ဒီရာသီ ချန်ပီယံလိဂ် ဖလားကို ဘယ်အသင်း ဆွတ်ခူးမလဲဆိုတာ ခန့်မှန်းပေးလိုက်တဲ့ စူပါ ကွန်ပျူတာ

ဒီနေ့ညမှာတော့ ဥရောပရဲ့ လူစိတ်ဝင်စားမှု အများဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး ပြန်လည် စတင်ပါတော့မယ် ။ ဒီနှစ်မှာတော့ ထိပ်သီး ကလပ်တွေ အများစုဟာ အင်အားတောင့်တင်းသထက် တောင့်တင်းလာခဲ့ကြတဲ့အတွက် ဘယ်အသင်းတွေ နောက်တစ်ဆင့် တက်နိုင်မလဲ ၊ ဘယ်အသင်း ဆုဖလား ဆွတ်ခူး နိုင်မလဲ ဆိုတာ ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး ။

ချန်ပီယံလိဂ် အုပ်စု A မှာတော့ ကလပ် ဘရုဂေး ၊ PSG ၊ မန်စီးတီး နဲ့ RB လက်ပ်ဇစ် အသင်းတွေ မန်စီးတီး နဲ့ PSG တို့ နောက်တစ်ဆင့် တက်ဖို့ ရေပန်းစား နေကြပါတယ် ။ အုပ်စု B မှာတော့ အေစီမီလန် ၊ အက်သလက်တီကို ၊ ပေါ်တို နဲ့ လီဗာပူး အသင်းတို့ ရှိနေကြပြီး အက်သလက်တီကို နဲ့ လီဗာပူး တို့ နောက်တစ်ဆင့် တက်နိုင်ဖို့ ရေပန်းစားနေကြပါတယ် ။

အုပ်စု C မှာတော့ အေဂျက် ၊ ဘက်ဆစ်တပ် ၊ ဒေါ့မွန် နဲ့ စပို့တင်း လစ္စဘွန်း အသင်းတွေ ရှိနေကြပြီး အေဂျက် နဲ့ ဒေါ့မွန် တို့ နောက်တစ်ဆင့် တက်ရောက်ဖို့ ရေပန်းစားနေကြပါတယ် ။ ဒါ့အပြင် အုပ်စု D မှာတော့ အင်တာမီလန် ၊ ရီးယဲ မက်ဒရစ် ၊ ရှက်တာ ဒိုးနက် နဲ့ ချဲရစ်ဖ် အသင်းတွေ ရှိနေကြပြီး အင်တာ နဲ့ ရီးယဲ တို့ နောက်တစ်ဆင့် တက်ဖို့ သတင်းကြီး နေကြပါတယ် ။

အုပ်စု E မှာတော့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ နဲ့ ဒိုင်နမို ကိဗ် အသင်းတွေ ရှိနေကြပြီး ဘာစီလိုနာ နဲ့ ဘိုင်ယန် တို့ နောက်တစ်ဆင့် တက်ဖို့ ရေပန်စား နေကြပါတယ် ။ အုပ်စု F မှာတော့ အတ္တလန္တာ ၊ မန်ယူနိုက်တက် ၊ ဗီလာ ရီးယဲ နဲ့ ယန်းဘွိုင်း အသင်းတွေ ရှိနေကြပြီး ယူနိုက်တက် နဲ့ ဗီလာ ရီးယဲ တို့ နောက်တစ်ဆင့် တက်ရောက်ဖို့ ရေပန်းစား နေကြပါတယ် ။

အုပ်စု G မှာတော့ လိုင်လီ ၊ ဆဲလ်ဘတ် ၊ ဆီဗီလာ နဲ့ ဝုလ်ဘတ် အသင်းတွေ ရှိနေကြပြီး လိုင်လီ နဲ့ ဆီဗီလာ တို့သာ နောက်တစ်ဆင့် တက်နိုင်ဖို့ အလေးပေးခံနေရ ပါတယ် ။ အုပ်စ် H မှာတော့ ချဲလ်ဆီး ၊ ဂျူဗင်တပ် ၊ မယ်လ်မိုနဲ့ ဇင်းနစ် အသင်းတွေ ရှိနေကြပြီး ချဲလ်ဆီး နဲ့ ဂျူဗင်တပ် တို့ပဲ နောက်တစ်ဆင့် တက်နိုင်ဖို့ ရေပန်းစား နေကြပါတယ် ။

အုပ်စု အဆင့်မှာ ဘယ်အသင်းတွေဟာ နောက်တစ်ဆင့် တက်နိုင်မလဲဆိုတာ ခန့်မှန်းဖို့ လွယ်ကူနေတယ်လို့ ထင်ရပါတယ် ။ အဲ့ဒီထဲမှာ အများဆုံး လွဲနိုင်ခြေ သုံးသင်းထက် မပိုလောက်ပါဘူး ။ ဒါပေမဲ့ ရှုံးထွက် အဆင့်ကို ရောက်ခဲ့ရင်တော့ ဘယ်အသင်းတွေ နောက်တစ်ဆင့်တက်နိုင်မလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲသွားပါလိမ့်မယ် ။

ဘာဖြစ်လို့လဲဆိုတော့ 16 သင်း အဆင့် ၊ ကွာတား ဖိုင်နယ် ၊ ဆီမီး ဖိုင်နယ် နဲ့ ဖိုင်နယ် အဆင့် တွေမှာ တွေ့ကြမယ့် အသင်းတွေ အကြား ခြားနားချက် အများကြီး ရှိနေမှာ မဟုတ်လို့ ပါပဲ ။ အခုတော့ စူပါ ကွန်ပျူတာ က ဒီနှစ် ဘယ်အသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မလဲဆိုတာကို တွက်ချက် ပေးလိုက်ပါပြီ ။

စူပါ ကွန်ပျူတာ မှ တွက်ချက် ဖော်ပြပေးလိုက်တဲ့ ဒီနှစ် ဘယ်အသင်းတွေ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးဖို့ အလေး အသာဆုံး ဖြစ်မလဲဆိုတာကို % အလိုက် ဖော်ပြပေးလိုက် ပါတယ် ။ ဒီနေရာမှာတော့ မန်စီးတီး အသင်းဟာ ဒီနှစ် ဆု ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့ ပါတယ် ။ ဒါပေမဲ့ ဘောလုံး လောကရဲ့ စူပါ ဟီးရိုးတွေ ဖြစ်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ ပြောင်းရွှေ့ခဲ့တဲ့ PSG နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေဟာ အံ့ဖွယ် % နည်းပါး နေခဲ့ကြတာကို တွေ့ခဲ့ရ ပါတယ် ။

(1) မန်စီးတီး ( 16 % )
(2) ဘိုင်ယန် မြူးနစ် ( 11 % )
(3) ချဲလ်ဆီး ( 10 % )
(4) လီဗာပူး ( 9 % )
(5) ဘာစီလိုနာ ( 8 % )
(6) ရီးယဲ မက်ဒရစ် ( 6% )
(7) မန်ချက်စတာ ယူနိုက်တက် ( 5 % )
(8) အေဂျက်ဇ် ( 5 % )
(9) RB လက်ပ်ဇစ် ( 4 % )
(10) PSG ( 4 % )
(11) ဒေါ့မွန် ( 4 % )
(12) အက်သလက်တီကို ( 4 % )
(13) အင်တာ မီလန် ( 4 % )
(14) ဂျူဗင်တပ် ( 2 % )
(15) ဆီဗီလာ ( 2 % )
(16) အတ်တလန်တာ ( 1 % )
(17) ဆဲလ်ဘတ် ( 1 % )

အဆိုပါ အသင်း 17 သင်းက 1 % နဲ့ အထက် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခြေ ရှိနေခဲ့ကြပြီး ဝုဖ်ဘတ် ၊ ဘင်ဖီကာ ၊ ပေါ်တို ၊ ဗီလာ ရီးယဲ ၊ အေစီ မီလန် ၊ စပို့တင်း လစ္စဘွန်း ၊ ဇင်းနစ် ၊ လိုင်လီ ၊ ရှက်တာ ဒိုးနက်စ် ၊ ယန်းဘွိုင်း ၊ ကလပ် ဘရုဂေး ၊ ဘက်ဆစ်တပ် ၊ ဒိုင်နမို ကိဗ် ၊ မယ်လ်မို နဲ့ ချဲရစ်ဖ် အသင်းတွေရဲ့ ဖလား ဆွတ်ခူး နိုင်ခြေဟာ 1 % အောက်မှာပဲ ရှိနေခဲ့ရ ပါတယ် ။

#Sports_Myanmar