လေ့ကျင့်ခန်းပြန်ဆင်းနိုင်တဲ့ ဗန်ဒိုက် ၊ ဟက်ကာရန်က လွတ်သွားတဲ့ မန်ယူနိုက်တက် ၊ မက်ဆီ နဲ့ ပတ်သက်ပြီး ငြင်းလိုက်တဲ့ PSG တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ အသင်းရဲ့ ကွန်ပျူတာ စနစ် အတွင်း ချိုးဖောက် ဝင်ရောက်ကာ ငွေညှစ် နေတဲ့ ဟက်ကာ ကိစ္စ ကို တွန်းလှန် ဖြေရှင်း နိုင်ခဲ့ပြီ လို့ သိရ ပါတယ် ။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် ဟာ ဒီဇင်ဘာ ၂၀ မှာ ကစားမယ့် လိဒ် ယူနိုက်တက် နဲ့ ပွဲမှာ အိုးထရက် ဖိုဒ့် ကွင်းအတွင်း ပရိသတ်တွေ ပြန်လည် ဝင်ရောက် လာ နိုင်ဖို့ အတွက် လိုအပ် တဲ့ စည်းမျဉ်း စည်းကမ်းတွေ နဲ့ ကိုက်ညီမှု ရှိအောင်လည်း လုပ်ဆောင် နေတယ် လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ ယမန်နေ့ က အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကို လာရောက် နိုင်ခဲ့တယ် လို့ သိရ ပါတယ် ။ ရက်ဖိုဒ့်ဟာ PSG နဲ့ ပွဲမှာ နောက်ကျော ဒဏ်ရာ ရခဲ့ပြီး ဝက်စ်ဟမ်း နဲ့ ပွဲမှာ ပါဝင် နိုင်မလား ဆိုတာ ကိုတော့ စောင့်ကြည့် ရဦးမှာပဲ ဖြစ် ပါတယ် ။

ယမန်နေ့ က ဘာစီလိုနာ ဖယောင်းပြတိုက် မှာ ထားရှိ ဖော်ပြ ခံခဲ့ ရတဲ့ လီယွန်နယ် မက်ဆီ ရဲ့ ပုံတူ ရုပ်တု နဲ့ ပတ်သက်ပြီး ဘာကာ ပရိသတ်တွေ အကြားမှာ အနှုတ် လက္ခဏာ ဆောင်တဲ့ မှတ်ချက်တွေ များနေ ခဲ့ကြပါတယ် ။ အတော်များများ က အဆိုပါ ပုံတူ ဖယောင်းရုပ်တု ဟာ မက်ဆီ နဲ့ မတူကြောင်း ပြောဆို ဝေဖန် ခဲ့ကြ တာ ဖြစ်ပါတယ် ။

နာပိုလီ အသင်း ဟာ နေပယ် မြို့တော်ဝန် ရဲ့ ခွင့်ပြု မိန့် နဲ့ သူတို့ရဲ့ ဆန်ပေါ်လို ကွင်းကို စတေဒီယို ဒီယေဂို အယ်မန်ဒို မာရာဒိုနာ အဖြစ် ပြောင်းလဲပြီး ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။ ဒါကြောင့် လာမယ့် ပွဲစဉ်တွေ က စပြီး အဆိုပါ အမည်သစ် ကို ပြောင်းလဲ အသုံးပြု သွားတော့မှာပါ ။

PSG အသင်း အကြီးအကဲ အယ် ခီလာဖီ ကတော့ လီယွန်နယ် မက်ဆီ ဟာ ဘာစီလိုနာ အသင်းသား ဖြစ်ပြီး အခြား အသင်းက ကစား သမား တစ်ဦး ရဲ့ အကြောင်းကို ထုတ်ဖော် ဖို့ အစီအစဉ် မရှိ ပါဘူးလို့ မက်ဆီ အသင်း ပြောင်းရွှေ့ နိုင်ချေ နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

