ပွဲထွက်ကစားပြီးနောက် ရော်နယ်ဒို ဘယ်နေရာမှာ ဆက်ပြီး တိုးတက်ချင်နေဦးမလဲ ၊ PL ခံစစ်မှူးတွေရဲ့ အားနည််းချက်က ဘာလဲဆိုတာ ​ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူဟောင်းဖြစ်သူ ရီယိုဖာဒီနန်က အသင်းအတွက် တစ်ဖန်ပြန်လည် ပွဲထွက် ကစားပေးခဲ့တဲ့နောက် ရော်နယ်ဒို ဟာ သူ့ရဲ့ အားသာချက် တစ်ခုကို လိုက်လံ ဖြည့်ဆည်းပေးဖို့ အသင်းဖော်တွေကို မှာကြားခဲ့လိမ့်မယ်လို့ ​ယုံကြည်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

ဒီနွေရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်စွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ပြောင်းလာခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရောက်ရောက််ချင်းမှာပဲ အသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ပထမဆုံး ပွဲစဥ်မှာပဲ 2 ဂိုး သွင်းယူနိုင်ခဲ့ကာ အဖွင့်လှသွားခဲ့ရပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ ခေါင်းတိုက်ကောင်းတဲ့ ရော်နယ်ဒိုဟာ လုံလောက်စွာ ကောင်းမွန်တဲ့ ဖြတ်တင်ဘော တွေကို အသင်းဖော်တွေဆီက မပိုင်ဆိုင်နိုင်ခဲ့ပါဘူး ။ ဒါ့ကြောင့် ဂယ်ရီ နဗီးလ်က ရော်နယ်ဒိုဟာ ဂိုးဧရိယာအတွင်း ဖြတ်တင်ဘော များများရောက်ဖို့ အသင်းဖော်တွေဆီက မျှော်လင့်နေလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

 

” သူ (ရော်နယ်ဒို) အမြင့် ကောင်းကောင်း ခုန်နိုင်ပါတယ် ။ ဒါပေမဲ့ ဘောလုံး လက်ခံရယူနိုင်ဖို့ ဘယ်နေရာမှာ ရှိနေရမလဲဆိုတာကလည်း အရေးကြီးလှပါတယ် ။ ဒီလို ပြောတာက သူ့ကို ဝေဖန်နေခြင်း မဟုတ်ပါဘူး ။ ဒါဟာ သူ့ရဲ့ ပထမဆုံး ပွဲစဥ်ကနေ လေ့လာသင်ယူရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ် ”

” ပြီးတော့ အဲ့ဒီ ပွဲစဥ် ပြီးဆုံးတာနဲ့ သူဟာ အဝတ်လဲခန်းထဲ သွားရောက်ပြီး ‘ နားထောင်ဦး ၊ ဖြတ်တင်ဘောလေးတွေ များများ ပေးကြစမ်းပါ ၊ အကယ်လို့ မင်းတို့ ဖြတ်တင်ဘော ပေးခွင့် ရှိနေရင် ရဲရဲကြီးသာ ဖြတ်တင်ပေးလိုက််ကြ ။ ကျန်တာ လုပ်ဖို့ ငါရှိနေတယ် ၊ ငါ့ဆီ ဘောလုံး ရောက်လာတာကို လိုချင်တယ် ‘ လို့ အသင်းဖော်တွေဆီ မှာကြားခဲ့မှာ သေချာလှပါတယ် ”

” ဒီက ခံစစ်မှူးတွေ ဘယ်လိုလဲဆိုတာ သူသိပါတယ် ။ ကျွန်တော်လည်း အရင်ထဲက ပြောခဲ့ဖူးတာတွေ ရှိတယ်လေ ၊ အင်္ဂလန်က ကစားသမား အများစုဟာ ဖြတ်တင်ဘောတွေကို ဟန့်တားကာကွယ်ရေးမှာ အားနည်းကြပါတယ် ။ သူတို့တွေဟာ ဖြတ်တင်ဘောတွေကို အနုပညာဆန်ဆန် ကာကွယ်နိုင်စွမ်း မရှိကြပါဘူး ”

” ကျွန်တော် ငယ်ရွယ်စဥ်တုန်းက ဖြတ်တင်ဘောတွေကို ကာကွယ်ဖို့ လေ့ကျင့်ရခြင်း ၊ ဂိုးဧရိယာထဲ ကာကွယ်ရခြင််း ဆိုတာ နေ့စဥ် လုပ်ဆောင်နေရတဲ့ တာဝန် တစ်ခု ဖြစ်ခဲ့ရပါတယ် ။ အခု ပွဲစဥ်တွေကို ကြည့်ရှုလိုက်ရင်တော့ အခုခေတ် ကစားသမားတွေဟာ အဲ့တာတွေကို လုံလောက်စွာ မလုပ်ပြနိုင်ကြဘူးလို့ မြင်တွေ့နေရပါတယ် ”

” အခု ဖြတ်တင်ဘောတွေ ရောက်လာရင် ကစားသမားတွေဟာ နေရာယူပုံ ၊ ရှုထောင့်ကျဥ်းအောင် လုပ်ဆောင်ခြင်း တွေမှာ အားနည်းလွန်းကြ ပါတယ် ။ တကယ်တော့ အဲ့တာက ခံစစ်မှူးတွေအတွက် လုပ်ဆောင်ဖို့ မလွယ်ကူလှပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း အမှားတွေအများကြီး ကျူးလွန်ခဲ့ဖူးပါတယ် ”

” ဒါပေမဲ့ ကြိုးစားမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်ရဦးမှာပါပဲ ။ လက်ရှိ အချိန်မှာတော့ ခရစ္စတီယာနိုဟာ ဒီမြေက ခံစစ် ကစားသမားတွေရဲ့ အားနည်းချက်ကို အခွင့်အရေး ရယူနိုင်လိမ့်ဦးမယ်လို့ ကျွန်တော် တွေးမိပါတယ် ” လို့ ဖာဒီနန်က ထောက်ပြ ပြောဆို သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar