အနိုင်ရသော်လည်း ညံ့သူ များလွန်းနေခဲ့တဲ့ ဝက်စ်ဟမ်း 1 – 3 ယူနိုက်တက် ပွဲစဉ်မှ ဧည့်သည် အသင်းရဲ့ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 11 အဖြစ် ဝက်စ်ဟမ်း အသင်းနဲ့ လန်ဒန်ကွင်းထဲမှာ ရင်ဆိုင် ကစားခဲ့ရပြီး 1 – 3 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 4 နေရာကို (ယာယီ) တက်လှမ်း နိုင်ခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ်မှာတော့ ပထမပိုင်း အတွင်း ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက် တို့ကို အကြိမ်ကြိမ် ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်ခွင့် တွေကို အတော်လေး ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် လက်တွေ့ မှာတော့ တစ်ဂိုးသာ သွင်းယူ နိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ ယူနိုက်တက် အသင်း အတွက် ရပ်ရှ်ဖို့ နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ဝင်ရောက် လာခဲ့တဲ့နောက် ဧည့်သည် အသင်းရဲ့ ကစားပုံဟာ သိသိသာသာ ထူးကဲ ကောင်းမွန် သွားခဲ့ရ ပါတယ် ။ အထူးသဖြင့် ခြေစွမ်း မပြနိုင် ဖြစ်နေခဲ့တဲ့ မာရှယ်ရဲ့ နေရာကို ရပ်ရှ်ဖို့ ဝင်လာတာက တောင်ပံ တိုက်စစ် ကစားဟန်ကို အသက်ဝင် စေခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 65 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် ရဲ့ ပေးပို့မှုကို ပေါ့ဂ်ဘာ က အားပါတဲ့ အဝေးကန်ချက် နဲ့ အဆုံးသတ်ပြီး ခြေပဂိုး သွင်းယူ သွားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ပွဲချိန် 68 မိနစ်နဲ့ 78 မိနစ် တွေမှာ ဂရင်းဝုဒ် နဲ့ ရပ်ရှ်ဖို့ တို့ဟာ တစ်ဂိုးစီ ဆက်လက် သွင်းယူ ပေးရင်း အဝေးကွင်း ဂိုးပြတ် နိုင်ပွဲကို ရယူ ပေးနိုင်ခဲ့ ကြတာပဲ ဖြစ်ခဲ့ ပါတယ် ။

ယူနိုက်တက် တို့ဟာ အခုလို comeback နိုင်ပွဲ ရယူ သွားနိုင်ခဲ့ကြပေမယ့် တစ်ကယ်တမ်း မှာတော့ ပွဲထွက် ကစားသမား အချို့ရဲ့ ကစားပုံ တွေက စိတ်ပျက်စရာ ဖြစ်ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် အတွက် ဘယ်သူတွေ တောက်ပပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ဆိုတာကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒင်းန် ဟန်ဒါဆန် ( 6 )

ပြိုင်ဖက် ရဲ့ ကန်ချက် တွေဟာ ဂိုးပေါက် မတည့်ခဲ့မှု ၊ သူဆီ တိုက်ရိုက် ရောက်ရှိခဲ့မှု တွေကြောင့် ကံကောင်း ခဲ့တယ်လို့ ဆိုရပါလိမ့်မယ် ။ ပေါ့ဂ်ဘာ ရဲ့ ဂိုးကို ရရှိ စေဖို့ အတွက် ဘရူနို ဖာနန်ဒက်စ်ဆီ ဘောလုံး ပေးပို့ နိုင်ခဲ့ ပါတယ် ။

 

ဝမ် ဘစ်ဆာကာ ( 5 )

ကောင်းမွန်တဲ့ ဖျက်ထုတ်မှု ၊ ဟန့်တားမှု အချို့ကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် မြန်နှုန်းမြှင့် ပြိုင်ဖက် တိုက်စစ် ကစားသမား တွေကို ဒုက္ခ ပေးနိုင်ဖို့ အခက်တွေ့ ခဲ့ရ ပါတယ် ။

ဗစ်တာ လင်ဒီလော့ဖ် ( 5 )

ပထမပိုင်းအတွင်း ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တား နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ ဒုတိယပိုင်းမှာ အသင်းလိုက် ကစားပုံ ကောင်းမွန် ခဲ့တဲ့နောက် ဖိအားတွေ အောက်က လွတ်မြောက် ခဲ့ရ ပါတယ် ။

ဟယ်ရီ မက်ဂွားယား ( 5 )

အထူး တောက်ပ ခဲ့တာမျိုး မရှိခဲ့ သလို အမှားလည်း မရှိသလောက် နည်းပါးခဲ့ ပါတယ် ။ ခြုံငုံ ပြောရရင် ခေါင်းဆောင်ကြီးရဲ့ စွမ်းဆောင်ရည်က သာမန်မျှ ဖြစ်ခဲ့ ပါတယ် ။

အဲလက်စ် တဲလက်စ် ( 5.5 )

ဖြတ်တင်ဘောတွေဟာ ယခင်လို ထူးကဲမှု မရှိခဲ့ ပါဘူး ။ ခံစစ် ကစားပုံ လိုအပ်ချက်လည်း ရှိနေခဲ့ပါတယ် ။ ဂရင်းဝုဒ် ရဲ့ ဂိုးကို ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ။

စကော့ မက် တော်မီနေး ( 6 )

ကွင်းလယ်မှာ ဟန်ချက် တစ်ခု ရရှိ စေနိုင်ဖို့ အတွက် တိုက်စစ်ရော ခံစစ်ကိုပါ ကူညီ ကစားပေး နိုင်ခဲ့ ပါတယ် ။ မာကျောတဲ့ ကစားဟန် ၊ အလုပ် ကြိုးစားမှု အရည်အသွေးတွေ ပြသ သွားနိုင်ခဲ့ ပါတယ် ။

ပေါလ် ပေါ့ဂ်ဘာ ( 6.5 )

အသင်း အတွက် ရှေ့ဆက် ကစားရ လွယ်ကူ စေနိုင်မယ့် ခြေပဂိုးကို သေသပ် ကောင်းမွန်တဲ့ အဝေးကန်ချက် နဲ့ ရယူ ပေးနိုင်ခဲ့ ပါတယ် ။ ပွဲထွက်ခွင့် ပြန်လည် ရရှိနိုင်ဖို့ အတွက် လုံလောက်တဲ့ အရည်အသွေး ပြသသွားနိုင်ခဲ့ ပါတယ် ။

ဒွန်နီ ဗန်ဒီ ဘိခ် ( 3 )

ယူနိုက်တက် ကစားသမား ဘဝရဲ့ စိတ်ပျက်ဖွယ် အကောင်းဆုံး ပွဲစဉ်ကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ဝက်စ်ဟမ်း အသင်းရဲ့ မြန်ဆန်တဲ့ တိုက်စစ် ကစားဟန်ကို ချေဖျက်နိုင်ဖို့ အခက်တွေ့ နေခဲ့ရတဲ့ အတွက် ပထမပိုင်း အပြီး လူစားလဲခံ ခဲ့ရ ပါတယ် ။

အန်သိုနီ မာရှယ် ( 4 )

ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ် လုပ်ဆောင် နိုင်ခဲ့တာက လွဲရင် ပုံစံကောင်း ပြသဖို့ ဆက်လက် ရုန်းကန် ခဲ့ရပြန် ပါတယ် ။ ပွဲထွက်ခွင့်နဲ့ မထိုက်တန်တော့ ပါဘူး ။

အီဒင်ဆန် ကာဗာနီ ( 4 )

ပထမပိုင်း အတွင်း ကောင်းမွန်တဲ့ လှုပ်ရှားမှှု ၊ နေရာယူမှု အချို့ကို လုပ်ဆောင်ပြနိုင်ခဲ့ပြီး ကြိုးကြိုးစားစား ကစားခဲ့ပေမယ့် ပုံစံကောင်း ပြသဖို့ အခက်တွေ့ခဲ့ ပါတယ် ။ ပထမပိုင်းအပြီ လူစားလဲခံခဲ့ရ ပါတယ် ။

မေဆွန် ဂရင်းဝုဒ် ( 6.5 )

အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အချို့ လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ အခွင့်အရေး အချို့ကိုလည်း ဖြုန်းတီးခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ…

ရပ်ရှ်ဖို့ ( 7 )
ဘရူနို ( 7 )
မာတာ ( 6 )

#Sports_Myanmar