ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်တို့ အဆုံးရှုံးခံရမယ့် ကစားသမား 3 ဦးအမည်ကို ပြောပြလိုက်တဲ့ ဖာဒီနန်

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အထောင် တိုက်စစ်မှူး နေရာအတွက် အီဒင်ဆန် ကာဗာနီ ၊ အန်သိုနီ မာရှယ် ၊ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ မေဆွန် ဂရင်းဝုဒ် တို့လို ကစားသမားကောင်းတွေ လေးဦးအထိ ရှိနေကြပါတယ် ။

ဒါပေမဲ့ ကာဗာနီဟာ အသက်အရွယ် ၊ ဒဏ်ရာ ရရှိနေပြီ ဖြစ်သလို မာရှယ်ရဲ့ခြေစွမ်းတွေက တည်ငြိမ်မှုကင်းမဲ့နေခဲ့ရပါတယ်် ။ ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ ဒီရာသီမှာတော့ ရော်နယ်ဒို ၊ မေဆွန် ဂရင်းဝုဒ် တို့ကိုပဲ အဓိကထားပြီး ဘောလုံး ရာသီကို ရှေ့ဆက်ရဖို့ ရှိနေပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လက်ရှိ စုဖွဲ့မှုအရတော့ မန်ချက််စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်းဟာ သိသိသာသာ အင်အားတောင့်တင်းနေတာ ထင်ရှားလှ ပါတယ် ။ ဒါပေမဲ့ ဒေါ့မွန် ကြယ်ပွင့် အားလင်း ဟာလန်း ဆိုတာကလည်း ဥရောပ ထိပ်သီး ကလပ်တိုင်းကို ဆွဲဆောင်နိုင်တဲ့ ကစားသမားမျိုးပဲ ဖြစ်ပါတယ် ။

သူဟာ ဒီနှစ်နွေမှာ အသင်း မပြောင်းရွှေ့ဖြစ်ခဲ့ပေမယ့် လာမယ့်နွေမှာတော့ အသင်းပြောင်းလိမ့်မယ်လို့ သတင်းတွေ ကျယ်လောင်နေပြီး စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် ၊ လီဂူးဝမ်း ထိပ်သီး PSG ၊ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး တို့လို အသင်းတွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်သွားဖို့ ရှိနေပါတယ် ။

အခြားတဖက်မှာတော့ မာရှယ်လို ခြေစွမ်း တည်ငြိမ်မှု မရှိတဲ့ တိုက်စစ်မှူး ၊ ကာဗာနီ နဲ့ ရော်နယ်ဒို တို့လို အသက်အရွယ်် ရရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း ဟာလန်းကို အရ ခေါ်ယူနိုင်ဖို့ အားထုတ်သွားဖွယ် ရှိနေပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ်က အသင်းဟောင်း အနေနဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကို လာမယ့် အပြောင်းအရွှေ့မှာ အရ ခေါ်ယူသင့်ကြောင်း ၊ သူ့ကို ခေါ်ယူဖို့ အတွက် အသင်းသား သုံးဦးကို လက်လွှတ်ခံလိုက်သင့်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာခဲ့တဲ့အတွက် ယူနိုက်တက်တို့ ဟာလန်းကို မခေါ်ယူဖြစ်လောက်ဘူးလို့ ထင်သလားလို့ အမေးခံလိုက်ရတဲ့ အချိန်မှာတော့ …

” နိုး ၊ နိုး … လာမဲ့ ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မာရှယ်ကို လက်လွှတ်ကောင်း လက်လွှတ်နိုင်ပါတယ် ။ ဒါ့အပြင် သူတို့ မာတာကို အဆုံးရှုံး ခံရဦးမှာ ဖြစ်ပြီး ကာဗာနီ ဟာလည်း ပွဲထွက်ခွင့်တွေ အတွက် အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ ကျွန်တော် ထင်နေမိ ပါတယ် ”

” အဲ့လိုဖြစ်တာနဲ့ ယူနိုက်တက်မှာ နေရာလွတ်တွေ ရှိသွားပါပြီ ။ အကယ်လို့ ဟာလန်းကို လာမဲ့ ရာသီမှာ ခေါ်ယူခွင့် ရနိုင်မယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ရဲ့ အေးဂျင့် နဲ့ စကားပြော ဆွေးနွေးဖို့ ကြိုးစားသွားမှာ အသေအချာ ပါပဲ ”

” ဒါက ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခုပါ ။ ယူနိုက်တက် အနေနဲ့ သူ့ကို အရ ခေါ်ယူသင့်ပါတယ် ။ ခရစ္စတီယာနို ရောက်ရှိလာခြင်းက ဟာလန်းကို ခေါ်ယူရေး ကိစ္စမှာ အဟန့်အတား ဖြစ်စေနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး ”

” ခရစ္စတီယာနိုဟာ ဘေးလ် ၊ ဘန်ဇီးမား တို့နဲ့ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ယောက်ပါ ။ ဒါ့ကြောင့် တိုက်စစ်မှာ ဘယ်လို နေရာတွေ ကစားရမလဲဆိုတာ သူကောင်းကောင််း သိပါတယ် ။ ဟာလန်း ရောက်လာရုံနဲ့ ဆိုးလ်ရှားက သူ့ကို အရံခုံပေါ် ပစ်ထားလိုက်မှာ မဟုတ်ပါဘူး ”

” ဘာလို့ သူ့ကို အရံခုံ ပေါ်မှာ ပစ်ထားလိုက် ရမှာလဲ ? ခင်ဗျားတို့ဆီမှာ တိုက်စစ်မှူး နှစ်ယောက် ထားပြီး ကစားစေလို့ရတဲ့ ကစားကွက်တွေ ရှိနေသေးတယ်လေ ” လို့ ဂယ်ရီ နဗီးလ် က ရော်နယ်ဒို ရောက်လာခြင်းက ဟာလန်း အတွက် အခက်အခဲ ဖြစ်စေမှာ မဟုတ်သလို ဟာလန်း ရောက်လာပါကလည်း ရော်နယ်ဒိုကို အရံခုံ ပို့နိုင်မှာ မဟုတ််ကြောင်း ရှင်းပြသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar