အာဆင်နယ် နဲ့ ပွဲမတိုင်မှီ ပြိုင်ဘက် နည်းပြ မီခေးလ် အာတီတာ ကို တခုတ်တရ ချီးကျူး လိုက်တဲ့ စတာလင်

မန်ချက်စတာ စီးတီး တိုက်စစ်မှူး စတာလင် က ဒဏ်ရာကြောင့် အင်္ဂလန် အသင်း လူစာရင်း ကနေ နှုတ်ထွက် ခဲ့ပြီးနောက် အခု အချိန်မှာ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး အာဆင်နယ် နဲ့ ပွဲမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ် ။

စတာလင် က အာဆင်နယ်နဲ့ပွဲမတိုင်မှီပြိုင်ဘက်နည်းပြအာတီတာဟာအချိန်တိုလေးအတွင်းမှာ အာဆင်နယ် အသင်းကို တိုးတက် ကောင်းမွန်အောင် ပြုလုပ် ပေးထား နိုင်ပြီး အောင်မြင်တဲ့ နည်းပြ ဖြစ်လာမယ်ဆိုတာသံသယ မဖြစ်မိကြောင်း ဆိုပါတယ် ။

စပိန် ကွင်းလယ်လူဟောင်း အာတီတာဟာအာဆင်နယ်အသင်းမှာငါးနှစ်ကြာကစားခဲ့ပြီးပွဲပေါင်း ၁၅၀ ကျော် ကစား ပေးခဲ့ပါတယ် ။၂၀၁၆ ခုနှစ် နွေရာသီ မှာတော့ အာတီတာ ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူ ခဲ့ပြီး မန်စီးတီး နည်းပြ ဂွာဒီယိုလာရဲ့လက်ထောက် အဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ် ။

အာတီတာ ဟာ ဂွာဒီယိုလာ ရဲ့ လက်ထောက် နည်းပြ အဖြစ် သုံးနှစ်ခွဲကြာလုပ်ကိုင်ခဲ့ပြီးနောက် အာဆင်နယ် အသင်းရဲ့ နည်းပြ အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။အာတီတာဟာသူ့ရဲ့နည်းပြဘဝ ပထမဆုံးနှစ်မှာတင်အသင်းဟောင်းမန်စီးတီးကိုကျော်ဖြတ်ပြီးအက်ဖ်အေဖလားရယူနိုင်ခဲ့ပါ တယ် ။

စတာလင် က ” အာတီတာ က ဒီမှာတုန်းက အများကြီး ပြောဆိုခွင့် ရှိခဲ့သူပါ ၊ မန်နေဂျာကြီးက သူ့အပေါ်ယုံကြည်မှုရှိခဲ့ပါတယ်၊နောက်ပြီးသူကကစားသမားတွေအပေါ်ကောကလပ်အပေါ်ကော လွှမ်းမိုးမှု ရှိပါတယ် ။ “

” ဒါကြောင့် သူ အာဆင်နယ် ကို ပြောင်းသွားတဲ့အချိန်မှာဒါဟာသူ့အတွက်အခွင့်အလမ်းကောင်း ဖြစ်မယ်ဆိုတာသိခဲ့ရုံသာမကသူလိုချင်တဲ့အတိုင်းပြုပြင်ပြင်ဆင်နိုင်လိမ့်မယ်ဆိုတာကြိုသိခဲ့ပါတယ် ။ “

” သူက ကစားသမားတွေ ဘာတွေ လုပ်သင့်လုပ်ထိုက် သလဲ ၊ ဘာတွေ လုံးဝ မလုပ်ရဘူးသလဲ ဆိုတာတိတိကျကျသတ်မှတ်လမ်းညွှန်ပေးနိုင်သူပါ။ကစားသမားတွေလည်းသူတို့သာအာတီတာစိတ်ကြိုက်ပြေးလွှားမကစားဘူးဆိုရင်ကစားခွင့်မရနိုင်ဘူးဆိုတာသိကြလောက်ပြီဖြစ်မှာပါ။ “

” သူ ယူဆောင်လာပေးတဲ့ အာဆင်နယ် အသင်းရဲ့ ပြောင်းလဲမှုတွေ ၊ အားသွန်ခွန်စိုက် ကြိုးစား အားထုတ်မှုတွေ ၊ ဘောလုံး မရှိတဲ့ အချိန်မှာ ကစားရမယ့်ပုံစံကို အာတီတာ ဘယ်လောက်အထိ အားထည့်ထားသလဲ ဆိုတာ ခင်ဗျားတို့လည်း တွေ့မှာပါ ။ “

“မီခေးလ်အာဆင်နယ်ကိုမရောက်ခင်ကတည်းကသူတို့အသင်းရဲ့ကစားပုံဘယ်လောက်ကောင်းသလဲ ၊ သူတို့ရဲ့ နည်းစနစ် ပိုင်း ဘယ်လောက်ကျေညက်သလဲ ဆိုတာ သိထားပြီးသားပါ ။ “

” ဒါပေမယ့် မီခေးလ် ရဲ့ လက်ရှိ အာဆင်နယ်လောက်တော့ ကစားတာ agreesive မဆန်ပါဘူး ။ အခုဆို သူတို့ခြေအိတ်ကျွတ်ကျလောက်အောင်ပြေးလွှားကစားနေကြပါတယ်၊လက်တစ်လော သူတို့ ဘာကြောင့် ရလဒ်တွေကောင်းနေတာလည်း ဆိုတာ ခင်ဗျားတို့လည်း သတိထားမိမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR