ဆယ်စုနှစ် ရဲ့ အကောင်းဆုံး Playmaker အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ လီယွန်နယ်မက်ဆီ

ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၀ အတွင်း မှာ အကောင်းဆုံးသော Playmaker အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။ မက်ဆီ ဟာ ဂိုးသွင်း ကောင်းရုံသာ မကဘဲ သူ့ရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှုတွေ ဟာ အခုလို ခမ်းနားတဲ့ စာရင်း ရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်ဖို့ ထိုက်တန် စေခဲ့တာပဲ ဖြစ် ပါတယ် ။ ဒီစာရင်း ကိုတော့ ဘောလုံး အသင်းတွေ နဲ့ ကစား သမားတွေရဲ့ အချက် အလက်တွေကို လေ့လာ စိစစ် အကဲဖြတ်တဲ့ International Federation of Football History & Statistics ( IFFHS ) ကနေ ထုတ်ပြန် ခဲ့တာပဲ ဖြစ် ပါတယ် ။

IFFHS ဟာ နှစ်စဉ် နှစ်တိုင်း မှာ ကစား သမား တွေရဲ့ စွမ်းဆောင် ရည်တွေကို အကဲဖြတ်ပြီး အမှတ် စနစ် နဲ့ အဆင့် သတ်မှတ် ဖော်ပြ ပေးခဲ့ ပါတယ် ။ ၂၀၂၀ အပြီး မှာတော့ ဆယ်စုနှစ် တစ်ခုစာ ရမှတ်တွေ ကို စုပေါင်း တွက်ချက် ခဲ့ပြီး အကောင်းဆုံး ကစား သမားတွေကို စာရင်း ပြုစု ထုတ်ပြန် သွားခဲ့ ပါတယ် ။

IFFHS ရဲ့ တွက်ချက်မှု မှာ နှစ်စဉ် အကောင်းဆုံး နေရာကို ရရှိတဲ့ ကစား သမားဟာ ရမှတ် ၂၀ ရရှိပြီး ဒုတိယ နေရာကနေ စတုတ္ထ နေရာ အထိ တစ်မှတ်စီ လျော့ပြီး တွက်ချက် ခဲ့တာပဲ ဖြစ် ပါတယ် ။ ၂၀၁၁ ကနေ ၂၀၂၀ ခုနှစ် အတွင်း ကစား ခဲ့တဲ့ အကောင်းဆုံး Playmaker အယောက် ၂၀ ရဲ့ စွမ်းဆောင်ရည် တွေကို တွက်ချက် လိုက်တဲ့ အခါ မှာတော့ . . . . .

ရွှေဘောလုံး ၆ ဆုရှင် မက်ဆီ ဟာ စုစုပေါင်း ရမှတ် 174 မှတ် နဲ့ ပထမ နေရာမှာ ရပ်တည် ခဲ့ ပါတယ် ။ မက်ဆီ ဟာ ၂၀၁၅ ၊ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ် တွေရဲ့ တစ်နှစ်တာ အကောင်းဆုံး Playmaker ဖြစ်ခဲ့ သူလည်း ဖြစ်ပါတယ် ။ မက်ဆီ ရဲ့ နောက် မှာတော့ ဘာစီလိုနာ အသင်းဖော်ဟောင်း အန်ဒရေ အင်နီယေစတာ က ရမှတ် ပေါင်း 127 မှတ် နဲ့ ဒုတိယ နေရာကို ရရှိ ခဲ့ ပါတယ် ။

မက်ဆီ နဲ့ ရိုနယ်ဒို တို့ရဲ့ ရွှေဘောလုံး ကြီးစိုးမှု ကို ချိုးဖျက် နိုင်ခဲ့တဲ့ ရီးရဲ ကွင်းလယ်လူ မိုဒရစ် ကတော့ ရမှတ် ၁၁၃ မှတ် နဲ့ တတိယ အကောင်းဆုံး Playmaker အဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ် ။ သူတို့ရဲ့ အနောက် မှာတော့ မန်ချက်စတာ စီးတီး ရဲ့ ကွင်းလယ် ကစား သမား ကီဗင် ဒီဘရိုင်းနား နဲ့ ရီးရဲ ကွင်းလယ်လူ တိုနီကရူးစ် တို့က အစဉ်လိုက် ရပ်တည် ခဲ့ကြ ပါတယ် ။

တစ်ခေတ် တစ်ခါ က ဖန်တီးမှုတို့ရဲ့ အရှင်သခင် လို့ ကျော်ကြား ခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ မီဆွတ် အိုဇေးလ် က တော့ နောက်ပိုင်းနှစ် တွေမှာ ဖန်တီးမှု လျော့ကျ ခဲ့ပြီး ကစားရမှု လည်း နည်းပါးလာခဲ့ တာကြောင့် အဆင့် ၈ နေရာကိုသာ ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် အိုဇေးလ် ဟာ ဒေးဗစ် ဆေးဗား ၊ ခရစ်ရှန် အဲရစ်ဆင် တို့လို Playmaker တွေရဲ့ အထက်မှာတော့ ရှိနေဆဲ ပါပဲ ။

မက်ဆီ ရဲ့ မဟာ ပြိုင်ဘက် ရိုနယ်ဒို ကတော့ သူ့ရဲ့ ပြိုင်ဘက်လို ဂိုးဖန်တီးမှု မှာ စံတင်ရ လောက်သူ မဖြစ်ခဲ့ ပါဘူး ။ ဒါပေမယ့်လည်း ရိုနယ်ဒို ဟာ ဆယ်စုနှစ် ရဲ့ အကောင်းဆုံး Playmaker ဇယား မှာ ၅၄ မှတ် နဲ့ အဆင့် ၁၂ နေရာကို ရယူ နိုင်ခဲ့ပြီး ထိပ်တန်း ကွင်းလယ်လူ အတော် များများရဲ့ အထက်ကို ရောက်ခဲ့တာကိုလည်း တွေ့မြင် ခဲ့ရ ပါတယ် ။

ဆယ်စုနှစ် ရဲ့ အကောင်းဆုံး Playmaker အယောက် ၂၀ –

၁ ။ မက်ဆီ – ၁၇၄ မှတ်
၂ ။ အင်နီယေစတာ – ၁၂၇ မှတ်
၃ ။ လူကာမိုဒရစ် – ၁၁၃ မှတ်
၄ ။ ကီဗင် ဒီဘရိုင်းနား – ၁၀၃ မှတ်

၅ ။ တိုနီကရူးစ် – ၉၀ မှတ်
၆ ။ အီဒင် ဟာဇက် – ၇၇ မှတ်
၇ ။ နေမာ – ၇၁ မှတ်
၈ ။ မီဆွတ်အိုဇေးလ် – ၆၉ မှတ်
၉ ။ အန်ဒရေ ပီယာလို – ၆၃ မှတ်

၁၀ ။ ယာယာတိုရေး – ၆၀ မှတ်
၁၁ ။ ဇာဗီ – ၅၅ မှတ်
၁၂ ။ ခရစ္စတီယာနို ရိုနယ်ဒို – ၅၄ မှတ်
၁၃ ။ ဒေးဗစ် ဆေးဗား ၅၂ မှတ်

၁၄ ။ ဟာမက် ရိုဒရီဂွက် – ၄၂ မှတ်
၁၅ ။ ရှဝိန်းစတိုင်ဂါ – ၄၀ မှတ်
၁၆ ။ ခရစ်ရှန် အဲရစ်ဆင် – ၃၈ မှတ်
၁၇ ။ မာရက်ဇ် – ၃၈ မှတ်
၁၈ ။ ပေါလ် ပေါ့ဘာ – ၃၅ မှတ်
၁၉ ။ သီယာဂို အယ်ကန်ထရာ် – ၃၃ မှတ်
၂၀ ။ အစ္စကို – ၂၅ မှတ်

SPORTS MYANMAR