ပရီးမီးယားလိဂ်ကို ဆွတ်ခူး နိုင်မယ့် အသင်း သုံးသင်းကို ခန့်မှန်းပေးလိုက်ပြီး အံ့ဖွယ် ချန်လှပ်မှု တစ်ခု ပြုလုပ်လိုက်တဲ့ ဆီဗတ်စတြာ

လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဦးဆောင် နေပြီး သူ့ရဲ့ နောက်မှာတော့ လီဗာပူး ၊ မန်စီးတီး ၊ လက်စတာ စီးတီးနဲ့ အဲဗာတန် အသင်း တွေက အသီးသီး ကပ်လျှက် ရပ်တည် နေခဲ့ကြပါတယ် ။

အဲ့ဒီ ထဲမှာတော့ အဆင့် 3 နေရာမှာ ရှိနေတဲ့ မန်စီးတီး အသင်းဟာ တစ်ပွဲလျှော့ ကစားထားပြီး အဆင့် 2 နေရာမှ လီဗာပူး အသင်းနဲ့ တစ်မှတ်သာ ကွာဟ နေခဲ့ပါတယ် ။ ဒါ့ကြောင့် မန်စီးတီးသာ ပွဲကျန်ကို အနိုင် ကစားနိုင်မယ် ဆိုရင် အဆင့် 2 နေရာကို သိမ်းပိုက် နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရပ်တည်မှုကို ကြည့်ရှု လိုက်မယ် ဆိုရင် မန်ချက်စတာ နှစ်သင်း နဲ့ လက်ရှိ ချန်ပီယံ လီဗာပူူး အသင်းတို့က ဒီရာသီ အမှတ်ပေး ဖလားကို ဆွတ်ခူး နိုင်ဖို့ အတွက် ရေပန်း အစားဆုံး ဖြစ်နေ ကြတယ် ဆိုတာ သိသာလှ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဆီဗတ်စတြာ ကတော့ ဒီနှစ် အမှတ်ပေး ဖလား ဆုကို ဘယ် အသင်းတွေ ဆွတ်ခူး နိုင်စွမ်း ရှိသလဲ ဆိုတာ အမေးခံလိုက် ရချိန်မှာ မန်စီးတီး အသင်းကို ချန်လှပ်သွားခဲ့ပြီး ယူနိုက်တက် ၊ လီဗာပူး နဲ့ အတူ လက်စတာ စီးတီးကို ရွေးချယ် သွားခဲ့လိုက် ပါတယ် ။

” ဒီနှစ် ဘောလုံး ရာသီ အတွင်း ပရီးမီးယားလိဂ် အမှတ်ပေး ဖလားကို ဘယ်အသင်းတွေ စိန်ခေါ် ဆွတ်ခူး နိုင်ကြ မလဲ ဆိုတာကို ဖြေကြား ရမယ် ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး အသင်း တွေနဲ့ အတူ လက်စတာ စီးတီး အသင်းကို ထည့်သွင်း ရွေးချယ် သွားလိုက်မှာပါ ”

” ဒီနှစ် ဘောလုံး ရာသီ ဆိုတာက အသင်းတိုင်း အတွက် အခွင့်အလမ်းတွေ ပွင့်နေတဲ့ ဘောလုံး ရာသီ တစ်ခု ပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်တော့ ပြိုင်ဖက် အသင်းကို လိုက်မီအောင် လုပ်တာ ၊ အဝေးကနေ မျှော်ကြည့် နေရတာထက် အခုလို လုပ်နိုင်တာ အရမ်းကို ကောင်းလှ ပါတယ် ”

” အခုတော့ အထက်ပိုင်း မှာပဲ ဆက်လက် ရပ်တည် နိုင်ဖို့ သူတို့တွေ ကြိုးစား အားထုတ် ကြရ ပါ့မယ် ။ လက်ရှိ ဘောလုံး ရာသီ အတွင်းမှာ သူတို့ တွေဟာ အရမ်းကို အပေါင်း လက္ခဏာ ဆောင်ကျဉ်း နေခဲ့ကြ ပါတယ် ။ အဲ့တာထက် ပိုကောင်းတဲ့ အရာ တစ်ခုက အိုလီဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေ တုန်းက ဘာမှ ထွေထွေထူးထူး အပြောင်းအလဲ မလုပ်ဆောင် ခဲ့တာပဲ ”

” ယူနိုက်တက် အသင်းဟာ ရာသီ အစတုန်းကတော့ ရလဒ်တွေ ဆိုးရွား နေခဲ့ပေမယ့် ဆိုးလ်ရှားဟာ သူ့ရဲ့ plan နဲ့ idea တွေကို ဆက်လက် ကျင့်သုံးခဲ့ ပါတယ် ။ ရှေ့ဆက်ပြီး ဆိုးလ်ရှား ဖက်က ပြောင်းလဲဖို့ မလိုအပ် ပါဘူး ။ ကစားသမားတွေ ဖက်ကသာ သူတောင်းဆို နေတာတွေကို လုပ်ပြ နိုင်အောင် ကြိုးပမ်းရ ပါ့မယ် ”

” ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီး တုန်းက ယူနိုက်တက် အသင်းဟာ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်ခဲ့ကြ ပါတယ် ။ သူတို့ တွေဟာ အသင်း ရဲ့ အားနည်းချက် ရှိတဲ့ နေရာ တွေကို အင်အား ဖြည့်တင်း ခဲ့ကြ ပါတယ် ။ အိုလီက ဒီလို တည်ငြိမ်မှု တစ်ခုကို လိုချင် နေခဲ့တာပါ ။ အခုတော့ သူတို့တွေ ပြန်လာ နိုင်ခဲ့ ပါပြီ ”

” အိုလီ အကြောင်းကို သိနေမယ် ဆိုရင် ခင်ဗျားဟာ သူ့ရဲ့ တန်ဖိုးကို သိနေပါ လိမ့်မယ် ။ ဒါကြောင့်လည်း သူ့ကို ဒီအလုပ် ပေးထား ခဲ့တာပါ ။ ယူနိုက်တက် က ဘာလဲ ဆိုတာ ပြသ နိုင်အောင် သူ လုပ်ဆောင် နေခဲ့ ပါတယ် ။ ယူနိုက်တက် အသင်း ရဲ့ ကစားသမား တစ်ဦး အနေနဲ့ ခင်ဗျားဟာ မီဒီယာ တွေရဲ့ ဆူငြံမှု တွေကို မေးထား နိုင်ရ ပါ့မယ် ။ မန်နေဂျာ ဆိုရင်တော့ ပိုပြီး သတိထား နေရပါ လိမ့်မယ် ”

” လက်ရှိ ဝန်ထမ်း တွေက စည်းလုံး နေပြီး ဆိုးလ်ရှား ရဲ့ အနောက်မှာ ရပ်တည် နေခဲ့ကြ ပါတယ် ။ လက်ရှိ အသင်းမှာ အမှတ်ပေး ဖလားကို စိန်ခေါ်ဖို့ အတွက် လုံလောက်တဲ့ တောင့်တင်းမှု ရှိနေ ပါပြီ ။ ဒါပေမယ့် ဘောလုံး ဆိုတာက ဟာသ ဆန်တဲ့ အားကစား တစ်ခုပါ ။ ခနလောက် နားမယ် လုပ်လိုတာ နဲ့ ခင်ဗျားတို့ အဆင့်ကျ သွားပါ လိမ့်မယ် ”

” ခင်ဗျားတို့ အချိန်တိုင်း အာရုံ စူးစိုက် နေဖို့ လိုအပ် ပါတယ် ။ ရာသီ အစတုန်းက ပုံစံတွေကို ကြည့်ပြီး ဇန်နဝါရီမှာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယားကို ဦးဆောင် နိုင်လိမ့်မယ်လို့ ကျွန်တော်လည်း လုံးဝ တွေးမထားခဲ့ ပါဘူး ။ ဘောလုံး ရဲ့ အလှတရား ဆိုတာ ဒီလို အရာတွေ ပါပဲ ။ သူတို့ တွေဟာ ပြိုင်ဖက် အသင်းတွေ ကျဆင်း နေချိန် အခွင့်အရေး ယူနိုင် ခဲ့ကြ ပါတယ် ”

” ပရီးမီးယားလိဂ် ပြိုင်ပွဲ ဆိုတာ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့အတွက် စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်နေရတာပါ ။ ယူနိုက်တက်ကို အခုလို မြင်တွေ့ရတာ အရမ်းကို ကောင်းမွန်လှ ပါတယ် ။ ကျွန်တော်ကတော့ ဒါကို ကောင်းလွန်းတဲ့ surprise တစ်ခုလို့ပဲ ခေါ်ဆိုချင် ပါတယ် ” လို့ ဆီဗတ်စတြာက သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar