မို ဆာလတ် ဟာ အသင်းမှာ အရမ်းကို ပျော်ရွှင်နေပါတယ် #ဖာဘင်ဟို

လီဗာပူး အသင်းရဲ့ နောက်ခံလူ ဖာဘင်ဟို ကတော့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက်ကြီးခဲ့တဲ့ မို ဆာလတ် ဟာ အသင်းမှာ အရမ်းကို ပျော်ရွှင်နေတဲ့ အကြောင်း ထုတ်ဖော် ပြောဆိုရင်း တုန့်ပြန်လိုက်ပါတယ်။

AS နဲ့ အင်တာဗျူး မလုပ်ခင် အချိန်ထိ ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသပြီး ၊ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာတောင် ဦးဆောင်ထားနိုင်ခဲ့တဲ့ ဆာလတ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာ တော်တော်လေး အံ့အားသင့်ဖို့ ကောင်းပါတယ်။

ဝေဖန် သုံးသပ်သူတွေ ကတော့ သူ့ရဲ့ အင်တာဗျူးကြောင့် ထွက်ပေါ်လာခဲ့တဲ့ ဝေဖန်သံတွေ ဟာ ကွင်းအတွင်း စွမ်းဆောင်ရည်တွေ အပေါ် တိုက်ရိုတ် သက်ရောက်မှု ရှိနေလိမ့်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

သို့သော် ဖာဘင်ဟို ကတော့ အဲဒီလို ပြောဆိုမှုတွေ ကို ပယ်ချကာ အခုလိုပဲ တုန့်ပြန်သွားခဲ့ပါတယ်။“ ထိပ်တန်း ကစားသမားတွေဟာ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ အကြားမှာ အမြဲတမ်း ပါဝင်နေမှာပါပဲ။ ဒါက အထူးအဆန်းကြီး မဟုတ်တော့ပါဘူး။

လောလောဆယ် သူဟာ ကမ္ဘာအပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး ကလပ်တစ်ခု ဖြစ်တဲ့ လီဗာပူး လို့ အသင်းမျိုးမှာ ကစားပေးနေတာလေ။ သူ့လို ကစားသမားကို အခြား ပြိုင်ပွဲက အသင်းတွေက လိုချင်တယ် ဆိုတာ သာမန် အနေအထား တစ်ခုလို့ပဲ ကျနော် က မြင်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ကျနော် ဟာ လီဗာပူး မှာ အရမ်းကို ပျော်နေတဲ့ ဆာလတ် ကို နေ့တိုင်း မြင်ထားရသလို ၊ ဒီရာသီ သူ့ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီးတော့လဲ တကယ်ကို အားရမိတာပါ။သူဟာ ကိုယ့်ကိုယ်ကို အမြဲတမ်း လိုအပ်ချက် ကြီးလွန်းတဲ့သူ ဖြစ်သလို ၊ အကောင်းဆုံး ကစားသမား တစ်ယောက်ပဲ ဖြစ်ချင်တာလေ။ ပြီးတော့ အသင်းကို သူ့ရဲ့ အလုပ်ကြိုးစားမှုတွေ နဲ့ အတူ ကူညီပေးချင်တဲ့သူပါ။

ဒီအကြောင်းအရာ ကတော့ ဘယ်တော့မှ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ ဂိုးတွေ ဆက်တိုက် သွင်းပြချင်တယ် ၊ အဝတ်လဲခန်း အတွင်းမှာလဲ အသင်းဖော်တွေ နဲ့ အတူ ဟာသတွေ ပြောရင်း ၊ ပျော်ပျော်ရွှင်ရွှွင်ပါပဲ။

အပြောင်းအရွှေ့ ကောလ ဟာလ သတင်းတွေကြောင့် သူ့ရဲ့ ခြေစွမ်းအပေါ် သက်ရောက်မှု ရှိနေတယ်လို့ ကျနော်က မထင်ပါဘူး။ ထပ်ပြောရရင် ကျနော် ကလဲ သတင်းတွေကို နားစွင့်တတ်သူ မဟုတ်ဘူးဗျ။

လိုရင်းကို ပြန်ချုပ်ပြီး ပြောရရင် ထိပ်တန်း ကစားသမားတိုင်းဟာ ထပ်တန်း ကလပ်တွေ နဲ့ ချိတ်ဆက်ခံရတဲ့ အပြောင်းအရွှေ့ သတင်းတွေက အမြဲတမ်း ရှိနေမှာပါပဲ” လို့ ESPN Brazil နဲ့ အင်တာဗျူးမှာ မှတ် ချက်ပေးသွားခဲ့ ပါတယ်။

ဆာလတ်ဟာ လက်ရှိ လီဗာပူး ရဲ့ လစာ အများဆုံး ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ပြီး ၊ တစ်ပတ် လုပ်ခ ပေါင် 200000 ကျော် အထိ ရရှိနေပါတယ်။ ဒါ့အပြင် သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းက 2 နှစ် ခွဲအထိ ကျန်ရှိနေသေးတာ ဖြစ်လို့ ၊ အသင်းပြောင်းဖို့ အတွက်က ဖြစ်နိုင်ချေ အရမ်းကို နည်းပါးနေဆဲပါ။

နာမည်ကြီး သတင်းထောက် တစ်ချို့ ကတော့ AS နဲ့ အင်တာဗျူး လုပ်လိုက်တဲ့ နောက်ကွယ်က အကြောင်းအရင်းဟာ လီဗာပူး ထံက စာချုပ်သစ် ကမ်းလှမ်းတာကို လိုချင်တဲ့ အတွက် အချက်ပြလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမှာ ကလပ်အသင်းဟာ နောက်တန်း ကစားသမားကြီး ဗန်ဒိုက် နဲ့ ဖာဘင်ဟို တို့ကို စာချုပ်သစ်တွေ ထပ်မံ ချုပ်ဆိုနိုင်ဖို့ အတွက် ပြင်ဆင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဆာလတ် အတွက်တော့ အေးဂျင့် ဖြစ်သူ နဲ့ စကားလမ်းကြောင်းတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး ၊ တရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

လီဗာပူး ဟာ ဆာလတ် ရဲ့ အင်တာဗျူးကို မြင်တွေ့ခဲ့ရပြီး နောက်ပိုင်း ၊ ပီအက်စ်ဂျီ နဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ ဘာပေ ရဲ့ အနေအထားကိုလဲ အနီးကပ် စောင့်ကြည့်လျှက် ရှိနေပါတယ်။