မန်ယူနိုက်တက် ကစားသမား တစ်ဦးဟာ ဆိုဆီဒက် ကစားသမားတွေကို ခြောက်ခြားစေခဲ့တယ်လို့ အို၀င် ဟားဂရေဗ့် ပြောဆို

မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစား သမား ဒန်နီရယ် ဂျိမ်းစ် ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ပြိုင်ဘက် ကစား သမားတွေ ကို ခြောက်ခြား စေခဲ့တယ် လို့ အို၀င် ဟားဂရေဗ့်က ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ အဝေးကွင်း မှာ ဆိုဆီဒက် နဲ့ ရင်ဆိုင် ကစား ခဲ့တာ ဖြစ်ပြီး ဘရူနို ( ၂ ဂိုး ) ၊ ရက်ဖိုဒ့် ၊ ဂျိမ်းစ် တို့ရဲ့ ဂိုးတွေ နဲ့ အပြတ် အသတ် အနိုင် ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် 

 ဂျိမ်းစ် ဟာ ယူနိုက်တက် ရဲ့ စတုတ္ထ မြောက် ဂိုးကို သွင်းယူ ပေးခဲ့ပြီး ပွဲချိန် တစ်လျောက်မှာ သူ့ရဲ့ မြန်နှုန်း နဲ့ စပိန် ကလပ် နောက်ခံလူတွေ ကို အလုပ်များစေ ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဂိုးလည်း မပေး ခဲ့ရသလို ၄ ဂိုး ဆိုတဲ့ ကွာခြားမှု ဟာလည်း ဒုတိယ အကျော့အတွက် များစွာ အားသာချက် ရရှိ သွားစေခဲ့ ပါတယ် ။

“ဂျိမ်းစ် ရဲ့ လျှင်မြန်မှု နဲ့ ပြေးအားတွေ က ပြိုင်ဘက်တွေ ကို ဒုက္ခပေး နိုင်ခဲ့ ပါတယ် ။ ဆိုဆီဒက် ကစား သမားတွေ က ဂျိမ်းစ် ဒီလောက် မြန်မယ်မှန်း ထင်ထား ခဲ့ပုံ မရပါဘူး ။ ဂျိမ်းစ် ကို ထိန်းနိုင်မယ် ၊ ဒါမှ မဟုတ် သူ့ရဲ့ ဖြတ်တင်ဘောတွေ ကို တားနိုင်မယ် လို့ မှတ်ခဲ့ ကြပါတယ် ၊ ဒါပေမယ့် သူတို့ အတွက်တော့ ဂျိမ်းစ် က အရမ်း မြန်လွန်း နေခဲ့တာပါ”

 “ဒီလို ပွဲမျိုးမှာ သူ့ကို ထည့်ကစားဖုိ့ ရွေးချယ် ခဲ့တဲ့ အိုလေး ကို ချီးကျုး သင့်ပါတယ် ။ ဒီပွဲ မှာ ဂျိမ်းစ် က တကယ့် ပြီးပြည့်စုံတဲ့ ကစား သမား ဖြစ်ခဲ့တာပါ ။ ဆိုဆီဒက် က ဘောလုံးကို ကိုင် ကစားမယ်ဆိုတာ အိုလေး တွက်ဆ ခဲ့ပါတယ် ။ နောက်တန်း က လည်း ရှေ့ကို တော်တော်လေး တက်ဖိ တတ်တဲ့ အသင်းပါ ။ ဒါကို အိုလေး ပစ်မှတ် ထားခဲ့တာ သေချာပါတယ်”

 “ဂျိမ်းစ် ၊ ရက်ဖိုဒ့် တို့ ဟာ ဆိုဆီဒက် နောက်တန်း နဲ့ ဂိုးသမား ကြားက ကွက်လပ်တွေ ကို ပြေးလွှား ကစားခဲ့ ပါတယ် ။ ဂရင်းဝုဒ် ကလည်း အသက် နဲ့ မလိုက်အောင် ကစားပြ နိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ကတော့ အပြောင်း အလဲတွေ ကို လုပ်ပြ နေတုန်းပါပဲ”

 “အိုလေး ဟာ လူစာရင်းထဲ က ကစား သမားတိုင်း ပွဲအပေါ် ကို သက်ရောက်မှု ရှိအောင် လုပ်နိုင်ခဲ့ ပါတယ် ။ ဒီအထဲ မှာ ဂျိမ်းစ် က အထိရောက်ဆုံး ဖြစ်ခဲ့တာပါ ။ ခံစစ် ပိတ် ကစားတဲ့ ပွဲတွေမှာ ဆိုရင် ဂျိမ်းစ် ဘာမှ မလုပ်နိုင် ပါဘူး ၊ ဒါပေမယ့် ဒီလို ရှေ့တက် ဖိတဲ့ အသင်းမျိုးနဲ့ ဆိုရင်တော့ သူက တကယ် အသုံးတည့်တဲ့ လက်နက်ကောင်း ဖြစ်ခဲ့ပါတယ်” လို့ အို၀င် ဟားဂရေဗ့် က ပြောဆို သွားခဲ့ ပါတယ် ။

 ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ သူ့ အသင်းသားတွေ ရဲ့ အဆုံးသတ် စွမ်းရည်ဟာ ဒီည ဂိုးပြတ် အောင်ပွဲမှာ အရေးပါ ခဲ့တယ်လို့ ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် အပတ် ( ဖေဖော်ဝါရီ ၂၄ ရက် ) မှာ ဒုတိယ အကျော့ အဖြစ် ဆိုဆီဒက် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

 ယမန်နေ့ ညက ကစား သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစား သမားတို့ရဲ့ Rating များ –

ဟန်ဒါဆင် 7

ဘစ်ဆာကာ 7 ၊ ဘိုင်လီ ၆ ၊ မက်ဂွဲယား ၆ ၊ တဲလက်စ် ၈

တော်မီနေး 7 ၊ ဖရက်ဒ် 7

ဂရင်းဝုဒ် ၆ ၊ ဖာနန်ဒက်စ် ၈ ၊ ဂျိမ်းစ် ၆

ရက်ဖိုဒ့် ၆

လူစား၀င် ကစားသမားများ – မာတစ် ၆ ၊ မာရှယ် ၆ ၊ အာမက် ဒီရယ်လို ၆ ၊ မာတာ ၆

SPORTS MYANMAR