နံနက်ခင်း အားကစား သတင်းများ

ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ အကယ်ဒမီ ကစားသမားတွေ ဖြစ်တဲ့ ပီဒရီ ၊ အန်ဆု ဖာတီ နဲ့ ပြင်သစ် တောင်ပံ ကစား သမားလေး ဒမ်ဘီလီ တို့ကို စာချုပ် သက်တမ်းတိုး ချုပ်ဆို ဖို့ အစီအစဉ် ရေးဆွဲ နေပြီလို့ သတင်း ကြားသိရ ပါတယ် ။ ဒါ့အပြင် ဘာစီလိုနာ ဟာ လိုက်ပ်ဇစ် ရဲ့ စပိန် တောင်ပံ ကစားသမား အိုလမို ကို ဇန်နဝါရီ မှာ အရ ခေါ်ယူ နိုင်ဖို့ အတွက်လည်း အဓိက လုပ်ဆောင် သွားမယ်လို့ သိရ ပါတယ် ။

ရီးရဲ ဘက်တစ် အသင်း ကတော့ ရီးရဲ မက်ဒရစ် ကွင်းလယ်လူ ဒါနီ ဆီဘယ်ယော့ ကို အပြောင်း အရွှေ့ နောက်ဆုံး အချိန် မှာ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူးလို့ သိရပါတယ် ။ ဒါကြောင့် ဘက်တစ် ဟာ ဇန်နဝါရီ မှာ ဆီဘယ်ယော့ အတွက် ထပ်မံ ကြိုးစား သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

စီးရီးအေ ရဲ့ မျက်နှာသစ် တန်းတက် ဆလာနီတာနာ အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ ကတော့ သူတို့ ဟာ ပြင်သစ် တောင်ပံ ကစားသမားကြီး ဖရန့် ရီဘာရီ ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ဖို့ သဘောတူညီမှု ရရှိ ထားပြီး ဖြစ်တယ်လို့ ဖွင့်ဟ အတည်ပြု သွားခဲ့ ပါတယ် ။

အင်တာ မီလန် အသင်း ဟာ အိုင်ယက်စ် နဲ့ စာချုပ် သက်တမ်းတိုးဖို့ ငြင်းဆန် ထားတဲ့ ဂိုးသမား အိုနာနာ ကို ဇန်နဝါရီမှာ ခေါ်ယူ ဖို့ ကြိုးစား နေတယ်လို့ သိရ ပါတယ် ။ အိုနာနာ ဟာ ဆေးစစ်မှု ကျရှုံး ထားတာကြောင့် နိုဝင်ဘာအထိ ကစားခွင့် ပိတ်ခံ ထားရသူ ဖြစ်ပါတယ် ။

အေစီမီလန် အသင်းရဲ့ ပရိသတ်တွေ ဟာ နှစ် အတန်ကြာမှ တကျော့ပြန်လည် အားပေး ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေ အတွက် မီလန် အသင်းက သတ်မှတ် ထားတဲ့ လက်မှတ် ခတွေ အပေါ် စိတ်ပျက် နေကြတယ်လို့ သိရ ပါတယ် ။

အေစီ ဟာ အက်သလက်တီကို မက်ဒရစ် ၊ ပေါ်တို ၊ လီဗာပူး တို့နဲ့ ကစားမယ့် အိမ်ကွင်း ပွဲစဉ်တွေ အတွက် ၁၁၉ ယူရို အထိ ဈေးသတ်မှတ် ထားပြီး ရီးရဲ မက်ဒရစ် နဲ့ တအုပ်စုတည်း ကျရောက်တဲ့ မြို့ခံ ပြိုင်ဘက် အင်တာမီလန် ရဲ့ လက်မှတ်ခ တွေကတော့ ၄၈ ယူရိုသာ ကျသင့် နေတယ်လို့ သိရ ပါတယ် ။

ရိုးမား နဲ့ စာချုပ် ကုန်ဆုံး သွားတဲ့ အာဂျင်တီးနား ကွင်းလယ်လူဟောင်း ပက်စတိုရီ ဟာ အယ်လ်ချီ အသင်းထံ ၁ ရာသီ စာချုပ် နဲ့ ပြောင်းရွှေ့ လာခဲ့ပြီလို့ သိရ ပါတယ် ။

နာမည်ကျော် ဘောလုံး သမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်း ရဲ့ သား ဖြစ်သူ ရိုမီရို ဘက်ခမ်း ဟာ ဖခင်ကြီး ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်း နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆို လိုက်ပြီ လို့ သိရ ပါတယ် ။ ရိုမီရို ဘက်ခမ်း ဟာ အင်တာမိုင်ယာမီ ရဲ့ အရန် အသင်းမှာ ပါဝင် ကစား သွားမယ်လို့လည်း သိရှိရ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ Soccer Aid ရန်ပုံငွေ ခြေစမ်းပွဲ မှာတော့ ကမ္ဘာကျော် ဘောလုံးသမားဟောင်းတွေ နဲ့ ထင်ပေါ် ကျော်ကြားသူတွေ ပါဝင် ကစားခဲ့ကြပြီး ကမ္ဘာ့ညွန့်ပေါင်း အသင်းက အင်္ဂလန် အသင်း ကို ၃ – ၀ နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

ပေါ်တူဂီ အသင်းကတော့ ၂၀၂၂ ကမ္ဘာ့ ဖလား အိမ်ရှင် ကာတာ အသင်းနဲ့ ခြေစမ်း ခဲ့ပြီး ၃ – ၁ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ပေါ်တူဂီ အတွက် ဂိုးတွေကိုတော့ အန်ဒရီ ဆေးလ်ဗား ၊ အိုတာဗီယို နဲ့ ဘရူနို ဖာနန်ဒက်စ် တို့က သွင်းယူ ပေးခဲ့ ကြတာပါ ။

ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေ မှာတော့ ပြင်သစ် က ယူကရိန်း အသင်းနဲ့ ၁ ဂိုးစီ သရေ ကျခဲ့ပြီး နယ်သာလန် ကတော့ မွန်တီ နီဂရိုး ကို ဒီပိုင်း ရဲ့ ၂ ဂိုး အပါအဝင် ၄-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

လီဗာပူး တောင်ပံ ကစားသမား မိုဟာမက် ဆာလာ ကတော့ စာချုပ်သစ် မှာ တပတ် ကို ပေါင် ၅ သိန်း အထိ ရရှိ လိုကြောင်း လီဗာပူး အသင်းကို တောင်းဆို ထားတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

SPORTS MYANMAR