ကျောလုံးပြည့် တက်တူးကြီးကြောင့် စိတ်အနှောက်အယှက်ဖြစ်ပြီး နောင်တရနေမိတဲ့ လီရွိုင်ဆာနေး

‘အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမင်ရည်စုတ်ထိုး ၊ ဤ ၃ ခု ချက်မပိုင် ၊ နောင်ပြင်ရန် ခက်သည့်အမျိုး’ ဆိုတဲ့ ဆိုရိုး စကားတစ်ခွန်း ကျွန်တော်တို့ ဆီမှာ ရှိပါတယ် ။ အဓိပ္ပါယ် ကတော့ အိမ်ထောင် ပြုတာ ၊ ဘုရားတည်တာ ၊ ဆေး မင်ကြောင် စုတ်ထိုး တာတွေ ဟာ ပြန်ပြီး ပြင်ဆင်ဖို့ ခက်ခဲတဲ့ အရာတွေ ဖြစ်တာကြောင့် မစခင် က တည်းက သေချာ စဉ်းစား လုပ်ဆောင် သင့်ကြောင်း ရှေးလူကြီး တွေက ဆုံးမ စကား မိန့်ကြား ခဲ့တာပါပဲ ။

ခေတ်တွေ တစ်ခုပြီး တစ်ခု ပြောင်းလာ ပေမယ့် အချို့ ဆိုဆုံးမ စကားတွေ ကတော့ အခုချိန်ထိ မှန်ကန် နေတုန်း ပါပဲ ။ အိမ်ထောင်တွေ ပြိုလဲ တာကို အသစ် ပြန်တည်ဆောက် နိုင် ၊ ဘုရားတွေ ကို အသစ် မွမ်းမံ နိုင် ၊ တက်တူးတွေ ကို ပြန်ဖျက် ပြန်ရေး လုပ်နိုင်ပေမယ့် အဟောင်းရဲ့ သက်ရောက်မှု တွေကတော့ ရှိနေဦး မှာပါ ။

အခု ဒီ ၃ မျိုးထဲက တစ်ခု ဖြစ်တဲ့ တက်တူးကြောင့် စိတ်ညစ် နေရတဲ့ ဘောလုံး စတား တစ်ယောက် ရှိလာ ခဲ့ပါပြီ ။ သူကတော့ လီရွိုင် ဆာနေး ပါပဲ ။ မန်စီးတီး ကနေ ဘိုင်ယန်မြုးနစ် ကို ပြောင်းလာ ခဲ့တဲ့ ဂျာမန် တောင်ပံ ကစား သမား ဟာ သူ ငယ်စဉ်က လုပ်ခဲ့တဲ့ အရာအတွက် နောင်တ ရနေ ခဲ့ပါပြီ ။

ဆာနေး ဟာ မန်စီးတီး မှာ ရှိခဲ့ ချိန်တုန်းက အမှတ်တရ အောင်ပွဲခံ မှု ကို ကျောလုံးပြည့် တက်တူး ရေးထိုး ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒိ တက်တူးဟာ သူ့အတွက် မချိုမြိန် စေခဲ့ ပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ ဒီ တက်တူး ကို မြင်တိုင်း နာကျင်စရာ ကောင်းတဲ့ ရှုံးနိမ့်မှုကို သတိရမိ နေစေ ခဲ့လို့ပါပဲ ။

ဆာနေး ရဲ့ ကျောပေါ်က တက်တူးဟာ ၂၀၁၇ ခုနှစ် တုန်းက မိုနာကို အသင်း ကို ၅ – ၃ ရလဒ် နဲ့ အနိုင် ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမ အကျော့ တုန်းက ဂိုးသွင်း အပြီး အောင်ပွဲ ခံပုံ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် နောက် တစ်ကျော့ မှာတော့ ဘာပေ ၊ ဖယ်ကာအို ၊ ဘာကာယိုကို တို့ရဲ့ မိုနာကို က ပြင်သစ် မြေပေါ်မှာ ၃ – ၁ နဲ့ ပြန် အနိုင် ကစားပြီး အဝေးဂိုး အသာ နဲ့ မန်စီးတီး ကို ဖြုတ်ချ သွားခဲ့ ပါတယ် ။

အခု အချိန် မှာတော့ ဆာနေး ဟာ ဘိုင်ယန်မြုးနစ် ကစား သမား ဖြစ်နေ ခဲ့ပါပြီ ။ သူ့ရဲ့ ကျောပေါ်က တက်တူး အကြောင်းဟာ ဂျာမန် ပရိသတ်တွေ အကြားမှာ ပြောဆို စရာ ဖြစ်လာ ခဲ့ ပါတယ် ။ မျိုးချစ်စိတ် ပြင်းထန်ပြီး အသင်းစွဲကြီးတဲ့ ဘိုင်ယန် ပရိသတ်တွေ ဟာ ဆာနေး ရဲ့ မန်စီးတီး ဝတ်စုံ နဲ့ တက်တူး အပေါ် ဆိုရှယ် မီဒီယာတွေ ပေါ်မှာ ပြောဆို လာချိန် မှာတော့ ဆာနေး တစ်ယောက် သူ နဲ့ မသက်ဆိုင် တော့တဲ့ အမှတ်တရကြီး ကို ပြောင်းလဲ ဖို့ ကြိုးစားခဲ့ ပါတယ် ။

ဒါပေမယ့် ထင်သလောက် မလွယ်ကူခဲ့ ပါဘူး ။ ဆာနေး ဟာ ဂျာမဏီ အသင်း ရင်ဘတ် တံဆိပ် နဲ့ ဂျာစီ ပုံစံ ကို တက်တူး မှာ ပြောင်းလဲ ခဲ့ ပါတယ် ။ ဒါပေမယ့် ဘောင်းဘီ မှာ ပါတဲ့ နံပါတ် က ပြဿနာ ထပ်ဖြစ် ခဲ့ရ ပြန်တာပါ ။

ဆာနေး ဟာ မန်စီးတီး မှာ နံပါတ် ၁၉ ကို ဝတ်ခဲ့ပြီး ဘိုင်ယန် မှာတော့ နံပါတ် ၁၀ ကို ဝတ်ဆင် ကစားခဲ့ ပါတယ် ။ ဒါကြောင့် သူ့ရဲ့ ကျောလုံးပြည့် တက်တူး ဟာ ထုတ်ပြန်လို့ မကောင်းတဲ့ အရာ လို့ ခံစား မိလာခဲ့ ကြောင်း ဂျာမန် သတင်းစာ Bild နဲ့ အင်တာဗျုး မှာ ပြောဆို သွားခဲ့ ပါတယ် ။

“အဲ့တုန်းက ကျွန်တော် က ငယ်သေးတယ်လေ ။ အခုဆို ရင်တော့ မတူညီ တဲ့ တစ်ခုခု ကို ကျွန်တော် ဆုံးဖြတ် မိမှာပါ ။ ငယ်ငယ် တုန်းက လုပ်ခဲ့ တာတွေ က ပြန်တွေး ကြည့်ရင် တော်တော် ရူးမိုက် စရာတွေ ပါပဲ ။ ဘာပဲ ဖြစ်ဖြစ် ဒါတွေ ကနေ သင်ခန်းစာ ယူရ မှာပေါ့လေ”

“ဒီအကြောင်းတွေ ကို ဆိုရှယ် မီဒီယာတွေ ပေါ်မှာ ဒီလောက် အလေးထား ပြောဆို နေကြမယ် လို့လည်း မထင် ခဲ့မိ ပါဘူး ။ အခုထိ လည်း ကျွန်တော် က လူငယ်ပါပဲ ။ ဂျာမဏီ မှာ ကျွန်တော့ထက် ပို အရေးပါတဲ့ ကစား သမားတွေ ရှိပါတယ် ။ ဒါပေမယ့် လူတွေ ကတော့ ဒီ တက်တူး အကြောင်း ကိုပဲ အငြင်း အခုန် လုပ် နေကြတာပါ” လို့ ဆာနေး က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR