မန်ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်မီ ယာဂန်ကလော့ ခေါင်းခဲနေရတဲ့ ပြသနာတစ်ခု

လီဗာပူးဟာ လာမည့် တနင်္ဂနွေနေ့ အန်ဖီးမှာ မန်ချက်စတာယူနိုက်တက် အသင်းကို လက်ခံ ယှဉ်ပြိုင် ကစားသွားရမယ့် ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ်မှာ ဗဟို နောက်ခံလူ ဂျိုရယ်မာတစ် မပါဘဲ ကစား သွားရမယ့် အရေးနဲ့ ရင်ဆိုင် နေရပါတယ်။ လီဗာပူးဟာ လက်ရှိ အချိန်မှာ စီနီယာ ဗဟို နောက်ခံလူတွေ အားလုံး ဒဏ်ရာ ရနေတဲ့ အရေးနိမ့် ရင်ဆိုင် နေရပြီး ဗန်ဒိုက် နဲ့ ဂိုးမက်ဇ် တို့ဟာ ဒူးဒဏ်ရာတွေကြောင့် ကာလရှည် နားနေရသလို မာတစ် ကလည်း ဝက်ဘရွမ်းနဲ့ ပွဲစဉ်က ကြွက်သား ဒဏ်ရာကနေ recovery လုပ်နေဆဲ အဆင့်မှာပဲ ရှိနေ ပါသေးတယ်။

နောက်တန်း ဒဏ်ရာ ပြသနာတွေကြောင့် လီဗာပူးဟာ ဆောက်သမ်တန်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့လို ကွင်းလယ်လူ တွေကို ဗဟို ခံစစ်မှာ တွဲဖက် ကစားစေရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ လီဗာပူးဟာ လာမည့် တနင်္ဂနွေနေ့မှာ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ မန်ယူနိုက်တက် နဲ့ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပြီး ထိပ်ဆုံး နေရာကို ပြန်လည် ရောက်ရှိဖို့ အတွက် အနိုင် ၃ မှတ် အထူး လိုအပ် နေပါတယ်။

ကလော့ ကတော့ ဒီပွဲစဉ် အမှီ မာတစ် ပြန်လည် ကစားနိုင်ဖို့ မျှော်လင့် နေပြီး ဒါမှသာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ရဲ့ လုပ်အားနှုန်းကို ကွင်းလယ်မှာ အပြည့်အ၀ အသုံးချခွင့် ရမှာ ဖြစ်ပါတယ်။ ဖာဘင်ညို ကတော့ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဗဟို ခံစစ်မှာ သေချာပေါက် ကစား သွားရမှာ ဖြစ်ပေမယ့် ၎င်းနဲ့ တွဲဖက် ကစား သွားမယ့် သူဟာ ဘယ်သူ ဖြစ်လာမလဲ ဆိုတာ အခုထိ သေချာ ရေရာခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်သတ္တပတ် ကတော့ ကင်မရွန်း နောက်ခံလူဟာ ထင်ထားတာထက် ရက်ပိုင်းစောကာ recovery ဖြစ်လာဖို့ ရှိတာကြောင့် ယူနိုက်တက်နဲ့ ပွဲစဉ် အမှီ ပြန်လည် ကစား နိုင်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ဒါပေမယ့်လည်း Mirror ရဲ့ ဒေးဗစ်မက်ဒေ့ါ ကတော့ မာတစ်ဟာ ကွင်းထဲမှာ ပြေးလွှားမှုတွေ ၊ ဘောလုံးနဲ့ အတူ ပြန်လည် လေ့ကျင့်မှုတွေ ပြန်လုပ် နေပေမယ့် ပထမ အသင်းနဲ့တော့ ပြန်လည် လေ့ကျင့်မှု မလုပ်နိုင်သေးဘူးလို့ ဖွင့်ချ ခဲ့ပါတယ်။

အကယ်၍ မာတစ်သာ လာမည့် တနင်္ဂနွေနေ့ ပွဲစဉ် မတိုင်မီ အသင်းနဲ့ အတူ sessions ၂ ကြိမ် မလုပ်နိုင်ခဲ့ဘူး ဆိုရင် ယူနိုက်တက် နဲ့ ပွဲစဉ် အတွက် အသင်းရဲ့ လူရွေးချယ်မှုမှာ ထည့်သွင်း စဉ်းစား ခံရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း လီဗာပူး နံပါတ် ၃၂ ဟာ ကလော့ရဲ့ selection မှာ စဉ်းစားခံရဖို့ အတွက် လာမည့် ကြာသပတေး or သောကြာ training session မှာ အသင်းနဲ့ အတူ မဖြစ်မနေ ပြန်လည် ပူးပေါင်းလေ့ကျင့် ရမှာ ဖြစ်ပြီး လက်ရှိ အခြေအနေ အရ ကတော့ မာတစ် အနေနဲ့ ဒီလို လုပ်နိုင်တဲ့ အခြေအနေမှာ မရှိသေးဘူးလို့ သိရပါတယ်။

အကယ်၍ မာတစ် အနေနဲ့ လီဗာပူး အသင်းနဲ့ အတူ trainging session ၂ ခုမှာ ပူးပေါင်းနိုင်ခြင်း မရှိခဲ့ဘူး ဆိုရင် ကလော့ အနေနဲ့ ဖာဘင်ညို နဲ့ တွဲဖက်ဖို့ အတွက် နက်ဖီးလစ် ၊ ရီးစ်ဝီလီယံ နဲ့ ဂျော်ဒန်ဟန်ဒါဆန် တို့ထဲက တစ်ဦးဦးကို ရွေးချယ် သွားမှာ ဖြစ်ပါတယ်။ ကလော့ အတွက် အနည်းငယ် စိတ်သက်သာရာ ရစေနိုင်တာ ကတော့ အန်သိုနီမာရှယ်ဟာ ဘန်လေနဲ့ ပွဲစဉ်မှာ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ၎င်းရဲ့ အစား ရွေ့လျားမှု အနည်းငယ် နှေးကွေးတဲ့ ကာဗာနီကို အထောင်တိုက်စစ် နေရာမှာ အသုံးပြု ရမယ့် အခြေအနေကြောင့် ဖြစ်ပါတယ်။

မက်ဒေ့ါက မာတစ်ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ တိုးတက်မှုတွေ ရှိနေတယ်လို့ ရှင်းလင်းလိုက် ပေမယ့် ယူနိုက်တက်နဲ့ ပွဲစဉ် အပြီးမှာ ပွဲတွေ များစွာ ကစား သွားရမယ့် အခြေအနေကြောင့် လီဗာပူး ဘက်က ၎င်းနဲ့ ပက်သက်ပြီး စွန့်စားမှု မလုပ်ချင်ဘူးလို့ ဆိုခဲ့ပါတယ်။ လီဗာပူးဟာ ယူနိုက်တက်နဲ့ အိမ်ကွင်း ပွဲစဉ် ကနေ စပြီး လာမည့် ဖေဖော်ဝါရီ ၆ ရက်နေ့ထိ ကြားရက်တွေ မှာလည်း ပွဲတွေ ကစား သွားရမှာ ဖြစ်ကာ ရက် ၂၀ အတွင်း ၇ ပွဲ ကစားရမယ့် အခြေအနေ ဖြစ်ပါတယ်။

လီဗာပူး အနေနဲ့ ဒီလမှာ ဗဟိုနောက်ခံလူ တစ်ဦးသာ မခေါ်ယူ ဖြစ်ခဲ့ဘူး ဆိုရင် လက်ကျန် ရာသီဝက်မှာ မာတစ်ကို တက်နိုင်သမျှ ပွဲတွေ အများကြီး ကစားနိုင်ဖို့ မျှော်လင့် နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကလော့ အနေနဲ့ ယူနိုက်တက်နဲ့ ပွဲမှာ မာတစ်ကို စွန့်စား အသုံးပြုသွားမလား ဒါမှမဟုတ် လူငယ် ကစားသမားတွေ ဖြစ်တဲ့ ရီးစ်ဝီလီယံနဲ့ နက်ဖီးလစ် တို့ကို ဒီလို အရေးကြီး ပွဲစဉ်မှာ ထည့်သုံးရမလား? ဟန်ဒါဆန် နဲ့ ဖာဘင်ညို အတွဲကိုပဲ အသုံးပြု သွားရမလား ဆိုတာ ခေါင်းခဲနေရပါတယ်။

SM