နယူး ကာဆယ် အသင်းရဲ့ ကွင်းလယ် ကစား သမား ရှန် လောင်းစတပ် ဟာ နာမည်ကျော် အေးဂျင့် ပီနီ ဇဟာဗီ နဲ့ လက်တွဲ လိုက်ပြီ ဖြစ်ကာ ဇန်နဝါရီ မှာ နယူး ကာဆယ် ကနေ ထွက်ခွာ ဖို့ စတင် လုပ်ဆောင် နေပြီ ဖြစ် ပါတယ် ။

ဥရောပ ထိပ်သီး အသင်း အချို့ က စိတ်ဝင်စား နေတဲ့ ဗလင်စီယာ လူငယ် လေး ယူနပ်စ် မူဆာ့ချ် ဟာ အသင်း နဲ့ ၆ နှစ် သက်တမ်းတိုး လိုက်ပြီလို့ သိရ ပါတယ် ။ အာဆင်နယ် လူငယ် ဟောင်း မူဆာ့ချ် ဟာ အသက် ၁၈ နှစ်သာ ရှိသေးပြီး စာချုပ်သစ် မှာ ပေါင် သန်း ၉၀ တန် စာချုပ် ဖျက်သိမ်းကြေး ပါရှင်တယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ကတော့ လိဒ် ယူနိုက်တက် နည်းပြ မာဆယ်လို ဘီယေဆာ နဲ့ သူ့ အကြားမှာ Skygate ပြဿနာ ( ဘီယေဆာ က ပြိုင်ဘက် အသင်းတွေရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ကို လူငှား ကင်းထောက် ခဲ့မှု ) ရှိ ခဲ့ ပေမယ့် ဘီယေဆာ ဟာ သူ လေးစားတဲ့ နည်းပြ တစ်ယောက် ဖြစ်ပါတယ် လို့ ပြေဆာို သွားခဲ့ ပါတယ် ။

လီဗာပူး အသင်း ဟာ ဇန်နဝါရီ မှာ ဘာစီလိုနာ ကို ပြောင်းရွှေ့ နိုင်ချေ ရှိတဲ့ ကွင်းလယ်လူ ဝိုင်နယ်ဒမ် ရဲ့ နေရာကို အစားထိုး ဖို့ အတွက် ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆိုမာ ကို စောင့်ကြည့် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

နာမည်ကျော် ဖော်မြူလာဝမ်း ပြိုင်ကားမောင်း ချန်ပီယံ ဆီဘတ်စတီယန် ဗက်တဲ က သူ ဟာ လာမယ့် ၂၀၂၁ က စပြီး ဖော်မြူလာဝမ်း ပြိုင်ပွဲ ကို ဝင်ရောက်မယ့် မစ်ရှူးမေကာ ( ပြိုင်ကား ဂန္ထဝင်ကြီး မိုက်ကယ် ရှူးမေကာ ၏ သား ) ကို လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ကိုဗစ် ပိုးတွေ့ရှိ ခဲ့တဲ့ နယူးကာဆယ် နဲ့ ပြီးခဲ့တဲ့ အပတ်က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းသား တွေ ဟာ ကိုဗစ် စစ်ဆေးမှု မှာ အားလုံး ပိုးကင်းစင်ကြောင်း တွေ့ရှိ ခဲ့တယ်လို့ နည်းပြ ဟော့ဆန် က အတည်ပြု သွားခဲ့ ပါတယ် ။

အောက်တိုဘာ လလယ် လောက် မှာ ပြင်းထန်တဲ့ အရွတ် ဒဏ်ရာ ရရှိ ခဲ့ပြီး ၆ လ ခန့် နားရမယ် လို့ သတင်းထွက် ခဲ့တဲ့ လီဗာပူး ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက် ကတော့ Gym ခန်းမှာ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပြီ ဖြစ်ကြောင်း သတင်းကောင်း ကြားသိရ ပါတယ် ။

 

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ PSG နည်းပြ သောမတ်စ် တူချယ် ကို ခေါ်ယူ အစားထိုးဖို့ စိတ်ဝင်စား နေတယ် ဆိုတဲ့ သတင်းလည်း ထွက်ပေါ် လာခဲ့ ပါတယ် ။

SPORTS MYANMAR