လာလီဂါ ကို သိက္ခာဆယ်ပေးတဲ့ ရီးရဲ ၊ ဂိုးသွင်းဘုရင်ဇယားထိပ် ပြန်ရောက်လာတဲ့ မက်ဆီ . . . နောက်ဆုံး ၂၄ နာရီအတွင်း ကြားသိရသမျှ သတင်းတိုများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ချန်ပီယံ လိဂ် ၁၆ သင်းဆင့် ရှုံးထွက် ပွဲစဉ် တွေမှာတော့ ရီးရဲ မက်ဒရစ် ဟာ အဝေးကွင်း မှာ အတ္တလန်တာ အသင်း ကို ၁ – ၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ ဒါဟာ ရှုံးထွက် ပထမ အကျော့ မှာ အနိုင် ရခဲ့တဲ့ တစ်သင်း တည်းသော လာလီဂါ ကလပ် လည်း ဖြစ်လာ စေခဲ့ ပါတယ် ။

 နောက်ထပ် ပွဲစဉ် မှာတော့ မန်ချက်စတာ စီးတီး အသင်း ဟာ မိုချန်ဂလာဘတ် အသင်းကို အိမ်ကွင်းမှာ ၂ – ၀ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ စီးတီး အတွက် ဘာနာဒို နဲ့ ဂျေဆူး တို့က ၁ ဂိုးစီ သွင်းပေး ခဲ့ကြပြီး ၁၉ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိ ခဲ့တာပဲ ဖြစ် ပါတယ် ။

 စပါး နဲ့ ဝုဗ်ဘတ် တို့ရဲ့ ယူရိုပါလိဂ် ၃၂ သင်းဆင့် ဒုတိယ အကျော့ကို ယမန်နေ့ ညက စောပြီး ကစား သွားခဲ့ ကြပါတယ် ။ ပထမ အကျော့ က အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင် ရခဲ့တဲ့ စပါးဟာ အိမ်ကွင်း မှာလည်း ၄ – ၀ နဲ့ ထပ်မံ အနိုင် ရခဲ့ပြီး နှစ်ကျော့ပေါင်း ၈-၁ ရလဒ် နဲ့ ၁၆ သင်းအဆင့် ကို တက်လှမ်း သွားခဲ့ ပါတယ် ။

 စပါး နည်းပြ မော်ရင်ဟို ကတော့ အဆိုပါ ပွဲမှာ နောက်ပြန် ကန်ချက် နဲ့ ဂိုးသွင်း ခဲ့တဲ့ စပါး ကွင်းလယ်လူ အလီ ကို ချီးကျုး ခဲ့ပေမယ့် ပွဲထွက်ခွင့် အတွက် တော့ အာမခံချက် မပေး နိုင်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 မော်ရင်ဟို ဟာ အဆိုပါ ပွဲမှာ အသက် ၁၆ နှစ် အရွယ် လူငယ် ကစား သမားလေး ဒီယန်း စကားလတ် ကို ပွဲထုတ် သွားခဲ့ပြီး လူငယ်လေး ဟာ မားကပ် ရက်ဖိုဒ့် လို အလားအလာ ရှိသူ ဖြစ်တယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

 ဘာစီလိုနာ အသင်းဟာ လာလီဂါ ပွဲကျန် အဖြစ် အယ်ချီ အသင်း နဲ့ ကစား ခဲ့ရာမှာ ၃ – ၀ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ ဘာစီလိုနာ အတွက် တိုက်စစ်မှူး မက်ဆီ က ၂ ဂိုး သွင်းယူ ပေးခဲ့ပြီး ဂိုးသွင်း ဘုရင် ဇယား ရဲ့ နံပါတ် ၁ နေရာကို ပြန်လည် ရယူ သွားနိုင် ခဲ့ ပါတယ် ။

 နာမည်ကျော် အားကစား အမှတ်တံဆိပ် တွေ ဖြစ်ကြတဲ့ Puma ဟာ Nike နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် ရက်ဖိုဒ့် ကို သန်းချီ တဲ့ စပွန်ဆာ စာချုပ် ကမ်းလှမ်း နိုင်ဖို့ ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

 အဲဗာတန် အသင်းဟာ နောဝှစ် စီးတီး နောက်ခံလူ မက်စ် အာရွန် ကို စိတ်၀င်စား နေတယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် ဘိုင်ယန်မြုးနစ် ၊ ဘာစီလိုနာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကလည်း ပေါင် သန်း ၃၀ တန် နောက်ခံလူ အပေါ် စိတ်၀င်စားမှုတွေ ရှိနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR