်းဆို ခဲ့တာ တွေ့ရပြီး ဒဏ်ရာ အခြေအနေ မပြင်းထန်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ် ။

ဘန်လေ နဲ့ ပွဲက ပါတေးရဲ့ စွမ်းဆောင်ရည်
• 75 minutes played
• 100% Ground duels won
• 100% successful dribbles
• 84% passing accuracy
• 46 passes completed
• 2 long passes completed
• 1 Key pass made
• 4 clearances
• 2 shots block

SM