ဖလား နဲ့ ဝေးသထက်ဝေးလာတဲ့ လီဗာပူး ၊ အဆင့် ၁ နားကို ရောက်လာတဲ့ ရီးရဲ တို့နဲ့ . . . နောက်ဆုံး ၂၄ နာရီ အတွင်း ကြားသိရသမျှ အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်တွေ မှာတော့ လီဗာပူး ဟာ အိမ်ကွင်း မှာ မြို့ခံ ပြိုင်ဘက် အဲဗာတန် အသင်း ကို ၂ – ၀ ရလဒ် နဲ့ အရေးနိမ့် သွားခဲ့ ပါတယ် ။ အဲဗာတန် အတွက် တိုက်စစ်မှူး ရစ်ချလီဆင် က ၃ မိနစ် မှာတင် အဖွင့်ဂိုး စသွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ၈၃ မိနစ် မှာတော့ ဆီဂတ်ဆန် က ပင်နယ်တီ ကနေ ဒုတိယ မြောက်ဂိုး ကို သွင်းယူ ပေးသွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒီရှုံးပွဲ ဟာ လီဗာပူး အတွက် ပရီးမီးယားလိဂ် အိမ်ကွင်း ၄ ပွဲ ဆက်တိုက် ရှုံးနိမ့် ခဲ့ရတာ ဖြစ်ပြီး နောက်ဆုံး ကစား ခဲ့တဲ့ အိမ်ကွင်း ၆ ပွဲ မှာလည်း ဂိုးလုံး၀ မသွင်းယူ နိုင်ခဲ့ ပါဘူး ။ အဲဗာတန် အတွက်တော့ ဒါဟာ ၂၂ နှစ် အတွင်း အန်ဖီးလ် မှာ ပထမဆုံး အနိုင် ရမှု ဖြစ်လာစေခဲ့ပါတယ် ။

ယနေ့ည ကစားမယ့် ပွဲတွေ မတိုင်ခင် မှာ လီဗာပူး ဟာ ရမှတ် ၄၀ နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး မန်စီးတီးသာ အနိုင် ရရှိ သွားခဲ့ ပါက အဆင့် ၁ နေရာ နဲ့ အမှတ် ၂၀ အထိ ကွာဟ သွားတော့ မှာပဲ ဖြစ်ပါတယ်

ချဲလ်ဆီး အသင်း ကလည်း သောမတ်စ် တူချယ် လက်အောက် မှာ ရှုံးပွဲ မရှိ သေး ပေမယ့် ယမန်နေ့ ညက ဆောက်သမ်တန် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့တာကြောင့် အဆင့် ၄ နေရာမှာသာ ဆက်လက် ရှိနေ ခဲ့ကာ ယနေ့ည ကစားမယ့် ဝက်စ်ဟမ်း အသင်း နိုင်ပွဲ ရရှိ ခဲ့ပါက အဆင့် ၅ ကို ဆင်းပေး ရမှာ ဖြစ်ပါတယ် ။

ဘန်လေ နဲ့ ဝက်စ်ဘရွန်း တို့ ဂိုးမရှိ သရေ ကျခဲ့ ကြပြီး ဖူလ်ဟမ် က အိမ်ကွင်းမှာ ရှက်ဖီး ယူနိုက်တက် ကို ၁ – ၀ နဲ့ အနိုင် ကစား သွားခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ အဆင့် ၁ က ဦးဆောင်သူ အက်သလက်တီကို မက်ဒရစ် ဟာ အိမ်ကွင်းမှာ လီဗန်တေး အသင်း ကို ၂ – ၀ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ကတော့ ဒီ အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ အဝေးကွင်းမှာ ဗယ်လာဒိုးလစ် ကို ၁ – ၀ နဲ့ အနိုင် ကစား ခဲ့ ပါတယ် ။ လက်ရှိ မှာ ရီးရဲ က အေတီကို နဲ့ ၃ မှတ် အကွာကို ရောက်လာနိုင်ခဲ့ ပေမယ့် အေတီကို မက်ဒရစ် မှာ ပွဲကျန် ၁ ပွဲ ကျန်ရှိ လို့ နေပါသေးတယ် ။

ဘွန်ဒစ်လီဂါ မှာလည်း ဦးဆောင်သူ ဘိုင်ယန်မြုးနစ်ဟာ အဝေးကွင်းမှာ ဖရန့်ဖွတ် အသင်း ကို ၂ – ၁ နဲ့ ရှုံးနိမ့် ခဲ့ ပါတယ် ။

ဘိုင်ယန် နည်းပြ ဟန်ဆီ ဖလစ် ကတော့ သူတို့ ကစား သမားတွေ ဟာလည်း လူသားတွေ သာ ဖြစ်ကြောင်း ဒီပွဲက ပြသ သွားခဲ့တာ ဖြစ်တယ်လို့ ရှုံးပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဘိုင်ယန် ဟာ အဆင့် ၁ နေရာကနေ လိုက်ပ်ဇစ် ( တစ်ပွဲ ကျန် ) ကို ၅ မှတ် ဖြတ်ကာ ဦးဆောင် ထားပါတယ် ။

ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီ အသင်း ဟာ စတုတ် စီးတီး နောက်ခံလူဟောင်း ရိုင်ယန် ရှော့ခရော့စ် ကို ခေါ်ယူ လိုက်ပြီ လို့ သိရှိရ ပါတယ် ။

ဂျာမဏီ နိုင်ငံရဲ့ တင်းကြပ်တဲ့ ကိုဗစ် စည်းမျဉ်းတွေကြောင့် ဒေါ့မွန် တောင်ပံ ကစား သမားလေး ဂျေဒန် ဆန်ချို ဟာ လာမယ့် လထဲမှာ ကစားမယ့် အင်္ဂလန် ရဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေ ကို ပါဝင် ခွင့် ရရှိဖို့ အလားအလာ နည်းပါး နေတယ် လို့ သိရှိရ ပါတယ် ။

PSG နည်းပြ ပိုချက်တီနို ဟာ နေမာ ( သို့ ) ဘာပေ တစ်ဦးဦး ကို လက်လွှတ် ခဲ့ရ ပါက စပါး တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ ပြန်လည် အစားထိုး သွားဖို့ စိတ်ကူး နေတယ် လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်နာ ဆိုးရှား ဟာ အသင်းရဲ့ ဂိုးသမား ၂ ဦး ဖြစ်တဲ့ ဒီဂီယာ နဲ့ ဟန်ဒါဆင် တို့ အနက်မှ တစ်ဦးဦး ကို နွေရာသီမှာ ရောင်းချ သွားဖို့ စိတ်ကူး နေတယ် လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

SPORTS MYANMAR