ခြင်္သေ့သူရဲကောင်းကြီး ဂျီရူး ၊ ကားမတော်တဆဖြစ်တဲ့ တိုက်ဂါးဝုဒ် နဲ့ . . . နောက်ဆုံး ၂၄ နာရီ အတွင်း ကြားသိရသမျှ အားကစား သတင်းတိုများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ချန်ပီယံ လိဂ် ၁၆ သင်းဆင့် ရှုံးထွက် ပွဲစဉ်တွေ မှာတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ဟာ စပိန် လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ် ကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင် ကစားပြီး ၁ – ၀ နဲ့ အနိုင် ရရှိ ခဲ့ပါတယ် ။ ချဲလ်ဆီး အတွက် တစ်လုံး တည်းသော ဂိုးကိုတော့ တိုက်စစ်မှူးကြီး အိုလီဗာ ဂျီရူး က ၆၈ မိနစ် မှာ လှပတဲ့ နောက်ပြန် ကန်ချက် နဲ့ သွင်းယူ ပေးသွားခဲ့ တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲကို ရုပ်သံ ကနေ သုံးသပ် တင်ဆက် ခဲ့ကြတဲ့ ဂျိုကိုးလ် နဲ့ ရီယို ဖာဒီနန် တို့ ကတော့ ချဲလ်ဆီး တိုက်စစ်မှူး တီမို ဗာနာ ကို အားမရကြောင်း ပြောဆို ခဲ့ကြပြီး အင်္ဂလန် ကွင်းလယ်လူ မေဆင် မောင့် ရဲ့ တိုးတက် လာမှု တွေကို တော့ ချီးကျုး ပြောဆို ခဲ့ကြပါတယ် ။

ဒီယေဂို ဆီးမြွန်းနီ ကတော့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ နည်းစနစ် ဟာ သူ့ရဲ့ ညွှန်ကြားမှု အတိုင်း ကစား ခဲ့တာ ဖြစ်ကြောင်း ပြောဆိုရင်း အသင်းဘက်ကနေ ကာကွယ်သွား ခဲ့ ပါတယ် ။

လက်ရှိ ချန်ပီယံ ဘိုင်ယန် မြုးနစ် ကလည်း အဝေးကွင်း မှာ စီးရီးအေ ကလပ် လာဇီယို အသင်း ကို ၄ – ၁ ရလဒ် နဲ့ အပြတ် အသတ် အနိုင် ရခဲ့ ပါတယ် ။ ဘိုင်ယန် အတွက် လီ၀န်ဒေါ့စကီး ၊ မူဆီယာလာ ၊ ဆာနေး တို့က ၁ ဂိုးစီ သွင်းပေး ခဲ့ကြသလို လာဇီယို ကစား သမား အက်ကရီဘီ က O.G တစ်ဂိုး သွင်းပေး ခဲ့ပါတယ် ။

 အဆိုပါ ပွဲမှာ ဘိုင်ယန် အသင်းကြီး နဲ့ စတင် ကစားခွင့် ရရှိ ခဲ့သလို ဂိုးပါ သွင်းယူ နိုင်ခဲ့တဲ့ 17 နှစ်သားလေး မူဆီယာလာ က သူ ဟာ ဂျာမဏီ အသင်း အတွက် ကစားပေးဖို့ ( အင်္ဂလန် – ဂျာမဏီ ရွေးခွင့် ရှိသူ ) ဆုံးဖြတ် လိုက်ကြောင်းလည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်

 တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ဝါရင့် ဂိုးသမားကြီး လိုရစ် နဲ့ နွေရာသီ မှာ လမ်းခွဲဖို့ စဉ်းစား နေပြီး သူ့ရဲ့ နေရာကို ဘန်လေ ဂိုးသမား နစ်ပုပ် နဲ့ အစားထိုးဖို့ စိတ်ကူး နေတယ် လို့ ကြားသိရ ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လိဒ် ယူနိုက်တက် ဟာ ဆောက်သမ်တန် အသင်း ကို ၃ – ၀ နဲ့ အနိုင် ကစား သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ဂိုးသွင်း ခဲ့တဲ့ ဘရာဇီးသား ရာဖင်ဟာ ဟာ ဂိုးသွင်း အပြီးမှာ လွန် ခဲ့တဲ့ ရက်ပိုင်းက ကွယ်လွန် သွားခဲ့တဲ့ ရော်နယ်ဒင်ဟို ရဲ့ မိခင် ဖြစ်သူအတွက် ရည်ညွှန်းကာ အောင်ပွဲ ခံသွားခဲ့ ပါတယ် ။

နာမည်ကျော် စူပါ အေးဂျင့် ရွိုင်းအိုလာ ကတော့ ဒေါ့မွန် တိုက်စစ်မှူးလေး ဟာလန်း ကို ၀ယ်ယူ နိုင်တဲ့ အသင်း ဟာ ၁၀ သင်းခန့်သာ ရှိပြီး အင်္ဂလန် မှာ ၄ သင်းသာ ရှိတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ ကတော့ Pepsi အချိုရည် ရဲ့ ချန်ပီယံလိဂ် အတွက် ကြော်ညာသစ် “Fizz to Life” မှာ မက်ဆီ ၊ ဆန်ချို တို့နဲ့ အတူ ပါ၀င် သရုပ်ဆောင် ခဲ့မှု အတွက် ပရိသတ်တွေ ရဲ့ လှောင်ပြောင်မှု ကို ခံခဲ့ ရတယ်လို့ သိရ ပါတယ် ။

စတီဗင် ဂျရတ် ရဲ့ ရိန်းဂျားစ် အသင်း နဲ့ ၁၈ မှတ် ထိ ဝေးကွာ နေမှု ကြောင့် ဆဲလ်တစ် အသင်း နည်းပြ နီးလ် လန်နွန် ဟာ ရာထူးကနေ နှုတ်ထွက် သွားခဲ့ပြီ လို့ သတင်း ရရှိ ပါတယ် ။

ဆုဖလား ပေါင်းများစွာ ရရှိ ခဲ့ဖူးတဲ့ ကမ္ဘာကျော် ဂေါ့ဖ် စတား တိုက်ဂါးဝုဒ် ဟာ ယမန်နေ့က ကြောက်မက်ဖွယ် ကောင်းတဲ့ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ ပါတယ် ။

တိုက်ဂါး ဝုဒ် ဟာ လက်ရှိ မှာ ဆေးရုံ မှာ သတိ ပြန်ရလာ ခဲ့ပြီလို့ ကြားသိရပြီး ခြေထောက်က ဒဏ်ရာတွေ ကို ခွဲစိတ် ကုသမှု ခံယူရမယ် လို့ သိရ ပါတယ် ။ အသက် အန္တရာယ် တော့ စိုးရိမ်ရခြင်း မရှိ ခဲ့ပါဘူး ။

SPORTS  MYANMAR