ဘန်လေနဲ့ နိုင်ပွဲမှ အသင်းသားတွေရဲ့ အောင်ပွဲခံပုံ အပေါ် ကာကွယ်စကား ဆိုလိုက်ရင်း ကတိပေးမှု တစ်ခု ပြုလုပ်လိုက်တဲ့ ဆိုးလ်ရှား

လက်ရှိ အချိန်မှာ တစ်ဦး နဲ့ တစ်ဦး ပူးပူးကပ်ကပ် အောင်ပွဲ မခံကြဖို့ ညွှန်ကြားမှုတွေ ခံနေခဲ့ ရတဲ့ အနေအထား တစ်ရပ် မှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က သူ့ရဲ့ ကစားသမား တွေကို စည်းကမ်းချက် တွေနဲ့ အညီ ပြုမူ နေထိုင်ဖို့ မှာကြား သွားမှာ ဖြစ်ကြောင်း ကတိပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ဘန်လေ အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲကျန် ကစား ခဲ့ပြီး အဆုံးသတ်မှာ 0 – 1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ လီဗာပူးကို ကျော်ဖြတ်ပြီး အမှတ်ပေး ဇယားကို ဦးဆောင် သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ ယူနိုက်တက် အသင်း အတွက် သွင်းဂိုးကို ပွဲချိန် 71 မိနစ် မှာ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က အဝေး ကန်ချက်နဲ့ အတူ ရယူ သွားနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်ဖို့ အခွင့်အလမ်း ရရှိတော့မယ် ဆိုတဲ့ အတွေး တွေနဲ့ အတူ ယူနိုက်တက် ပရိသတ် တွေဟာ အတူတကွ ပွေ့ဖက် အောင်ပွဲခံ ခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ကွင်းလယ်ဒိုင် ဖြစ်သူက ပွဲစဉ် မတိုင်မီ ကတည်းက ကစားသမား တွေကို မလိုအပ်တဲ့ ထိတွေ့မှု တွေကို မလုပ်ဆောင်ဖို့ နည်းပြ ဆိုးလ်ရှားနဲ့ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား နဲ့ ကြိုတင် သတိပေး စကား ပြောကြား ခဲ့ပါ သေးတယ် ။ ဒါပေမယ့် လက်တွေ့ မှာတော့ ယူနိုက်တက် အသင်းသား တွေဟာ စည်းကမ်း မလိုက်နာ နိုင်ခဲ့ကြ ပါဘူး ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ရှေ့ဆက်ပြီး အသင်းသား တွေကို ဒီလို မလုပ်ဆောင်ကြဖို့ မှာကြားရင်း ရှေ့ဆက် အကောင်းဆုံး ကြိုးစား သွားမှာ ဖြစ်ကြောင်း ၊ ဘောလုံး လောကမှာ ဒါဟာ ပြုလုပ် နေကြ အရာ တစ်ခု ဖြစ်နေခဲ့တဲ့ အတွက် ရုတ်တရက် စိတ်ထိန်း နိုင်ဖို့ ခက်ခဲကြောင်း ကာကွယ် သွားခဲ့လိုက် ပါတယ် ။

” ဘောလုံး ၊ ဒါဟာ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ အားကစား တစ်ခုပါ ။ ဒါ့ကြောင့် ကစားသမား တွေဟာ ဘယ်လို အောင်ပွဲခံ ကြသလဲ ဆိုတာ ကျွန်တော်တို့ နားလည် နေဖို့ လိုအပ် ပါတယ် ။ ဒါပေမယ့် အခုလို အနေအထား တစ်ရပ်မှာ ခံစားချက်တွေကို ထိန်းပြီး ပွေ့ဖက် နှုတ်ဆက်မှု နည်းပါးအောင် လုပ်ရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ဖို့ လိုအပ် ပါတယ် ”

” ဒါပေမယ့် လက်တွေ့ မှာတော့ အဲ့တာကို ကျင့်သုံးဖို့ ဆိုတာက ခက်ခဲလှ ပါတယ် ။ ဘောလုံး ဆိုတာက ကျွန်တော်တို့ အတွက် အကောင်းဆုံး နဲ့ အဆိုးဆုံး အရာတွေကို သယ်ဆောင် ပေးတဲ့ အားကစား တစ်ခု ပါပဲ ။ ခင်ဗျားဟာ ဂိုးသွင်းယူ လိုက်ပြီ ဆိုတာနဲ့ အသင်းဖော် တွေနဲ့ အတူ အောင်ပွဲခံ လိုမှာ ပါပဲ ”

” ကျွန်တော်တို့ ရှေ့ဆက် ညွှန်ကြားချက် တွေနဲ့ အညီ ဒါကို လုပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားအားထုတ် သွားကြမှာပါ ။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော်တို့ အားလုံးက ဘောလုံး အားကစားကို ရှေ့ဆက်ပြီး လုံခြုံမှု အပြည့် ၊ အန္တရာယ် ကင်းစွာ နဲ့ ကစားလို နေကြလို့ ပါပဲ ”

” အခုလို လုပ်ဆောင်ခြင်း က ကစားသမား တွေနဲ့ ပရိသတ် တွေကို စိတ်ပိုင်း ဆိုင်ရာ သက်သာရာ ရရှိ စေမှာ အမှန် ပါပဲ ။ လက်ရှိ နိုင်ငံရဲ အနေအထား ကလည်း ဘယ်လို ရှိနေသလဲ ဆိုတာကို ကျွန်တော်တို့ အားလုံး ကောင်းကောင်း သိထားကြ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar