အာဆင်နယ် ရောက်တော့မယ့် စတားကွင်းလယ်လူ ၊ မီလန်ကို ပြောင်းသွားတဲ့ ချဲလ်ဆီးလူငယ် နဲ့ . . . . . နောက်ဆုံးရ ကြားဖြတ်သတင်းများ

အာဆင်နယ် အသင်းဟာ ရီးရဲ မက်ဒရစ် ကွင်းလယ် ကစား သမားလေး မာတင် အိုဒီဂတ် ကို အငှား နဲ့ ခေါ်ယူ နိုင်တော့မယ် လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လာခဲ့ ပါတယ် ။ အိုဒီဂတ် ဟာ ရီးရဲ မှာ နေရာ မရ ဖြစ်နေတာကြောင့် ပွဲကစားခွင့် အတွက် အငှား ထွက်ခွာမှာ ဖြစ်ပြီး အာတီတာ နဲ့ စကားပြောဆို အပြီးမှာ အာဆင်နယ်ကို ပြောင်းလာဖို့ ဆုံးဖြတ် လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲံ ပါတယ် ။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနား ဟာ ဒဏ်ရာကြောင့် ၄ ပတ် ကနေ ၆ ပတ် အထိ နားရမှာ ဖြစ်ပြီး လက်စတာ စီးတီး တိုက်စစ်မှူး ဂျေမီ ဗာဒီ ဟာလည်း ရက်သတ္တပတ် အနည်းငယ် အနားယူ ရမယ်လို့ သိရှိ ရ ပါတယ် ။

ချဲလ်ဆီး လူငယ် ကစား သမားလေး ဖီကာယို တိုမိုရီ ဟာ စီးရီးအေ ကလပ် အေစီမီလန် အသင်းထံ ရာသီ ကုန် အထိ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ လို့ သိရ ပါတယ် ။ အေစီ မီလန် ဟာ တိုမိုရီ ကို ပေါင် ၂၅ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် လည်း ပါရှိ တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ရဲ့ အနီကတ် အပြစ်ဒဏ် အတွက် အယူခံ ဝင်ခဲ့ ပေမယ့် စပိန် ဘောလုံး အဖွဲ့ချုပ် က ပယ်ချ သွားခဲ့တယ် လို့ သိရ ပါတယ် ။

ဝုဗ် အသင်းဟာ ရီးရဲ ဆိုဆီဒက် တိုက်စစ်မှူး ဝီလ်ယံ ဟိုဆေး ကို အငှား နဲ့ ခေါ်ယူ နိုင်တော့မှာ ဖြစ်ပြီး မကြာခင် မှာ ကြေညာနိုင်တော့မယ် လို့ သိရ ပါတယ် ။

လက်စတာ စီးတီး အသင်း ဟာ အင်တာ မီလန် ကွင်းလယ်လူ အဲရစ်ဆင် ကို ခေါ်ယူ လိုပေမယ့် ကစား သမား ရဲ့ လုပ်ခ လစာ မြင့်မား နေမှု ကြောင့် လက်လျော့ လိုက်ပြီ လို့ သိရ ပါတယ် ။

အဲဗာတန် အသင်းဟာ သူတို့ရဲ့ တောင်ပံ ကစား သမား ဘားနက် ကို ခေါ်ယူ လိုတဲ့ ယူအေအီ အသင်း အယ်နာဆာ ကို ပေါင် ၉ သန်း တောင်းဆို လိုက်တယ်လို့ သိရှိ ရ ပါတယ် ။

ဂျပန် အစိုးရ နဲ့ အားကစား ဝန်ကြီး ဌာန တို့ ကတော့ ကိုဗစ် ကြောင့် တိုကျို အိုလံပစ် ပြိုင်ပွဲ ကို ရွှေ့ဆိုင်း လိုက်ရပြီ ဆိုတဲ့ သတင်းတွေ ကို ငြင်းဆန် သွားခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ် မှာတော့ မိုချန်ဂလာဘတ် နဲ့ ဒေါ့မွန် တို့ ဟာ တစ်ဖက် နဲ့ တစ်ဖက် အပြန် အလှန် ဂိုးတွေ သွင်းခဲ့ ကြပြီး မိုချန် က ၄ – ၂ ရလဒ် နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

ဝုဗ် အသင်း ကတော့ FA Cup စတုတ္ထ အဆင့် မှာ ဆဌမတန်း လိဂ် အသင်းငယ်လေး ချော်လီ ကို ၁ – ၀ နဲ့ ကပ်ပြီး အနိုင် ရကာ နောက်တစ်ဆင့် ကို တက်လှမ်း သွားခဲ့ ပါတယ် ။

စပါး နည်းပြကြီး မော်ရင်ဟို က ကွင်းလယ်လူ ဒယ်လီ အလီ ဟာ ရှက်ဖီး ယူနိုက်တက် နဲ့ ပွဲကို ဒဏ်ရာ အသေးစား ကြောင့် လွဲချော် ခဲ့တာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဒါပေမယ့် ကွင်းလယ်လူ ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး မှတ်ချက် ပေးဖို့ ကိုတော့ ငြင်းဆို သွားခဲ့ပါတယ် ။

SPORTS MYANMAR