ကိုဗစ် protocol ကို မချိုးဖောက်ကြောင်း ဖြေရှင်းချက်ပေးသွားတဲ့ ခရစ္စတီယာနို ရိုနယ်ဒို

ပေါ်တူဂီ နဲ့ ယူဗင်တပ် အသင်းတို့ရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို က သူဟာ အစိုးရ က ချမှတ် ထားတဲ့ ကိုဗစ် ရောဂါ ကာကွယ် တားဆီးရေး ဆိုင်ရာ စည်းကမ်း တွေကို ချိုးဖောက် ခြင်း မရှိခဲ့ဘဲ ထွက်ပေါ် နေတဲ့ သတင်းတွေ ဟာ အလိမ်အညာ တွေသာ ဖြစ်တယ် လို့ ဖြေရှင်းချက် ပေးသွား ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ကိုဗစ် ပိုး တွေ့ရှိ နေစဉ်မှာ ပေါ်တူဂီ ကနေ အီတလီ ကို ခရီး သွားခဲ့တာ ကြောင့် အခုလိုမျိုး ပြောဆို စွပ်စွဲ ခံ ခဲ့ ရတာ ဖြစ်ပါတယ် ။

တိုက်စစ်မှူးကြီး ဟာ မိခင် နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်း နဲ့ အတူ ဥရောပ နေးရှင်းလိဂ် ပွဲစဉ်တွေ ကစားဖို့ ရောက်ရှိ နေချိန် မှာ ကိုဗစ် ရောဂါပိုး တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ် ။ ရိုနယ်ဒို ရဲ့ နိုင်ငံ အသင်းဖော် တွေ က တော့ ကံကောင်း ခဲ့ကြပြီး အခြား ဘယ်သူမှ ပိုးမတွေ့ ခဲ့ကြ ပါဘူး ။

ဒါကြောင့် ရိုနယ်ဒို ဟာ နိုင်ငံ ပွဲစဉ် တစ်ပွဲ ကို လွဲချော် ခဲ့သလို ယခု အပတ် ကစားမယ့် ယူဗင်တပ် အသင်း ရဲ့ ပွဲစဉ် ကိုလည်း ပါဝင် နိုင်တော့ မှာ မဟုတ်ပါဘူး ။ ရိုနယ်ဒို ဟာ ဘာစီလိုနာ အသင်း နဲ့ ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ ပြန်လည် ပါဝင် နိုင်ဖို့ ပစ်မှတ် ထားနေပြီး နောက်ထပ် ဆေးစစ်မှု မှာ ရောဂါ ကင်းစင် ဖို့ အတွက် လုပ်ဆောင်လျက် ရှိ ပါတယ် ။

ရိုနယ်ဒို ဟာ လက်ရှိ အချိန် မှာ ကျန်းမာရေး ပိုမို ကောင်းမွန်အောင် ညွှန်ကြားချက် တွေနဲ့ အညီ လုပ်ဆောင် နေပြီး ဘာရောဂါ လက္ခဏာ မှာ မခံစား ရကြောင်း နဲ့ သူနဲ့ ပတ်သက်ပြီး ထွက်ပေါ် နေတဲ့ သတင်းတွေ ဟာ ယုံကြည် နိုင်စရာ မရှိကြောင်း ဆိုရှယ် မီဒီယာ ထက်ကနေ ပြောဆို ရေးသား သွားခဲ့ ပါတယ် ။

“ကျွန်တော် နေကောင်းတယ် ၊ ဘာလက္ခဏာ မှ မပြဘူး ဆိုတာ ကို အားလုံး ကို သိစေချင် ပါတယ် ။ ကျွန်တော် အရင် တုန်းကလို သန်သန် မာမာပါပဲ ။ ကျွန်တော် အခု အိမ် မှာ အရင်ကထက် ပိုပြီး နေရောင်ခြည် နဲ့ ထိတွေ့ ပါတယ် ၊ အရမ်း ပူအောင်တော့ မနေ ပါဘူး ၊ ဗိုက်တာမင် ဒီဓါတ် ရအောင် ကျွန်တော် လုပ်နေ တာပါ”

“အခု နေလို့ ထိုင်လို့ ကောင်းပါတယ် ။ မကြာခင် လေ့ကျင့်ရေး ကွင်းကို ပြန်လာပြီး ပွဲတွေ ကစား နိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ကျွန်တော့ ရဲ့ မိသားစု အားလုံး နဲ့ နောက် အထပ် တစ်ထပ် မှာ ကွာရင်တိုင်း ဝင်နေ ကြပါတယ်”

“ချမှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကျွန်တော် အမြဲ လိုက်နာ ပါတယ် ။ ဘယ် စည်းမျဉ်း စည်းကမ်း ကိုမှ ကျွန်တော် မချိုးဖောက် ခဲ့ ပါဘူး ။ အပြင်မှာ လူတွေ ပြောနေ ရေးနေ ကြတာတွေ က အလိမ် အညာ တွေပါ ။ အားလုံးကို မှန်မှန် ကန်ကန် ပဲ လုပ်သွား ခဲ့တာပါ” လို့ ရိုနယ်ဒို က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ရိုနယ်ဒို က သူ ဟာ နေ့စဉ် လုပ်ဆောင် တဲ့ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ကို လည်း မပျက် လုပ်ဆောင် နေကြောင်း အိမ်တွင်း ရေကူးကန် မှာ ရိုက်ကူး ထားတဲ့ ဓါတ်ပုံ တစ်ပုံ ကိုလည်း ဆိုရှယ် မီဒီယာ ထက် မှာ တင်ပြီး ပရိသတ်တွေ ကို အသိပေး သွားခဲ့ ပါတယ် ။

SPORTS MYANMAR