အတ္တလန္တာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အပေါ် မှတ်ချက်ပေးလိုက်ပြီး ဇာပါတာကို ရှယ်ဆော်လိုက်တဲ့ ဇလာတန်

အေစီမီလန် အသင်းဟာ မနေ့ညက အိမ်ကွင်းမှာ အတ္တလန္တာ အသင်းနဲ့ စီးရီးအေ ပွဲစဉ် 19 ကစားခဲ့ရပြီး 0 – 3 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။ ဒါက အမှတ်ပေး ဇယားကို ဦးဆောင် နေခဲ့တဲ့ အေစီမီလန် အသင်းအတွက် ဒီရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။

ဒီပွဲမှာတော့ အတ္တလန္တာ အသင်းမှ ရိုမဲရိုး ၊ အီလီဆစ် (pen) နဲ့ ဇာပါတာ တို့က တစ်ဂိုးစီ သွင်းယူ ခဲ့ကြ ပါတယ် ။ အဆိုပါ ပွဲစဉ် အပြီး မှာတော့ အေစီ မီလန် အသင်းရဲ့ စပါယ်ရှယ် တိုက်စစ်မှူး ဖြစ်တဲ့ ဇလာတန် အီဗရာဟီ မိုဗစ်က ရှုံးပွဲအတွက် ဆင်ခြေ မပေးလိုကြောင်း ၊ သူဟာ တိုက်စစ်မှာ အထီးကျန် နေခဲ့ကြောင်း ဖွင့်ဟ ခဲ့လိုက် ပါတယ် ။

” ဒီနေ့ အမှားတွေ များခဲ့ ပါတယ် ။ ဒီအတွက် ကျွန်တော်ဟာ ဆင်ခြေတွေ ရှာဖွေမှာ မဟုတ်ပါဘူး ။ ကျွန်တော် တို့ဟာ အမြဲလိုပဲ ရလဒ် ရယူလိုတဲ့ စိတ်ဓါတ်နဲ့အတူ ကွင်းထဲ ဝင်ရောက်ကြ ပါတယ် ။ ဒါပေမယ့် ဒီနေ့ မှာတော့ ကျွန်တော် တို့ဟာ ကွင်းထဲမှာ စီမံ ခန့်ခွဲ နိုင်ခြင်း မရှိခဲ့ကြ ပါဘူး ”

” အခု အချိန်မှာ အရေး အကြီးဆုံး ကတော့ ကျွန်တော် တို့ရဲ့ စွမ်းအင်တွေကို ပြန်လည် ပြည့်ဝအောင် လုပ်ဆောင်ရင်း နောက်ပွဲ အတွက် အာရုံ စူးစိုက်ခြင်း ပါပဲ ။ ကံကောင်းတာ တစ်ခု ကတော့ နောက်ပွဲက နှစ်ရက်လောက် နေရင် ကစားရမှာ ပါပဲ ။ ကျွန်တော်တို့ ပြန်လည် တုန့်ပြန်မယ့် အခွင့်အရေးကို အမြန် ပိုင်ဆိုင်ရ ပါ့မယ် ”

” ကျွန်တော်တို့ တွေဟာ စီးရီးအေ ပြိုင်ပွဲမှာ ဒီလောက် အထိ ကစား အပြီးမှ နှစ်ပွဲပဲ ရှုံးနိမ့် ခဲ့ကြပါ သေးတယ် ။ အဲ့တာက သိပ် မဆိုးလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့ တွေဟာ ကစားသမား အတော်များများ ဆုံးရှုံးထားခဲ့ကြ သလို အတွေ့အကြုံ နည်းပါးတဲ့ ကစားသမား အများစုနဲ့ ကစားခဲ့ရ ပါတယ် ”

” ဒါက ဆင်ခြေတော့ မဟုတ်ပါဘူး ။ ကျွန်တော်တို့ တွေဟာ အလုပ်တွေ ကြိုးစားနေပြီး အစွမ်းကုန် ပေးဆပ် ကစားဖို့ ပြင်ဆင် နေကြ ပါတယ် ။ ကျွန်တော် တို့ဟာ ဆောင်ရာသီ ချန်ပီယံပါ ။ ဒါပေမယ့် အဲ့တာက ကျွန်တော့် အတွက် ဘယ်လို အဓိပ္ပါယ်မှ မရှိ ပါဘူး ။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ခက်ခဲတဲ့ ရက်စွဲ တွေက အခုမှ စတင်မှာပါ ” လို့ ပြောရင်း တိုက်စစ်ပိုင်း ကစားပုံ အပေါ် …

” ပထမပိုင်း အတွင်းမှာ ကျွန်တော်ဟာ အထီးကျန် နေတယ်လို့ ခံစားခဲ့ရ ပါတယ် ။ ဘောလုံး ကျွန်တော့်ဆီ ရောက်တဲ့အခါတိုင်း ကျွန်တော်ဟာ အခြားသူကို ပေးပြီး ကစားစေလိုခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော်ဟာ အထီးကျန်မုှ တွေကို ခံစားနေခဲ့ရ ပါတယ် ။ ဒါပေမယ့် အဲ့တာဟာ အတ္တလန္တာ အသင်းရဲ့ ဖိကစားမှုကြောင့်လည်း ဖြစ်ကြောင်း ဖြစ်နိုင် ပါတယ်

” အီလီဆစ်လည်း ဒီလို ကြုံနိုင် ပါတယ် ။ ခင်ဗျား သူ့ကိုလည်း ဖိကစားမယ် ဆိုရင် သူ့အတွက်လည်း ပွဲက ခက်ခဲ နေမှာ ပါပဲ ။ ဒါပေမယ့် သူက နေရာလွတ်တွေ အများကြီး ရခဲ့သလို ဂိုးတောင် သွင်းခွင့် ပိုများခဲ့ပါတယ် ။ ကျွန်တော့် အတွက်လည်း အတူတူ ပါပဲ ။ အကယ်လို့ ခင်ဗျား ကျွန်တော့်ကို ဖိမကစားဘူး ဆိုရင် ကျွန်တော့် အတွက်လည်း ပွဲက လွယ်ခဲ့ပါလိမ့်မယ် ” လို့ ဇလာတန် က ပြောခဲ့လိုက် ပါတယ် ။

ဒါ့အပြင် အဆိုပါ ပွဲစဉ် အပြီးမှာတော့ အတ္တလန္တာ အသင်း အတွက် အခုနှစ်တွေ အတွင်း အထူး ပုံစံကောင်း တွေကို ပြသ နေခဲ့တဲ့ တိုက်စစ်မှူး ဖြစ်သူ ဒူဗန် ဇာပါတာ အကြောင်းကို မေးမြန်း ခံရတဲ့ အချိန်မှာတော့ ဇလာတန် က ဇလာတန် ပဲ ဆိုတာကို အလန်းစား စကားလုံး တွေနဲ့ ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်က သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် ကစား ခဲ့တဲ့ ပွဲအရည်အတွက်ထက် ပိုများလွန်းတဲ့ သွင်းဂိုး တွေကို သွင်းယူ ထားနိုင်ခဲ့ ပါတယ် ” လို့ ဇလာတန် က လှလှပပ တုန့်ပြန် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar