ဘယ်လို နိုင်ပွဲမျိုး ရယူချင်တာလဲ ဆိုတာ ပြောကြားရင်း တိုက်စစ်မှူးသစ် ကာဗာနီအပေါ် မှတ်ချက်ပေးလိုက်တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့က တော့တင်ဟမ် ဟော့ စပါး အသင်းကို အိမ်ကွင်းမှာ 1 – 6 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့နောက် နယူးကာဆယ် အသင်း နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ်ကို ပိုပြီး အလေးအနက်ထား တုန့်ပြန် ကစား သွားဖို့ အသင့်ပြင် ရလိမ့်မယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အသက် 22 နှစ် ရှိပြီ ဖြစ်တဲ့ ရပ်ရှ်ဖို့ဟာ တော့တင်ဟမ် အသင်းကို 1 – 6 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ မိနစ် 90 လုံး ပါဝင် ကစားခွင့် ပိုင်ဆိုင် ထားသူပဲ ဖြစ်ပါတယ် ။ အခုတော့ နယူးကာဆယ် နဲ့ ပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသ နိုင်ဖို့ ကြိုးစားရ လိမ့်မယ် လို့ အသင်းဖော် တွေကို တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီသစ် စတင် ခဲ့တဲ့နောက် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 3 ပွဲ ကစား ခဲ့ပြီး 1 ပွဲ နိုင် ၊ 2 ပွဲ ရှုံး ဆိုတဲ့ ရလဒ် ကိုသာ ပိုင်ဆိုင် ထားနိုင် ခဲ့တဲ့ အတွက် ပွဲစဉ် 5 မတိုင်မီ ရဂိုး 5 ဂိုး ၊ ပေးဂိုး 11 နဲ့ အတူ အဆင့် 16 နေရာမှာ ရပ်တည် နေခဲ့ရ ပါတယ် ။

” ကျွန်တော်တို့ အကောင်းဆုံး ပြန်လည် တုန့်ပြန် နိုင်ဖို့ အခွင့်အလမ်း ရှိနေ ပါတယ် ။ နယူးကာဆယ် နဲ့ ကစားတယ် ဆိုတာက ဘယ်လိုပဲ ဖြစ်ဖြစ် ပွဲကြီး ပွဲကောင်း လို့ ပြောလို့ ရပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်က ရလဒ်ကြောင့် ဒီတစ်ခါ မှာတော့ ကျွန်တော်တို့ အတွက် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ ပွဲစဉ် ဖြစ်သွား ခဲ့ရ ပါပြီ ”

” ခင်ဗျားတို့ ပွဲစဉ် တစ်ပွဲကို ရှုံးနိမ့် သွားတာ နဲ့ နောက်ထပ် ပွဲစဉ်ကို တက်နိုင် သမျှ အမြန်ဆုံး ကစားချင် ကြတာချည်း ပါပဲ ။ ခင်ဗျားတို့ အသင်းထဲကို အနိုင် ရရှိတဲ့ ခံစားချက် တစ်ခု ပေါင်းထည့် လိုတာချည်း ပါပဲ ။ ကျွန်တော် တို့က နိုင်ပွဲတင် လိုချင် နေတာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ ဂုဏ်ယူလို့ ရနိုင်မယ့် နည်းလမ်းမျိုး နဲ့ အနိုင် ရချင်ကြ ပါတယ် ”

” ကျွန်တော်တို့ အလုပ် ကြိုးစားချင် ကြပါတယ် ။ ကျွန်တော်တို့ တစ်ယောက်ထဲ အတွက်တင် မဟုတ်ပါဘူး ၊ ကျွန်တော်တို့တွေ ရဲ့ ဘယ် ၊ ညာမှာ ကစားနေကြတဲ့ သူတွေ အတွက်ပါ အသင်း အဖွဲ့ တစ်ခု ပုံစံနဲ့ စုဖွဲ့ ကစားလို ကြတာပါ ။ ကျွန်တော် တို့ဟာ အတူတကွ ကြိုးစားရင်း 3 မှတ် ရယူလိုတာ ဖြစ်ပြီး နောက်ထပ် ပွဲစဉ် တစ်ပွဲကို ဆက်သွားချင် ကြတာပါ ”

” ကျွန်တော်တို့ တွေဟာ ဒီလို စုပေါင်းတဲ့ နည်းလမ်း တစ်ခု နဲ့ ရှေ့ဆက် လိုကြတဲ့ သူတွေ ပါပဲ ။ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ် နေပါပြီ ။ အကယ်လို့ ကျွန်တော်တို့ ဒါကို မလုပ်နိုင် ကြဘူး ဆိုရင် ဒါဟာ စစ်မှန်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်နေ တော့မှာ မဟုတ် ပါဘူး ” လို့ ရပ်ရှ်ဖို့ က ပြောကြား အသင်းဖော် တိုက်စစ်မှူးသစ် ဖြစ်တဲ့ ကာဗာနီ နဲ့ ပတ်သက်လို့ …

” သူ ရောက်လာပြီး ဂိုးတွေ သွင်းယူဖို့ မျှော်လင့် နေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သေချာပေါက် နိုင်ပွဲ နဲ့ ရမှတ် တွေကို ရှာဖွေ ပေးမယ့်သူ ဖြစ်နေလို့ ပါပဲ ။ သူဟာ ဒီ ရာသီ ကျွန်တော်တို့ အသင်း အတွက် အရမ်းကို ထူးကဲတဲ့ ကစားသမား တစ်ယောက် ဖြစ်လာ နိုင်ပါလိမ့်မယ် ”

” တစ်ရာသီ အတွင်း ဖလား 2 ၊ 3 လုံးလောက် ရနိုင်ဖို့ အတွက် အသင်း တစ်သင်း လိုအပ် ပါတယ် ။ ဒါပေမယ့် အသင်းမှာ အပါတ်စဉ် ဂိုးတွေ သွင်းယူ ပေးနိုင်မယ့် ကစားသမား မရှိရင်တော့ ဒါဟာ ဖြစ်လာ နိုင်ခြေ ရှိမှာ မဟုတ် ပါဘူး ။ အသင်း တစ်သင်းမှာ တိုက်စစ် ကစားသမား သုံး ၊ လေးဦးလောက် မရှိပဲ ဖလားတွေကို ဆွတ်ခူး နိုင်မှာ မဟုတ် ပါဘူး ”

” ကျွန်တော် ကြီးပြင်း လာခဲ့တဲ့ ကာလ တစ်လျှောက် အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံစံ မျိုးစုံ နဲ့ ဂိုးတွေ သွင်းယူ နိုင်ကြတဲ့ တိုက်စစ် ကစားသမား လေး၊ ငါးဦးလောက် အမြဲတမ်း ရှိနေ ခဲ့ကြ ပါတယ် ။ အဲ့တာမျိုး ဖြစ်လာဖို့ နီးစပ် လေလေ ၊ ကျွန်တော်တို့ အင်အား ပိုမို တောင့်တင်း လေလေ ပါပဲ ” လို့ ရပ်ရှ်ဖို့ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar