ပြိုင်ဘက်ကောင်း လက်စတာ ကို ကျော်ဖြတ်ပြီး အာဆင်နယ် တို့ နောက်တစ်ဆင့် တက်ခဲ့တဲ့ပွဲမှာ ဘယ်သူတွေ ခြေစွမ်းပြ ကစားခဲ့ကြသလဲ ?

အာဆင်နယ် အသင်းဟာ ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ကာရာဘောင်း ဖလား တတိယ အဆင့် ပွဲစဉ်မှာ ပရီးမီယားလိဂ် ပြိုင်ဘက် လက်စတာ စီးတီး အသင်းကို နှစ်ဂိုးပြတ် အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း အတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး နကီတီးယား နဲ့ လက်စတာ နောက်ခံလူ ဖျုစ့် တို့က ကိုယ့်ဂိုးကိုယ် သွင်းယူ မိခဲ့တာပါ ။ အာဆင်နယ် အသင်းဟာ စတုတ္တအဆင့်မှာတော့ လီဗာပူး နှင့် လင်ကွန်းစီးတီး ပွဲက နိုင်တဲ့ အသင်းနဲ့ ကစားရပါမယ် ။

( လက်စတာ ဝ-၂ အာဆင်နယ် ) ပွဲမှ အာဆင်နယ် အသင်း ကစားသမားများရဲ့ စွမ်းဆောင်ရည်( rating ) ကို ဖော်ပြ ပေးလိုက်ပါတယ် ။

လီနို (၆) – ပွဲအစမိနစ်တွေမှာ လက်စတာ စီးတီး အသင်းဘက်က ကန်သွင်းချက် နှစ်ကြိမ်လောက်ကို လက်စွမ်းပြ ကာကွယ်ခဲ့ပြီး Clean-Sheet လည်း အရယူ နိုင်ခဲ့ပါတယ် ။

ဟိုးလ်ဒင်း(၆) – ပွဲအစပိုင်းမှာ ခေါင်းတိုက် ရှင်းထုတ်မှုဟာ ချိန်သားမကိုက်တာကြောင့် နာချို ရဲ့ ခြေထောက်ထဲကို ဘောလုံး ရောက်သွားခဲ့တာ တွေ့ရပြီး အဲ့ဒီ နောက်ပိုင်းမှာလည်း သူ့ရဲ့ ခေါင်းတိုက်ချက်ဟာ လက်စတာ စီးတီး ကစားသမားတွေထံ ရောက်သွားခဲ့ပါသေးတယ် ။ ဒုတိယပိုင်းမှာတော့ ပိုမို တည်ငြိမ်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ဘောလုံး ပေးပို့မှုတွေ မှန်ကန် ခဲ့ပါတယ် ။

လူးဝဇ်(၇) – အာဆင်နယ် အသင်း နိုင်ပွဲမှာ အဓိက ကျခဲ့သူ ဖြစ်ပြီး လက်စတာ စီးတီး ရဲ့ ဖြတ်တင်ဘောတွေကို ရှင်းထုတ်ဖို့ နဲ့ ကွင်းလယ်က ပျက်လာတဲ့ ဘောလုံးတွေကို ဖျက်ထုတ်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေခဲ့ပါတယ် ။ လီနို နဲ့ တိုက်မိခဲ့တာတောင်မှ အသင်း အတွက် ဆက်လက် ကစားပေးခဲ့ပါတယ် ။

ကိုလာစီနက် (၅) – ဘောလုံး ရတဲ့ အချိန်မှာ ယုံကြည်မှု ပျောက်ဆုံး နေတာမျိုး တွေ့ရပြီး လူးဝဇ် ရဲ့ ဘောလုံး ပေးပို့မှုတွေကို လက်ခံဖို့ နေရာယူပုံကလည်း လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ် ။ ပွဲပြီးခါနီးမှာ လက်စတာ ရဲ့ တိုက်စစ်ဆင်မှုတွေကိုတော့ ကောင်းကောင်း ဟန့်တား နိုင်ခဲ့ပါတယ် ။ဒီနေ့ပွဲမှာ ကိုလာစီနက် ရဲ့ ပြိုင်ဘက်ထံက ဘောလုံး ပြန်လည် ရယူနိုင်မှုဟာ ၈ ကြိမ် အထိ ရှိခဲ့ပြီး တခြား အာဆင်နယ် ကစားသမားတွေထက် သာလွန် ခဲ့ပါတယ် ။

မိတ်လန်နိုင်းလ်စ် (၅) – နိုင်းလ်စ် တစ်ယောက် right wing back နေရာမှာ ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် အရင်တုန်းကလို စွမ်းဆောင်ရည်မျိုးတော့ မပြသ နိုင်ခဲ့ပါဘူး ။ တစ်ကွင်းလုံး ပတ်ကစားဖို့ နဲ့ ပြိုင်ဘက် ကို အခက်တွေ့အောင် ပစားဖို့ထက် သူ့နေရာမှာပဲသူ သမာရိုးကျ ကစားသွားတာကို တွေ့ရပါတယ် ။

အယ်နီနီ (၆) – လီဗာပူး ၊ ဖူလ်ဟမ် ပွဲတွေတုန်းကလောက် ကစားပုံ မကောင်းခဲ့ဘဲ အာဆင်နယ် ရဲ့ build-up play တွေမှာ သူ့ရဲ့ ပါဝင် ပက်သက်မှု နည်းပါး ခဲ့ပြီး တိုက်စစ် အမြင်လည်း အားနည်း ခဲ့ပါတယ် ။ ဒါပေမယ့် အရေးပါတဲ့ ကြားဖြတ် ရယူမှု အချို့တော့ လုပ်နိုင်ခဲ့ပါတယ် ။ ဒီနေ့ပွဲမှာ အယ်နီနီ ဟာ ဘောလုံး ထိတွေ့မှု အကြိမ် ၈၀ အထိ လုပ်နိုင်ခဲ့ပြီး အာဆင်နယ် ကစားသမားတွေထဲမှာ ဘောလုံး ထိတဲ့ အကြိမ်ရေ အများဆုံးပါပဲ ။

ဝီးလော့(၆) – ကွင်းလယ်မှာ အများကြီး ထင်ပေါ်နေအောင် လွှမ်းမိုး ကစားနိုင်ခဲ့ခြင်း မရှိပေမယ့် အာဆင်နယ် အသင်းရဲ့ press တွေမှာ အဓိက ကျခဲ့ပါတယ် ။

ဆာကာ(၈)(MOTM) – left wing back အဖြစ် ပွဲထွက်လာတာ ဖြစ်ပေမယ့် ဆာကာ က အာဆင်နယ် အသင်းရဲ့ တိုက်စစ်ဆင် ခြိမ်းခြောက်မှုတွေမှာ အခရာ ကျခဲ့ပါတယ် ။ သူ့ရဲ့ ဖြတ်တင် ပေးပို့မှုတွေ နဲ့ ဂိုးဧရိယာ အတွင်း ထိုးဖောက် ဝင်ရောက်မှုတွေက အထင်ကြီးစရာကောင်းပြီး သူ့ကြောင့် ပင်နယ်တီ တစ်လုံး ရခဲ့သင့်ပေမယ့် ဒိုင်လူကြီးက ခွင့်မပြု ခဲ့ပါဘူး ။

ပေပေ (၇) – ပထမပိုင်းမှာ ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ အဖွင့်ဂိုးမှာ သူ့ရဲ့ရုန်းအားကို တွေ့မြင် ခဲ့ရပါတယ် ။ သူ့ကြောင့် ဂိုးရပြီး နောက်ပိုင်းမှာ ယုံကြည်မှု ပိုမြင့်မားလာတဲ့ ကစားဟန်ကို မြင်တွေ့ ခဲ့ရပါတယ် ။

နယ်လ်ဆင်(၇) – ပွဲအစပိုင်းမှာ သူ့ရဲ့ ကန်သွင်းချက် တစ်ကြိမ် ကို ပြိုင်ဘက် ဂိုးသမား ကာကွယ်ခဲ့သလို ထောင့်ကန်ဘောကနေ ကျလာတဲ့ ဘောလုံးကို အပိုင်ကန်သွင်းခဲ့ပေမယ့် လွဲချော် ခဲ့ပါတယ် ။ အာဆင်နယ် အသင်း ဘောလုံး ရရှိ ချိန်မှာ ဘောလုံး လက်ခံဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီး လိမ်ခေါက် ကျော်ဖြတ်မှုတွေလည်း လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ ကန်သွင်းချက် ၄ ကြိမ်မှာ ၂ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ဖျက်ထုတ်မှု ၂ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၅ ကြိမ် အထိ လုပ်နိုင်ခဲ့ပါတယ် ။

 

နကီတီးယား(၇) – ပြိုင်ဘက် ဂိုးသမား ရဲ့ မှားယွင်းတဲ့ ပေးပို့မှုကိုသာ အသုံးချ နိုင်ခဲ့ရင် သူ ဂိုးစောစောရမှာပါ ။ အဖွင့်ဂိုး ဖြစ်စေမယ့် ဘောလုံးကို ပေပေ ထံ ပေးပို့ ပေးခဲ့သလို ဘယ်လာရင် ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ ရရှိလာတဲ့ အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – စီဘာယောစ့် (၆) ၊ ဝီလီယံ (၆) ၊ ဘယ်လာရင် (၆) ။

SPORTS MYANMAR