ဖလားစယူတဲ့ ပိုချက်တီနို ၊ နှုတ်ဆက်သွားတဲ့ ချန်ပီယံ ၊ ဖိုင်နယ်က စောင့်တဲ့ ဘာဆာ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဥရောပ ထိပ်တန်း လိဂ် တွေရဲ့ ရှုံးထွက် ဖလား ပွဲစဉ်တွေ နဲ့ ပွဲကျန်တွေ ကို ယမန်နေ့ ညက ဆက်လက် ယှဉ်ပြိုင် သွားခဲ့ ပါတယ် ။ အဲ့ဒိ မှာတော့ ယမန်နှစ် က ဂျာမန် ပိုကယ် ဖလား ချန်ပီယံ ဘိုင်ယန်မြုးနစ် ဟာ အောက်တန်း ကလပ်လေး Holstein Kiel ကို ပင်နယ်တီ အဆုံးအဖြတ် မှာ အရေးနိမ့် ပြီး ပြိုင်ပွဲ ကနေ နှုတ်ဆက် ထွက်ခွာ ခဲ့ရ ပါတယ် ။ ဒါဟာ ဘိုင်ယန် အတွက် နောက်ဆုံး 17 နှစ် အတွင်း အောက်တန်း ကလပ် တစ်သင်းကြောင့် ပထမဆုံး အကြိမ် ဖလားပွဲကနေ ထွက်ခဲ့ ရတာလည်း ဖြစ်လာခဲ့ ပါတယ် ။

 

အီတလီ မြေပေါ်မှာ ကစား ခဲ့တဲ့ ကိုပါ အီတလီယာ ဖလား ပွဲတွေ မှာတော့ ယူဗင်တပ် နဲ့ အင်တာ မီလန် တို့ ဟာ ပြိုင်ဘက်တွေကို အသီးသီး အနိုင် ယူပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် သွားခဲ့ ကြပါတယ် ။

စပိန် မှာတော့ ဘာစီလိုနာ အသင်းဟာ ရီးရဲ ဆိုဆီဒက် အသင်း နဲ့ ၁ ဂိုးစီ သရေ ကျ ခဲ့ပြီး ပင်နယ်တီ အဆုံး အဖြတ် မှာတော့ ၃ – ၂ နဲ့ အနိုင် ရရှိကာ စပိန် စူပါဖလား ဗိုလ်လုပွဲကို တက်ရောက် သွားခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ် နဲ့ ဘီဘာအိုတို့ ပွဲက အနိုင် ရရှိ လာမယ့် အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ ။

မနေ့ ညက ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်တွေ မှာတော့ စပါး နဲ့ ဖူလ်ဟမ် တို့ ၁ ဂိုးစီ သရေ ကျခဲ့ပြီး မန်ချက်စတာ စီးတီး ကတော့ ဘရိုက်တန် ကို ၁ – ၀ နဲ့ အနိုင် ကစားကာ အဆင့် ၃ နေရာကို တက်လှမ်း လာနိုင် ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လူငယ် နောက်ခံ ကစား သမားလေး တီမိုသီ ဖိုဆူမန်ဆာ ကတော့ လေဗာကူဆင် အသင်း ဆီကို ယူရို ၂ သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ် ပါတယ် ။

ကိုဗစ် ကူးစက် နိုင်ချေ ကြောင့် ရပ်နားလိုက် ရတဲ့ နယူးကာဆယ် – ဗီလာ ပွဲစဉ် ကို လာမယ့် FA Cup Fourth Round ပွဲစဉ်တွေ ကစားမယ့် ရက်သတ္တပတ် မှာ ပြန်လည် ကစား သွားဖို့ စီစဉ် နေတယ် လို့ သိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ လိဂ်ဝမ်း ကလပ် ဝီဂန် အသင်းရဲ့ ၁၉ နှစ် အရွယ် တိုက်စစ်မှူးလေး ကိုင်းလ် ဂျိုးဆပ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ရိန်းဂျား ၊ ဆဲလ်တစ် နဲ့ ရှက်ဖီး ယူနိုက်တက် တို့ ကလည်း လူငယ်လေး ကို စောင့်ကြည့် နေတယ်လို့ ကြားသိ ရ ပါတယ် ။

အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မာတင်နယ်လီ ဟာ အသင်း နဲ့ လေ့ကျင့်ခန်း ပြန်ဆင်း နေပြီလို့ သတင်းကောင်း ကြားသိရ သလို ကွင်းလယ်လူ သောမတ်စ် ပါတေး ဟာလည်း ပွဲတွေ ပါဝင် ကစားပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရ ပါတယ် ။

လီဗာပူး နောက်ခံလူ မာတစ် ဟာ တနင်္ဂနွေနေ့ မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဉ် အမီ ပြန်လည် ကြံ့ခိုင် လာအောင် လုပ်ဆောင်နေတယ် လို့ သိရ ပါတယ် ။ ဘန်လေ ကို အနိုင် ရခဲ့တဲ့ ပွဲမှာ ဒဏ်ရာ အနည်းငယ် ရသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ် ဟာလည်း လီဗာပူး နဲ့ ပွဲကို ပါဝင် နိုင်ဖွယ် ရှိတယ် လို့ ကြားသိရ ပါတယ် ။

PSG နည်းပြသစ် ဖြစ်လာတဲ့ ပိုချက်တီနို ကတော့ ပြင်သစ်မြေပေါ် ကို ရောက်လာ အပြီး ၁၁ ရက် အကြာမှာပဲ ဖလား တစ်လုံး စတင် ရရှိ သွားခဲ့ ပါပြီ ။ PSG ဟာ Trophee des Champions ဖလား အတွက် မာဆေး အသင်း နဲ့ မနေ့ညက ယှဉ်ပြိုင် ကစား ခဲ့ပြီး တိုက်စစ်မှူး အီကာဒီ ရဲ့ တစ်လုံး တည်းသောဂိုး နဲ့ အနိုင်ရ ဗိုလ်စွဲ ခဲ့တာ ဖြစ် ပါတယ် ။

ဘုန်းမောက် အသင်း မှာ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဂျက် ဝီလ်ရှိုင်းယား ဟာ ဘုန်းမောက် နဲ့ ကာလတို စာချုပ် ချုပ်ဆို သွားဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်း ကတော့ ဝိုင်နယ်ဒမ် နဲ့ မမ်းဖစ် ဒီပိုင်း တို့ကို လာမယ့် နွေရာသီ မှာ အလွတ် နဲ့ ခေါ်ယူ နိုင်မယ်လို့ ယုံကြည် ထားကြောင်း သတင်း ကြားသိရ ပါတယ် ။ ဘာစီလိုနာ ဟာ ယခု လ ထဲမှာ မန်စီးတီး နောက်ခံလူ အဲရစ် ဂါစီယာ ကို အရခေါ်ဖို့ လည်း ဆုံးဖြတ် ထားတယ် လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ရဲ့ ကိုယ်စားလှယ်တွေ ဟာ ပြင်သစ် ကလပ် OCG နိုက်စ် အသင်း နဲ့ ဆွေးနွေးမှု ပြုလုပ် နေတယ် လို့လည်း သတင်း ကြားသိရ ပါတယ် ။

PSG တိုက်စစ်မှူး နေမာ ဟာ အသင်း နဲ့ စာချုပ်သက်တမ်း တိုးဖို့ နီးစပ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။ နေမာ ရဲ့ တစ်ပတ် ပေါင် ၆ သိန်း တန် စာချုပ် ဟာ ၂၀၂၂ မှာ ကုန်ဆုံး မှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR