သရဲနီတို့ ချန်ပီယံလိဂ် အဖွင့်လှသွားခဲ့ကြတဲ့ PSG 1 – 2 ယူနိုက်တက် ပွဲစဉ်မှာ ဘယ်သူတွေ ကောင်းပြီး ၊ ဘယ်သူတွေ ညံ့ခဲ့ ကြသလဲ ??

ဒီနေ့ နံနက်မှာတော့ ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်း နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း တို့ဟာ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် ကစားခဲ့ ကြပြီး ဧည့်သည် အသင်းက 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။

ယူနိုက်တက်တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီကွင်းမှာပဲ ပြိုင်ဖက် အသင်းကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ နောက်ကောက် ချခဲ့ပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ဖူးပါသေးတယ် ။ တူညီတာ တစ်ခု ကတော့ ပွဲစဉ် နှစ်ပွဲလုံးမှာ အနိုင်ဂိုးကို ရပ်ရှ်ဖို့ သွင်းယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီနေ့ ပွဲစဉ်ရဲ့ ပွဲချိန် 20 မိနစ်မှာတော့ PSG နောက်ခံလူ ဒီယာလိုဟာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို ဂိုးဧရိယာ ထဲမှာ ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် သရဲနီတို့ ပင်နယ်တီ ရရှိ ခဲ့ကြ ပါတယ် ။ အဆိုပါ ပင်နယ်တီကို ဘရူနို ကန်သွင်းခဲ့ပေမယ့် ကေလာ နာဗတ်စ် က ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် VAR နဲ့ စစ်ဆေး ကြည့်တဲ့ အခါမှာ ကေလာ နာဗတ်စ်ဟာ ဂိုး ဖမ်းယူ ခဲ့တဲ့ အချိန် ဂိုးစည်း ပေါ်မှ အရှေ့ရောက် နေခဲ့တဲ့ အတွက် ယူနိုက်တက်တို့ဟာ ပင်နယ်တီ နောက်တစ်ကြိမ် ကန်ခွင့် ဒီတစ်ကြိမ် မှာတော့ ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ ပေးသွား နိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ PSG တို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး နေမာ ကန်တင်ခဲ့ရာ မာရှယ်ရဲ့ ခေါင်းတိုက်ထုတ်မှု ညံ့ခဲ့တဲ့ အတွက် own goal ဖြစ်သွား ခဲ့ရ ပါတယ် ။ အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံး မချနိုင်ခဲ့မှု ၊ ဂိုးသမားတွေ လက်စွမ်း ပြမှုကြောင့် ဂိုးရဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 87 မိနစ်မှာ ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တို့ရဲ့ ချိတ်ဆက် ကစားမှုက တစ်ဆင့် အင်္ဂလန် လက်ရွေးစင်ဟာ ဂိုးသွင်းယူ နိုင်ခဲ့ပြီး ဆိုးလ်ရှား အတွက် ဖိအား လျော့နည်း စေမယ့် အနိုင် ရလဒ် ရယူ ပေးသွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ်မှ နှစ်ဖက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်
——————————–

ဒီဂီယာ ( 9 ) MOTM

Own Goal ကို ကာကွယ် နိုင်ခွင့် မရှိခဲ့ ပါဘူး ။ ဒီမားရီးယား ၊ ကုရ်ဇာဝါ နဲ့ အမ်ဘက်ပီ တို့ရဲ့ ဂိုး ဖြစ်သွား နိုင်မယ့် ကန်ချက် တွေကို ဟန့်တား ပြရင်း နိုင်ပွဲ ရရှိရေး မှာ အဓိက ကျသူ ဖြစ်နိုင်ခဲ့ ပါတယ် ။

တွမ်ဇီဘီ ( 8 )

10 လ အတွင်း ယူနိုက်တက် အတွက် ပထမဆုံး ပွဲစဉ် ကစားခွင့် ရရှိ ခဲ့ပြီး စိတ်ချရဖွယ် ပုံစံကောင်း ပြသ သွားနိုင်ခဲ့ ပါတယ် ။ အမ်ဘက်ပီကို ကောင်းကောင်း ဟန့်တား နိုင်ခဲ့ ပါတယ် ။

လင်ဒီလော့ဖ် ( 7 )

အမြင့်ဘော တွေကို ကောင်းကောင်း ဦးဆောင် နိုင်ခဲ့ ပါတယ် ။ အသင်းဖော် မက်ဂွားယား မပါဝင် နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပုံစံကောင်း တွေကို ပြသရင်း ဖိအားတွေ လျော့ချ သွားနိုင်ခဲ့ ပါတယ် ။

ရှော ( 7 )

