စိတ်ပျက်စရာ ဘောလုံးရာသီနဲ့ ကြုံတွေ့ရပြီးနောက် အာဆင်နယ် အသင်း ကစားသမား ခေါ်ယူမှု ဘယ်လောက် လုပ်ရမလဲ ဆိုတာ ပြောပြလိုက်တဲ့ ဒေးဗစ်ဆီးမန်း

 

ဂန်းနား ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်း ဟာ ကုန်ဆုံးသွားပြီ ဖြစ်တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီတွင် စိတ်ပျက်စရာ အဆင့် ရပ်တည်မှု နဲ့ ကြုံတွေ့ ခဲ့ရတဲ့ အာဆင်နယ် အသင်း အနေနဲ့ ဒီနွေရာသီမှာ ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ အဆင့် ၈ နဲ့သာ ရာသီပိတ်သိမ်းနိုင်ခဲ့ပြီး ဖလား လက်မဲ့ ဖြစ်ခဲ့ရပါတယ် ။ လာမယ့်ဘောလုံးရာသီဟာ အာဆင်နယ် အတွက် နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံးအကြိမ် ဥရောပ ပြိုင်ပွဲ တစ်ခုမှ ကစားခွင့် မရတဲ့ နှစ်တစ်နှစ် ဖြစ်လာမှာပါ ။

ဒေးဗစ်ဆီမန်း က အာဆင်နယ် အသင်း အနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ နောက်ခံလူ တစ်ဦး ၊ ကွင်းလယ်လူ တစ်ဦး နဲ့ စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်တဲ့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း အကြံ ပေးသွားခဲ့ပါတယ် ။

” ပြီးခဲ့တဲ့ ရာသီ က အာဆင်နယ် အသင်းရဲ့ အဆင့် ရပ်တည်မှု က အဆင့် ၈ မှာပဲ ရပ်တည် နိုင်ခဲ့ပါတယ် ၊ တကယ့်ကို စိတ်ပျက်စရာပါပဲ ။ အာဆင်နယ် အသင်း အနေနဲ့ တစ်စုံတစ်ခု ပြောင်းလဲဖို့ လိုအပ် နေပါပြီ ။ ”

” အာတီတာ အတွက် ကျနော် အနည်းငယ် စိတ်မကောင်း ဖြစ်မိပါတယ် ၊ အကြောင်းက သူက ခုထိ သူ့ကိုယ်ပိုင်အသင်းကို မပိုင်ဆိုင်ရသေးပါဘူး ၊ အရင် မန်နေဂျာတွေ ထားခဲ့တဲ့ လူစာရင်းကို ဆက်လက် ကိုင်တွယ် ခဲ့ရတာပါ ၊ ဒါပေမယ့် အသင်းကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးနိုင်မယ့်သူတွေနဲ့ အသင်းကို ဝန်းရံ တည်ဆောက်ပြီး ကိုင်တွယ်ခွင့်ရဖို့ လိုအပ်ပါတယ် ။ ”

” ကျွန်တော်တို့ အာတီတာ ရဲ့ အသင်း အက်ဖ်အေ ဖလား နဲ့ ကွန်မြူနတီဒိုင်း ရတာကို တွေ့မြင် လိုက်ရပါတယ် ။ ကျွန်တော် ကတေ့ာ ဒီဖလားတွေရတာကို အပိုဆု ရတယ်လို့ပဲ သဘောထားပါတယ် ၊ အဲ့ဒီနှစ်တုန်းက အသင်းက သိပ်မကောင်းခဲ့ပါဘူး ၊ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတာက ပြဿနာပါပဲ ။ ”

“ကျွန်တော်တို့ လီဗာပူး ၊ ချဲလ်ဆီးတို့ကို ရုတ်တရက် အနိုင်ပေမယ့် အောက်အသင်းတွေကို ရှုံးပါတယ် ၊ ဒါက သူ့ရဲ့ အကြီးမားဆုံး ပြဿနာပါပဲ ။ ကျွန်တော်တို့ ကစားသမားသစ်တွေ လိုအပ်လား ၊ ဒါပေါ့ဗျာ ၊ လိုတာပေ့ါ ၊ အသင်းရဲ့ကျောရိုး က တောင့်တင်းတယ်လို့ မခံစားရသေးပါဘူး ။ ”

” သူတို့ နောက်ခံလူ တစ်ဦး ၊ ကွင်းလယ်လူ တစ်ဦး နဲ့ တည်ငြိမ်မှု ရှိတဲ့ တိုက်စစ်မှူး တစ်ဦး လိုအပ်ပါတယ် ။ အူဘာမီယန်း က အရည်အသွေးမြင့် ကစားသမား တစ်ဦးပါ ၊ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ခြေစွမ်းပိုင်းက တည်ငြိမ်မှု လုံလုံလောက်လောက် မရှိခဲ့ပါဘူး ၊ ဒါပေမယ့် သူ့မှာ အရည်အသွေးကောင်း ရှိပြီးသား ဖြစ်တာကြောင့် သိပ်ပြောင်းလဲစရာ မလိုပါဘူး ။ ”

” ကွင်းလယ်က သောမက်စ် ပါတေး ကစားတာလည်း ကောင်းပါတယ် ၊ ကျနော်ကတော့ သူ့ဆီက မြင်ရတဲ့ အရာတွေအပေါ် သဘောကျပါတယ် ၊ ဒါပေမယ့် လာမယ့် ရာသီမှာ သူ့ဆီက ပိုတည်ငြိမ်တဲ့ ခြေစွမ်း မြင်တွေခွင့် ရဖို့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM