ရိုနယ်ဒို ၊ ဘေးလ် တို့ရဲ့ မှတ်တမ်းကို မထင်မှတ်ဘဲ ရလိုက်တဲ့ အစ္စတန်ဘူလ် တိုက်စစ်မှူး

အစ္စတန်ဘူလ် ဘာဆက်ဆီ ဟာ အသင်းရဲ့ ကွင်းလယ်လူ ခါဘီစီ ဟာ မနေ့ ညက ပွဲမှာ သူ့ဘ၀ ရဲ့ အမှတ် တရ တစ်ခုကို ပိုင်ဆိုင် ခဲ့ ပါတယ် ။ ဂျာမန် ကလပ် လိုက်ပ်ဇစ် ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့တဲ့ ပွဲမှာ ခါဘီစီ ဟာ အစ္စတန်ဘူလ် အသင်း အတွက် ဟက်ထရစ် သွင်းပေး ရင်း ရိုနယ်ဒို ( ဘရာဇီး ) နဲ့ ဂါရတ် ဘေးလ် တို့ သာ ရယူ ထားနိုင် ခဲ့တဲ့ ချန်ပီယံလိဂ် ရဲ့ ထူးခြား မှတ်တမ်း တစ်ခုကို ရယူ ပိုင်ဆိုင် သွားနိုင် ခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ ဟက်ထရစ် သွင်းပေမယ့် ကိုယ့် အသင်း ရှုံးခဲ့တဲ့ မှတ်တမ်းပါ ။ ဒါမျိုးကို အရင် တုန်းက ရိုနယ်ဒို နဲ့ ဂါရတ်ဘေးလ် တို့ပဲ ရခဲ့ ဖူးပါတယ် ။ ခါဘီစီ ကတော့ ဒီ မလိုချင်တဲ့ မှတ်တမ်း ကို ရလိုက်တဲ့ တတိယမြောက် ကစား သမား ဖြစ်လာ ခဲ့ တာပါ ။

ဘရာဇီး တိုက်စစ်မှူးကြီး ရိုနယ်ဒို ဟာ ရီးရဲ မက်ဒရစ် မှာ ကစား သမား အဖြစ် နဲ့ ၂၀၀၃ ခုနှစ် ဧပြီ လ မှာ မန်ချက်စတာ ယူနိုက်တက် ဘက်ကို ဟက်ထရစ် သွင်းယူ ခဲ့ ပါတယ် ။ ဒါပေမယ့် ရီးရဲမက်ဒရစ် ကတော့ အိုးထရက်ဖိုဒ့် မှာ အိမ်ရှင် အသင်းကို ၄ – ၃ နဲ့ ရှုံးနိမ့် ခဲ့ ပါတယ် ။ နှစ်ကျော့ပေါင်း ရလဒ် မှာတော့ ရီးရဲ တို့ အသာရပြီး နောက်တစ်ဆင့် တက်ခဲ့ ပါတယ် ။

ဂါရတ်ဘေးလ် ကတော့ စပါး ကစား သမား ဘ၀ မှာ ဒီမှတ်တမ်း ကို ရခဲ့တာ ဖြစ်ပြီး ၂၀၁၀ အောက်တိုဘာ လထဲ မှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ အင်တာ မီလန် အသင်းဘက်ကို ဟက်ထရစ် သွင်းယူ ခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒိ ပွဲမှာလည်း စပါးတို့ ရှုံးခဲ့ ပေမယ့် ဂါရတ်ဘေးလ် ဆိုတဲ့ အမည် ကို ဘောလုံး ကမ္ဘာကြီးက စတင် သတိပြုမိ စေခဲ့ ပါတယ် ။

ခါဘီစီ ကတော့ မနေ့ညက ကစား ခဲ့တဲ့ ပွဲမှာ ဘေးလ် ၊ ရိုနယ်ဒို တို့လို မှတ်တမ်း ကို ရခဲ့ ပါတယ် ။ ဧည့်သည် လိုက်ပ်ဇစ် ဟာ ဦးဆောင်ဂိုး ၂ ဂိုး နဲ့ ပွဲကို ဦးဆောင် ထားပြီး ခါဘီစီ က ပထမပိုင်း မပြီးခင်မှာ တစ်ကြိမ် ချေပ ခဲ့ ပါတယ် ။ ဒုတိယပိုင်း ၆၆ မိနစ် မှာတော့ လိုက်ပ်ဇစ် က ၃ – ၁ ဖြစ်စေမယ့် ဂိုးကို ရခဲ့ပြီး ခါဘီစီ က 72 မိနစ် မှာ နောက်တစ်ကြိမ် ချေပကာ ၃ – ၂ ဖြစ်စေခဲ့ ပါတယ် ။

ပွဲပြီးဖို့ ၅ မိနစ် အလိုမှာတော့ ခါဘီစီ က သူ့ရဲ့ ဟက်ထရစ် အဖြစ် တတိယမြောက် ချေပဂိုးကို အိမ်ရှင်တို့ အတွက် သွင်းပေးခဲ့ ပါတယ် ။ ဒါပေမယ့် အစ္စတန်ဘူလ် ရဲ့ အပျော်ဟာ ကြာရှည် မခံခဲ့ ပါဘူး ။ ၉၀+၂ မိနစ် မှာတော့ လိုက်ပ်ဇစ် တို့ အနိုင်ဂိုး ရသွားပြီး အဖိုးတန် ၃ မှတ်ကို ပိုင်ဆိုင် သွားခဲ့ ပါတယ် ။

ဒီပွဲရလဒ် ဟာ လိုက်ပ်ဇစ် ကို ၉ မှတ် နဲ့ အုပ်စု ထိပ်ဆုံး က မန်ယူနိုက်တက် ၊ PSG တို့နဲ့ အမှတ်တူညီ သွားစေ ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကို ဧည့်ခံ ကစားမယ့် နောက်ဆုံး ပွဲစဉ် မှာ အနိုင် ရရှိအောင် ကစားနိုင် မယ်ဆိုပါက ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်တော့မှာပဲ ဖြစ် ပါတယ် ။

အစ္စတန်ဘူ ဘာဆက်ဆီ ဟာ ကတော့ ၅ ပွဲ ကစား အပြီးမှာ ၃ မှတ်သာ ရရှိ ထားတာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ကိုပင် အိပ်မက် မမက် နိုင်တော့ဘဲ ပြိုင်ပွဲ ကနေ လက်ပြနှုတ်ဆက် ခဲ့ရပြီပဲ ဖြစ်ပါတယ် ။ အာဖန် ကန် ခါဘီစီ ကတော့ သူ့ရဲ့ ဟက်ထရစ် ကို အနိုင် ၃ မှတ် နဲ့ လဲလို့ ရရင် လဲချင် နေခဲ့ မှာပါ ။

SPORTS MYANMAR