ဘန်လေနဲ့ နိုင်ပွဲအပြီး အသင်းသား နှစ်ဦးရဲ့ စွမ်းဆောင်ရည် အပေါ် မှတ်ချက်ပေး ချီးကျူးလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ရဲ့ ပွဲကျန် တစ်ပွဲ အဖြစ် ဘန်လေ အသင်းကို တာ့ဖ် မူးရ် ကွင်းထဲမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ အဖိုးတန် အဝေးကွင်း နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တစ်လုံး တည်းသော သွင်းဂိုးကို တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ ဖန်တီးမှု က တစ်ဆင့် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က ပွဲချိန် 71 မိနစ်မှာ သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် အခုတော့ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 1 နေရာကို တက်ရောက် သွားနိုင် ခဲ့ကြ ပါပြီ ။ ဒါဟာ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ ခဲ့တဲ့နောက် ဇန်နဝါရီမှာ ပထမဆုံး အကြိမ် အဖြစ် အမှတ်ပေး ဇယားကို ဦးဆောင်ခြင်း ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ နိုင်ပွဲ အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က ပုံစံကောင်း တွေကို ပြသ နေခဲ့ပြီး အနိုင်ဂိုး သွင်းယူ ပေးခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ရဲ့ စွမ်းဆောင်ရည် တွေကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် အရင်တုန်းက ပြင်သစ် လက်ရွေးစင်ဟာ ယခင်တုန်းက လုံလောက်စွာ ကောင်းမွန်ခြင်း မရှိ ခဲ့တဲ့ အတွက် သူ ကိုယ်တိုင် အမြဲလို ဝေဖန်ခဲ့ဖူးကြောင်း ၊ ပေါလ်ဟာ တိုက်စစ် ဘယ်ဖက် အခြမ်းမှာ ကစားတဲ့ အခါ လွတ်လပ်စွာ ကစား နိုင်ပြီး ပိုမို ခြေစွမ်း ပြနိုင်စွမ်း ရှိကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ပေါ့ဂ်ဘာ ဆိုတာ တိုက်စစ် ဘယ်ဖက် အခြမ်းမှာ ဝင်ရောက် ကစားလေ့ ရှိတဲ့ ပွဲစဉ် တွေမှာ အများကြီး ပိုကောင်း ခဲ့တယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ နေရာမှာ သူဟာ စိတ်ထဲ ရှိသလို လွတ်လပ်စွာ ပြေးလွှား ကစားပေး နိုင်ခွင့်တွေ ရရှိ နေခဲ့လို့ ပါပဲ ”

” အဲ့ဒီ နေရာက သူ့ကို ပိုကောင်းစေ ပါတယ် ။ ဒီ နေရာမှာ သူ ကစားတဲ့ အခါ တစ်ဦးချင်း ရင်ဆိုင် ကစားရတာ ၊ ပြိုင်ဖက် တွေကို လိမ်ခေါက် ကျော်ဖြတ် ရတာမျိုး တွေကို လုပ်ပြ နိုင်စွမ်း ရှိပါတယ် ။ ကွင်းလယ် ခံစစ် နေရာမှာ ကစားပေးခဲ့ ရတဲ့ ပွဲစဉ်တွေ မှာတော့ သူဟာ ဘောလုံးကိုင် ၊ မတ်တပ်ရပ် ၊ အလန်းစား ပေးပို့မှု လုပ်ဆောင် ရတာမျိုးပဲ လုပ်နိုင်ခဲ့ ပါတယ် ”

” ခံစစ်ပိုင်း ကစား ရတဲ့ အခါတွေမှာ သူဟာ တစ်ခါတလေ လောက်ပဲ တိုက်စစ် တက်ရောက် ကူညီ ကစား ပေးခွင့် ပိုင်ဆိုင် ခဲ့ရပါတယ် ။ ဒါ့အပြင် ကွင်းလယ် ကနေ ပေးပို့တဲ့ သူ့ရဲ့ killer pass တွေက အလုပ် ဖြစ်တာမျိုး ရှိခဲ့ သလို လွဲချော် သွားတာမျိုးတွေလည်း ရှိခဲ့ရ ပါတယ် ”

” ပြီးခဲ့တဲ့ နှစ် အနည်းငယ် တုန်းက ကျွန်တော်ဟာ ပေါ့ဂ်ဘာ အပေါ် ဝေဖန်မှုတွေ အတော်လေး လုပ်ဆောင် ခဲ့ဖူး ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ရှိသင့်တဲ့ အဆင့်အတန်း တစ်ခုမှာ မရှိနိုင်ခဲ့ဘူးလို့ ခံစားခဲ့ရလို့ ပါပဲ ။ ဒီနေ့ ပွဲရဲ့ ဒုတိယပိုင်း မှာတော့ သူဟာ ကွင်းထဲက အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ ပါတယ် ”

” ဒီနှစ် အတွင်း ဘရူနို ဖာနန်ဒက်စ်ဟာ မကြာခန ဆိုသလို ချီးကျူးမှု တွေကို ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ အခု ရက်သတ္တပါတ် အတွင်း မှာတော့ ပြိုင်ဖက် ဂိုး ဧရိယာထဲ သူ့ရဲ့ အမြင့်ဘော ကစားမှု တွေက တစ်ကယ့်ကို တိုးတက် လာခဲ့ ပါတယ် ။ သူဟာ အမြင့်ဘော တွေကို ဦးယူရင်း တိုက်စစ်ဆင်ခွင့်တွေ ရရှိ စေနိုင်ခဲ့ ပါတယ် ”

” သူ့ရဲ့ ကစားပုံ တွေက စစ်မှန်တဲ့ တိုက်စစ်မှူး တစ်ဦး နဲ့ ပိုပြီး ပုံစံ ဆင်တူ လာခဲ့ ပါတယ် ။ သူဟာ အသင်းကို အနည်းငယ်ပဲ ကူညီ ပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲချိန် ဒုတိယပိုင်း အတွင်း သူဟာ ပွဲစဉ် အပေါ် လွှမ်းမိုး နိုင်စွမ်း ကြီးမားခဲ့ ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ချီးကျူး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar