Europa မှာလည်း အခြေလှတဲ့ အင်္ဂလိပ်ကလပ်များ နဲ့ . . . နောက်ဆုံး ၂၄ နာရီအတွင်း ကြားသိခဲ့ရသမျှ အားကစား သတင်းများ

 မန်နေ့ ညက ယှဉ်ပြိုင် ကစား သွားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းဆင့် ပထမအကျော့ ပွဲစဉ်တွေ မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်း ၄ သင်း စလုံး ဟာ အဝေးကွင်းတွေ မှာ မရှုံးနိမ့်အောင် ကစား နိုင်ခဲ့ ကြပါတယ် ။ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ က ဂိုးပြတ် နိုင်ခဲ့ပြီး နောက်တစ်ဆင့် အတွက် စိတ်အေး ခဲ့ရသလို အာဆင်နယ် ကလည်း အဝေးဂိုး ရယူ နိုင်ခဲ့ ပါတယ် ။ လက်စတာ ကတော့ ဂိုးမရှိ သရေ ကျခဲ့တာပါ ။

 

 ကြားကွင်း အီတလီမြေ ပေါ်မှာ ကစား ခဲ့တဲ့ ဆိုဆီဒက် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် မှာတော့ ယူနိုက်တက် ဟာ လာလီဂါ ကလပ် ကို တိုက်စစ်ဖွင့် ကစားပြီး ၄ – ၀ ရလဒ် နဲ့ အပြတ်အသတ် အနိုင် ရရှိခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် ဘရူနို ဖာနန်ဒက်စ် က တစ်ပိုင်းစီမှာ ၁ ဂိုးစီ သွင်းပေး ခဲ့သလို ရက်ဖိုဒ့် နဲ့ ဂျိမ်းစ် တို့ ကလည်း ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြပါတယ် ။

 တော့တင်ဟမ် ဟော့စပါး အသင်း ကလည်း ဝုဖ်ဘတ် အသင်း ကို အဝေးကွင်းမှာ ၄ – ၁ ရလဒ် နဲ့ အနိုင် ရခဲ့ပြီး ဂါရတ်ဘေးလ် က တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးပေး သွားခဲ့ပါတယ် ။ ကျန် ၃ ဂိုး ကိုတော့ ဆွန် ၊ လူးကပ် မော်ရာ နဲ့ ကားလိုစ့် ဗီနီဆီယပ် တို့က သွင်းယူ ပေးခဲ့ ကြတာ ဖြစ်ပါတယ် ။

 စပါး နည်းပြ မော်ရင်ဟို ကတော့ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်လည် ဒဏ်ရာ ရရှိ သွားမှာကို စိုးရိမ် တာကြောင့် ယခု ပွဲမှာ ထည့်မသုံး ခဲ့တာ ဖြစ်တယ် လို့ ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

 အာဆင်နယ် အသင်း ကတော့ ဘင်ဖီကာ အသင်း နဲ့ ၁ ဂိုးစီ သရေ ကျခဲ့ ပါတယ် ။ အိမ်ရှင် ဘင်ဖီကာ ဟာ ၅၅ မိနစ် မှာ ပင်နယ်တီ က နေ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ ပေမယ့် အာဆင်နယ် လူငယ်တိုက်စစ်မှူးလေး ဆာကာ က ၂ မိနစ် အကြာမှာပဲ အဖိုးတန် အဝေးကွင်း ချေပဂိုး ကို သွင်းယူပေး ခဲ့ပါတယ် ။

 စီးရီးအေ အမှတ်ပေး ဇယား ထိပ်ကနေ ဆင်းပေး လိုက်ရတဲ့ အေစီမီလန် ဟာလည်း အဝေးကွင်းမှာ ရက်စတား အသင်း နဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ် ။ နည်းပြ ဂျရတ် ရဲ့ ရိန်းဂျားစ် အသင်း ကလည်း အန်၀က် အသင်း နဲ့ သူ တပြန် ကိုယ်တပြန် ဂိုးတွေ သွင်းပြီး ၄ – ၃ နဲ့ အဝေးကွင်း နိုင်ပွဲကို ဖော်ဆောင် သွားနိုင် ခဲ့ ပါတယ် ။

 ယူရိုပါလိဂ် ၃၂ သင်းဆင့် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်တွေကို လာမယ့် အပတ် ထဲမှာ ဆက်လက် ယှဉ်ပြိုင် သွားမှာ ဖြစ်ပြီး ဂရန်နာဒါ ကို အဝေးကွင်းမှာ ၂ – ၀ နဲ့ ရှုံးသွားတဲ့ နာပိုလီ တို့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ လိုအပ် လာခဲ့ပြီ ဖြစ် ပါတယ် ။

PSG ကို ၄ – ၁ နဲ့ ရှုံးနိမ့် အပြီးမှာ ပိုမို ကျယ်လောင် လာတဲ့ မက်ဆီ ရဲ အပြောင်းအရွှေ့ သတင်းတွေရဲ့ နောက်မှာတော့ မန်စီးတီး ဟာ မက်ဆီ ကို ပေါင် သန်း ၄၃၀ တန်ကြေး ရှိမယ့် ၅ နှစ် စာချုပ် နဲ့ ကမ်းလှမ်း တော့မယ်လို့ အသံထွက် လာခဲ့ ပါတယ် ။

ယူဗင်တပ် အသင်း ကတော့ သူတို့ရဲ့ ခံစစ်မှူးကြီး ချီယာလီနီ ဟာ ပေါ်တို နဲ့ ကစားခဲ့တဲ့ ပွဲစဉ် မှာ ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိ ခဲ့ခြင်း မရှိဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

 ပြီးခဲ့တဲ့ နို၀င်ဘာ တုန်းက ဦးခေါင်းခွံ အက်ကွဲ ခဲ့တာကြောင့် ၃ လ ကြာ နားနေ ခဲ့ရတဲ့ ဝုဗ် တိုက်စစ်မှူး ရာအူး ဂျီမီနက်ဇ် ဟာ အသင်း မှာ ပြန်လည် လေ့ကျင့်မှု စတင်နေပြီ ဖြစ်ကြောင်း နည်းပြ နူနို ဆန်းတိုစ့် က အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

 SPORTS MYANMAR