ခံစစ် အသားပေး ကစားဖို့ ညွှန်ကြားခံခဲ့ ရတဲ့ ပွဲစဉ်မှာ အလျင်းသင့် သလို တိုက်စစ် လိုက်ပါ ကစားပေး ခဲ့ပြီး မာရှယ် ရဲ့ ပင်နယ်တီ ရရှိရေးမှာ ပါဝင် ပတ်သက် နိုင်ခဲ့ ပါတယ် ။

ဝမ် ဘစ်ဆာကာ ( 8 )

ဒီဂီယာ ပြီးရင် ယူနိုက်တက် ရဲ့ ဒုတိယမြောက် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။ နေမာ နဲ့ အမ်ဘက်ပီ တို့ တစ်လှည့်စီ လာရောက် ကစားခဲ့ ကြတဲ့ တောင်ပံ ခံစစ်နေရာမှာ ပုံစံကောင်း ပြသ သွားနိုင်ခဲ့ ပါတယ် ။

ဖရက်ဒ် ( 7.5 )

ယူနိုက်တက် အသင်းဖက်မှ လုပ်အား အကောင်းဆုံး ကစား သမား ဖြစ်ခဲ့ရ ပါတယ် ။ ဘောလုံး ဖြတ်တောက်မှု တွေကို လုပ်ဆောင်ရင်း PSG အသင်း ရဲ့ တိုက်စစ် ဆင်ခွင့် တွေကို ရပ်တန့် စေနိုင်ခဲ့သလို တိုက်စစ် ကိုလည်း ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

တော်မီနေး ( 7 )

ဘောလုံး လုယူမှု ၊ ဖြတ်တောက်မှုတွေ ကောင်းမွန်ခဲ့ သလို ခံစစ်ပိုင်း အတော်လေး ကူညီ ပေးနိုင်ခဲ့ ပါတယ် ။ ခေါင်းတိုက် ဂိုးသွင်းခွင့် ရရှိခဲ့ပေမယ့် ကံခေခဲ့ ပါတယ် ။

တဲလက်စ် ( 7 )

ယူနိုက်တက် အတွက် ပထမဆုံး အကြိမ် ပါဝင် ကစားပေးခဲ့တဲ့ ပွဲစဉ်မှာပဲ ယုံကြည် စိတ်ချဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသ သွားနိုင်ခဲ့ပြီး ထောင့်ကန်ဘော ကန်တာ ၊ ဖြတ်တင်ဘော ပေးတာတွေ ကောင်းခဲ့ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ( 8 )

ပင်နယ်တီမှ တစ်ဆင့် အဖွင့်ဂိုး ရယူ ပေးနိုင်ခဲ့ ပါတယ် ။ အကွက်ကျတဲ့ ဘောလုံး ပေးပို့မှုတွေကို လုပ်ဆောင်ရင်း တိုက်စစ်လမ်းကြောင်းတွေ ဖွင့်ပေး နိုင်ခဲ့ ပါတယ် ။

မာရှယ် ( 6.5 )

တစ်ပတ်လှည့်တဲ့ အနေအထားမှာ ပြိုင်ဖက် အသင်းရဲ့ ထိချက်ကို အခွင့်အရေး ယူနိုင်ခဲ့ပြီး ဉာဏ်ကောင်းစွာပဲ ပင်နယ်တီ ရရှိ စေနိုင်ခဲ့ ပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက်မှု ညံ့ဖျင်းခဲ့သလို OG သွင်းယူ ခဲ့တဲ့ အတွက် ဗီလိန် ဖြစ်ခဲ့ရ ပါတယ် ။

ရပ်ရှ်ဖို့ ( 7 )

ပွဲချိန်တစ်လျောက် အသင်း အတွက် ထိထိရောက်ရောက် အကျိုးပြု ပေးနိုင်ဖို့ ရုန်းကန် နေခဲ့ရတဲ့ ရပ်ရှ်ဖို့ဟာ အဖိုးတန် အနိုင်ဂိုးကို သွင်းယူ ပေးသွားနိုင်ခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ…
ပေါ့ဂ်ဘာ ( 6.5 )
ဗန်ဒီ ဘိခ် ( – )
ဂျိမ်းစ် (- )

PSG
——-

နာဗတ်စ် ( 7 ) ၊ ဖလော်ရန်ဇီ ( 6 ) ၊ ဒီယာလို ( 5 ) ၊ ကင်ပန်ဘီ ( 6 ) ၊ ကုရ်ဇာဝါ ( 6 ) ၊ ဒါနီလို ( 6 ) ၊ ဂူယေး ( 5 ) ၊ ဟာရဲရား ( 6 ) ၊ ဒီမားရီးယား ( 5.5 ) ၊ အမ်ဘက်ပီ ( 7 ) ၊ နေမာ ( 6.5 )

လူစားဝင် ကစားသမားများ…
မွိုက်စ်ကင်း ( 5.5 )
ဒဂ်ဘာ ( – )
ရာဖင်ဟာ ( – )
ဆာရာဘီးယား ( – )
ဘက်ကာ ( – )

#Sports_Myanmar