မော်ရင်ဟို ကို လက်စားချေပမယ့် ပက် ၊ ပြန်ရုန်းထမယ့် လီဗာပူး တို့နဲ့ . . . ပွဲကောင်းများစွာပါ၀င်နေတဲ့ EPL Week 24 အတွက် သုံးသပ်ခန့်မှန်းချက်များ

အရှိန် အဟုန်နဲ့ ခုတ်မောင်း နေတဲ့ ပရီးမီးယားလိဂ် ရထားကြီး ကတော့ ဘူတာ အမှတ် ၂၄ ကို ရောက်ရှိ လာခဲ့ ပါပြီ ။ ဒီတစ်ပတ် မှာတော့ လီဗာပူး နဲ့ လက်စတာ ၊ အာဆင်နယ် နဲ့ လိဒ် တို့လို ပွဲကောင်းတွေ ပါနေသလို အစ်တီဟတ် ကွင်းက မန်စီးတီး – စပါး ပွဲစဉ် ကလည်း ပရိသတ်တွေ ရဲ့ စိတ်အာရုံ ကို ဆွဲဆောင် နေမှာပါ ။ ဒါကြောင့် ဒီတစ်ပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Sky Sports သတင်းဌာနက လူး၀စ် ဂျုံးစ် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေး လိုက်ရ ပါတယ် ။

၁ ။ လက္စတာ – လီဗာပူး

လက်စတာ နဲ့ နောက်ဆုံး ဆုံတွေ့ ခဲ့တဲ့ ၃ ပွဲစလုံးမှာ လီဗာပူး တို့ နိုင်ထားပါတယ် ။ နောက်ဆုံး 7 ပွဲမှာ ဆိုရင် ၆ ပွဲအထိပါ ။ တကယ်ကြီးမားတဲ့ အားသာချက် ပါပဲ ။ လက်စတာ က နောက်ဆုံး ၅ ပွဲမှာ နိုင်လိုက် ရှုံးလိုက် သရေ ကျလိုက်နဲ့ ခြေမငြိမ် ပါဘူး ။ လီဗာပူး ကတော့ မန်စီးတီး ကို ရှုံးခဲ့ ပေမယ့် ခြေစွမ်းက အကျဘက်မှာ ရှိမနေ ပါဘူး ။ ဒီပွဲ က ကြည့်ကောင်းမှာ သေချာပါတယ် ။ မန်စီးတီး ကို အမီလိုက်ဖို့ အတွက်လည်း အမှားခံလို့ မရတဲ့ အခွင့်အရေးပါ ။ ဘယ်သူ နိုင်မယ်ဆိုတာ မှန်းဆဖို့ ခက်ပါတယ် ။

ခန့်မှန်းချက် – လက်စတာ ၁ – ၂ လီဗာပူး

၂ ။ မန်စီးတီး – တော့တင်ဟမ်ဟော့စပါး

စပါး ရဲ့ ပြိုလဲ ပျက်စီး နေတဲ့ ခံစစ် နဲ့ လှပ ညက်ညောတဲ့ ကစားပုံကို ဖော်ဆောင်ပြီး ဂိုးတွေ သွင်းနေတဲ့ စီးတီး တိုက်စစ်တို့ ရဲ့ ထိပ်တိုက် တွေ့ဆုံမှု ကတော့ ဘယ်လို ဖြစ်မလဲ ဆိုတာ တွေးကြည့်ပြီး ရင်မော စရာပါပဲ ။ ဒါပေမယ့် မော်ရင်ဟို ကို လျော့တွက် လို့ မရပါဘူး ။ ဒီလို ပွဲတွေမှာ မော်ရင်ဟို က ခြေထိုးခံ တတ်ပါတယ် ။ ဒါကြောင့် စီးတီး အတွက် လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်လာမှာတော့ မဟုတ်တာ အသေအချာပါပဲ ။

အဓိက တိုက်စစ်မှူး မပါဘဲ ဂိုးတွေကို အပျော်သွင်း သလို သွင်းနေအောင် စီမံ နိုင်တဲ့ ဂွာဒီယိုလာ ကို ချီးကျုး ရမှာပါ ။ ရာသီအစက လွဲချော်မှုတွေ ကို ပြိုင်ဘက်တွေ ခြေချော်ချိန် မှာ အခွင့်ကောင်း ပြန်ယူပြီး ဘယ်သူက ဘာလဲဆိုတာကို ဂွာဒီယိုလာ ပြနိုင်ခဲ့ပါပြီ ။ အခု သူ့အတွက် စစ်မှန်တဲ့ စမ်းသပ်ချက်တွေ ကို စတင် လျှောက်လှမ်း နေပါပြီ ။ ရှေ့ပွဲတုန်းက လီဗာပူး ကို ကျော်ဖြတ် ပြခဲ့တယ် ။ အခုစပါး အလှည့်ပါ ။ ဂိုးပြတ်ဖို့ မလွယ်ပေမယ့် ၃ မှတ် ကတော့ မန်စီးတီး အတွက်ပဲ ဖြစ်ပါလိမ့်မယ် ။

ခန့်မှန်းချက် – မန်စီးတီး ၁ – ၀ စပါး

၃ ။ ၀က်စ်ဘရွန်း – မန်ချက်စတာ ယူနိုက်တက်

အဲဗာတန် ကို နောက်ဆုံး မိနစ် မှာ ဂိုးပေး လိုက်ရတာက ယူနိုက်တက် ရဲ့ ချန်ပီယံဆု မျှော်လင့်ချက်တွေ ကို အများကြီး ထိခိုက် စေခဲ့ ပါတယ် ။ ကြားရက် မှာ FA Cup ကို နိုင်လိုက်တာက ဒီ ဒဏ်ရာကို အပြည့်အ၀ ကုစား နိုင်မှာ မဟုတ်ပါဘူး ။ တန်းဆင်းဇုံ က ရှက်ဖီး ကို ရှုံးခဲ့တာကလည်း ပူပူနွေးနွေးပဲ ရှိပါသေးတယ် ။

