အာဆင်နယ် ရဲ့ ကစားပုံကို ပြောင်းလဲဖို့ အာတီတာ ကို အကြံဉာဏ် ပေးရင်း မန်စီးတီးရဲ့ သွင်းဂိုးအတွက် ဘယ်လာရင် နဲ့ လီနို ကို ဝေဖန်လိုက်တဲ့ တိုနီအဒမ်

ဂန်းနား အသင်း ခေါင်းဆောင်ဟောင်း တိုနီအဒမ် က မန်စီးတီး ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ ညာနောက်ခံလူ ဘယ်လာရင် ရဲ့ကစားပုံကို ​ဝေဖန် လိုက်ပြီး အာတီတာ အနေနဲ့ နောက်တန်း လေးယောက်တန်း ကို ပြန်လည် အသုံးပြုဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ စတာလင် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ မန်စီးတီးကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဒီရာသီ ဒုတိယမြောက် ရှုံးပွဲကို ကြုံတွေ့ သွားခဲ့ရပါတယ် ။

အာဆင်နယ် ဟာ မန်စီးတီး နဲ့ ပွဲမှာ ၃-၄-၃ ကစားကွက် နဲ့ ပွဲထွက် လာခဲ့တာ ဖြစ်ပြီး နောက်တန်း သုံးယောက်တန်း ခံစစ်မှာ ဒေးဗစ်လူးဝဇ် ၊ ဂါဘရီယဲလ် ၊ တီယာနေး တို့ကို အသုံးပြုကာ ဘယ်လာရင် နဲ့ ဆာကာ ကို wing back တွေ အဖြစ် ကစား စေခဲ့ပါတယ် ။

 

တိုနီအဒမ် ကတော့ အာတီတာ အနေနဲ့ ဂါဘရီယဲလ် ရဲ့ ဗဟို နောက်ခံလူ တွဲဖက် အဖြစ် ဘယ်သူ့ကို ထားမလဲ ဆိုတာ ရွေးချယ် ဆုံးဖြတ် သင့်ပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပြီး လေးယောက်တန်း ခံစစ် ကိုပဲ အသုံးပြု သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

တိုနီအဒမ် က Premier League Productions နဲ့ အင်တာဗျူးမှာ ” နောက်တန်း လေးယောက်တန်း ကစားဖို့ အချိန်ကျပါပြီ ။ ဒီအကြောင်းကို ကျွန်တော် ရာသီ အစကတည်းက ပြောနေတာပါ ၊ ဒီလို ကစားတာက ဖလားပွဲတွေမှာ အနိုင်ရပေမယ့် အမှတ်ပေးဖလား ရဖို့တော့ မမြင်မိပါဘူး ။ ”

” အာတီတာ အနေနဲ့ အသင်းကို အနာဂတ် အတွက် တည်ဆောက်ချင်ရင်ပေါ့ဗျာ ၊ အာတီတာ ရဲ့ ကစားကွက်မှာ ဘယ်လာရင် က ပြဿနာ ဖြစ်နေပါတယ် ၊ သူ့ရဲ့ ခံစစ် ကစားပုံက ဒီနေ့မှ မကောင်းခဲ့ဘူးလို့ မြင်မိပါတယ် ။ သူ့ကို ခံစစ် လေးယောက်တန်း ပြန်ကစားခိုင်းသင့်ပါတယ် ၊ ဂါဘရီယဲလ် ရဲ့ တွဲဖက်ကို ရှာဖွေ ပေးရမှာပါ ။ ”

” အာဆင်နယ် အတွက်တော့ ပွဲစခါနီးမှာ ဟိုးလ်ဒင်း ဒဏ်ရာ ရသွားတာ ကံဆိုးတယ်လို့ပဲ ဆိုရမှာပါ ၊ ဒါပေမယ့်လည်း သူတို့ ခံစစ်လေးယောက်တန်း ကစားလို့ ရပါသေးတယ် ၊ အခုဆို အာဆင်နယ်မှာ holding midfielder ရှိနေပါပြီ ။ ”

ဆက်လက်ပြီး တိုနီအဒမ် က ” အာဆင်နယ် က သူတို့ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ် ၊ ဘယ်လာရင် နဲ့ ဂိုးသမား တို့က လုပ်ချလိုက်ပြန်ပါတယ် ၊ ကျွန်တော်က ခံစစ် ကို အမြဲတမ်း ကြည့်ပါတယ် ။ ”

 

” မန်စီးတီး ကလည်း အတော် ကောင်းခဲ့ပါတယ် ၊ ဖီးလ်ဖိုဒန် က ဘယ်လာရင် ကို အလွယ်တကူ လှည့်စား ကန်သွင်း ခဲ့တာပါ ၊ ဂိုးသမား ကလည်း အန္တရယ် ဇုန်ထဲ ဘောလုံး ပုတ်ထုတ် လိုက်တာပါ ၊ တကယ်ဆို ဂိုးဧရိယာ အပြင်ဘက်ကို ပုတ်ထုတ်လိုက်သင့်ပါတယ် ၊ စတာလင် က အသာလေး ပိတ်သွင်းထားပါတယ် ၊ စိတ်ပျက်စရာပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR