ခရစ်စတယ်ပဲလေ့စ်ကို ခက်ခက်ခဲခဲနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ လီဗာပူးစတား တစ်ဦးကို အထူးချီးကျူးလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့ဟာ မနေ့ညက ခရစ်စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် ပထမဦးဆုံး ပွဲဦးထွက်ကို ဝင်ရောက် ကစားသွားခဲ့တဲ့ ဗဟိုနောက်ခံလူ အေဗရာဟီမာ ကိုနာတေးရဲ့ စွမ်းဆောင်ရည် အပေါ် နှစ်သက်လျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက RB လိုက်ပ်ဇစ်ကနေ ပေါင် ၃၆ သန်းနဲ့ ရောက်လာခဲ့တဲ့ ကိုနာတေးဟာ ကလပ်အသင်း အတွက် သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်ကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ရပြီး ပုံမှန်နေရာ အတွက် ဗန်ဒိုက် ၊ မာတစ် နဲ့ ဂိုးမက်ဇ် တို့လို ကစားသမားတွေရဲ့ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။

ကလော့ဟာ မနေ့ညက ခရစ်စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ကြားရက်က အေစီမီလန်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပွဲထွက် လူစာရင်းကို နေရာ ၆ နေရာ အပြောင်းအလဲ လုပ်သွားခဲ့ပါတယ်။ ကိုနာတေးဟာ အဆိုပါ ပွဲမှာ ဘန်တီကီ နဲ့ ဇာဟာ တို့လို ကစားသမားတွေရဲ့ ရင်ဆိုင်ခဲ့ရပြီး လီဗာပူးကို ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲထိ clean sheet ရအောင် ကူညီပေးခဲ့ပါတယ်။

ကလော့က “သူဟာ မယုံနိုင်စရာ အရည်အသွေးတွေ ရှိနေတယ် ဆိုတာ ခင်ဗျားတို့ မြင်ခဲ့ရမှာပါ။ သူ့ရဲ့ အလားအလာဟာ တအားကို ကောင်းနေပါတယ်။ သူဟာ ငယ်ရွယ်တဲ့ ကစားသမားပဲ ရှိသေးကာ ဒီပွဲမှာ တကယ်ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ သူ့အတွက် တကယ့်ကို ကြီးကြယ်တဲ့ ပထမဦးဆုံး အိမ်ကွင်းပွဲစဉ်ပဲ ဖြစ်ပါတယ်။

အစောပိုင်း ပွဲစဉ်တွေမှာတော့ သူဟာ ကစားသမားသစ် တစ်ဦး ဖြစ်နေတာကြောင့် ပွဲတွေကို ကြည့်ခိုင်းခဲ့ကာ ကျွန်တော်တို့ ဘယ်လို လုပ်သလဲ ဆိုတာ နားလည်အောင် သင်ယူစေပါတယ်။ ကိုယ်မြင်ထားတဲ့ အရာတွေကတော့ အတွေ့အကြုံ ရယူဖို့ လိုအပ်ပါတယ်။ သူဟာ ဒါကို ကွင်းထဲမှာ အသုံးချကာ အကောင်းဆုံး လုပ်ခဲ့ပါတယ်။ သူ့မှာ ကြီးမားတဲ့ အလားအလာကောင်း ရှိနေပါတယ်။

သူဟာ ဒီထက် ပိုပြီး ကောင်းလာ အုံးမှာပါ။ ဒီနေ့မှာ သူဟာ ဘန်တီကီ ၊ အက်ဒူရာ နဲ့ ဇာဟာ တို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့အတွက် အသစ်အသစ် ဖြစ်နေတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ တစ်ဆင့်ချင်းဆီ သွားကြတာပေါ့ဗျာ။”

လီဗာပူးတို့ ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ နိုင်ပွဲအပေါ် ကလော့က “ဒါဟာ ကျွန်တော်တို့ ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်တွေထဲက အနိုင်ရဖို့ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတဲ့ ပွဲတွေထဲက တစ်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် အားထုတ်ခဲ့ရပါတယ်။ ခက်ခဲပေမယ့် မျှတတဲ့ စိန်ခေါ်မှုပါ။ သူတို့ရဲ့ ကြံ့ခိုင်မှု စွမ်းရည်ဟာ တအားကောင်းတာကြောင့် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေအောင် လုပ်ခဲ့ရပါတယ်။

နောက်တန်း အစွန်လူတွေကို ကျော်ကာ ပေးပို့တဲ့ ဘောလုံးတွေဟာ ကျွန်တော်တို့ကို ပြသနာတွေ ပေးစွမ်းခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ သူတို့ဟာ ဒါတွေကို ပိုပို သုံးလာခဲ့ကာ ကျွန်တော်တို့ ပြေးလွှားမှုတွေ လုပ်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့ ပွဲစဉ်အပြီး စနေနေ့မှာ ပွဲကစားရတာကြောင့် ရစ်သမ်ရဖို့ တကယ် ခက်ခဲပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ဂိုးတွေ သွင်းယူခဲ့ကာ ဒီအတွက် Set-pieces တွေကို အသုံးပြုခဲ့ရပါတယ်။

ဒီလို ပွဲမျိုးမှာ ဒါဟာ တအားကို အရေးပါပါတယ်။ ဒီလို ပွဲတွေဟာ ကိုယ့်ဘက်က အကောင်းဆုံး မကစားနိုင်တဲ့ အချိန်မှာတောင် အနိုင်ရဖို့ လိုအပ်တဲ့ ပွဲစဉ်တွေပါ။ ကျွန်တော်တို့ ဒီနေ့မှာ ကစားပုံ အရမ်း မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ သင့်တော်တဲ့ ကစားပုံ ရဖို့ အတွက် ညှစ်ကစားခဲ့ရပါတယ်။ ရာသီကုန်တဲ့ အချိန်မှာ ဒီလို ပွဲတွေဟာ တကယ့်ကို အရေးကြီးတယ် ဆိုတာကို တွေ့ရမှာပါ။ ဒီပွဲကလည်း အရေးပါတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲပါပဲ။” လို့ ပြောသွားပါတယ်။

SM