ဒီလို အချိန်မှာ တန်းဆင်းဇုံ အသင်းတွေရဲ့ ရုန်းအားက ကြောက်ဖို့ ကောင်းပါတယ် ။ အိမ်ကွင်းလည်း ဖြစ်တာကြောင့် ၀က်စ်ဘရွန်းတို့ ယူနိုက်တက် ကို ယှဉ် ကစားမှာပါ ။ ကစား သမား အင်အားချင်း ကွာခြားပေမယ့် ဆိုးရှားတို့ လွယ်လွယ် နဲ့ အနိုင် မရနိုင်ပါဘူး ။ ယူနိုက်တက် ဂိုးစရရင် ဂိုးပြတ် နိုင်တယ် ၊ ၀က်စ်ဘရွန်း ဂိုးစရရင် တော့ သရေ ပွဲကို ဦးတည် သွားနိုင် ပါတယ် ။

ခန့်မှန်းချက် – ၀က်စ်ဘရွန်း ၁ – ၃ မန်ချက်စတာ ယူနိုက်တက်

၄ ။ အာဆင်နယ် – လိဒ် ယူနိုက်တက်

မီကေး အာတီတာ နဲ့ မာဆယ်လို ဘီယေဆာ တို့ ထိပ်တိုက်တွေ့ ကြပြန်ပါပြီ ။ လိဒ်က အဆင့် ၁၀ ၊ အာဆင်နယ် က ၁၁ ၊ သူတို့ အကြားမှာ ၁ မှတ်ပဲ ရှိပါတယ် ။ နို၀င်ဘာတုန်းက ပွဲမှာတော့ ပီပီ ရဲ့ အနီကတ် နဲ့ ဂိုးမရှိ သရေကျခဲ့ ကြတာပါ ။ အခုပွဲမှာရော ဘယ်လို အဆုံးသတ်မှာလဲ ။

အိမ်ကွင်းမှာ တုန်းက လိဒ် ဟာ အာဆင်နယ် ကို ၂၅ ကြိမ် ကန်သွင်းခဲ့တာပါ ။ ဒါဟာ သူတို့ရဲ့ တိုက်စစ် အစွမ်းကို ပြခဲ့တာပါပဲ ။ အာဆင်နယ် ကလည်း နောက်ပိုင်းမှာ ခံစစ်ရော တိုက်စစ်ပိုင်းပါ တိုးတက် လာပါတယ် ။ အနိုင် – အရှုံး – သရေ ရလဒ် ၃ မျိုးစလုံး ဖြစ်နိုင်တဲ့ ပွဲပါ ၊ ပြီးတော့ ဂိုးများနိုင်ပါတယ် ။

ခန့်မှန်းချက် – အာဆင်နယ် ၂ – ၃ လိဒ်

၅ ။ ချဲလ်ဆီး – နယူးကာဆယ်

နယူးကာဆယ် နဲ့ တူချယ်တို့ အကြားမှာ ဇာတ်လမ်းတွေ ရှိခဲ့ ဖူးပါတယ် ။ ၂၀၁၅ ဇန်နဝါရီ မှာ လစ်လပ် နေတဲ့ နယူးကာဆယ် နည်းပြ ရာထူးအတွက် မိန့်ဇ် ကို ကိုင်တွယ် နေတဲ့ တူချယ် ကို ငှက်ကြားတို့ ချိတ်ဆက်ခဲ့ ပါတယ် ။ ဒါပေမယ့် ဘုတ်အဖွဲ့က ဂျွန်ကာဗာ ကို ရာသီကုန်အထိ ခန့်ခဲ့ပြီး နယူးကာဆယ်တို့ တန်းဆင်းခဲ့ရ ပါတယ် ။ တူချယ် ကတော့ ဒေါ့မွန် ကို ရောက်သွားခဲ့ပြီး ကျန်တဲ့ အပိုင်းကတော့ ဘောလုံး ပရိသတ်တွေ သိပြီး ဖြစ်မှာပါ ။

အခု တူချယ် က သူ့ကို မရွေးခဲ့တာ မှားကြောင်း အိမ်ကွင်းကို ခေါ်ပြီး သက်သေ ပြပါတော့မယ် ။ ချဲလ်ဆီး ရဲ့ တိုက်စစ်ပိုင်းက တိကျသေချာမှုတွေ အားနည်းနေဆဲပါ ။ ဒါပေမယ့် ဒီပွဲ ကိုတော့ အနိုင် ကစားဖို့ လုံလောက်တဲ့ အင်အား ရှိနေပါတယ် ။ ဂိုးမပြတ် နိုင်ရင်တောင် အိမ်ရှင် အတွက် အနိုင်က သေချာပါတယ် ။

ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၁ နယူးကာဆယ်

အခြားပွဲစဉ် ခန့်မှန်းမှုများ –

၆ ။ ပဲလေ့စ် ၀ – ၁ ဘန်လေ

၇ ။ ဘရိုက်တန် ၁ – ၁ အက်စတွန် ဗီလာ

၈ ။ ဆောက်သမ်တန် ၁ – ၁ ဝုဗ်

၉ ။ အဲဗာတန် ၀ – ၀ ဖူလ်ဟမ်

၁၀ ။ ၀က်စ်ဟမ်း ၁ – ၁ ရှက်ဖီး ယူနိုက်တက်