#Breaking_News: UEFA အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်း ထွက်ပေါ်

ဥရောပဘောလုံးအဖွဲ့ချုပ်UEFAဟာ2019-2020ဘောလုံးရာသီအတွက်အကောင်းဆုံးဆုပေးအပ်ဖို့ ဆန်ကာတင် နောက်ဆုံး 3 ယောက် စာရင်းကို ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ စာရင်းမှာ ဘိုင်ယန် မြူးနစ်က ကစားသမား နှစ်ယောက် ဖြစ်တဲ့လီဝန်ဒေါ့စကီးနဲ့နူအာ၊မန်စီးတီး ရဲ့ ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းတို့ ပါဝင်လာခဲ့ ပါတယ်။

ဆုရှင်ကိုUEFAအမျိုးသမီးအကောင်းဆုံးကစားသမားဆု၊ချန်ပီယံလိဂ်နေရာအလိုက်အကောင်းဆုံး ကစားသမားတွေ ဆုတွေ နဲ့ အတူ ၊ 2020-2021 ချန်ပီယံလိဂ် မဲခွဲတဲ့ အချိန်မှာ တရားဝင် ကြေငြာသွားမှာ ဖြစ်ပါတယ။် မဲခွဲပွဲကို အောက်တိုဘာလ 1 ရက်နေ့ ၊ ကြာသပတေး နေ့မှာ နီယွန် မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆန်ကာတင် စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်မယ် ဆိုရင် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် စံချိန်တင် ဂိုးဖန်တီးမှုအကြိမ် 20 အထိ စွမ်းဆောင်ပြခဲ့သလို ၊ ကိုယ်တိုင်လဲ သွင်းဂိုး 13 ဂိုး အထိ သွင်းယူပြနိုင်ခဲ့သူပါ။

သူ့ရဲ့ အဲဒီ စွမ်းဆောင်ရည်တွေကြောင့်ပဲပရီးမီးယားလိဂ်တစ်ရာသီအကောင်းဆုံးကစားသမားဆု ၊ PFA ကနေ ချီးမြှင့်တဲ့ အကောင်းဆုံး ဆုတွေကိုပါ ဆွတ်ခူးနိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘိုင်ယန် မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါ့စကီး ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်းစုစုပေါင်း 47 ပွဲ ကစားကာ ၊ 55 ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဂိုးသွင်းဘုရင်ဆု ၊ ဘွန်ဒက်လီဂါ ဂိုးသွင်း ဘုရင်ဆုတွေကိုပါ သိမ်းပိုက်ထားနိုင်ခဲ့သူပါ။

ဂိုးသမားနူအာကတော့ဘိုင်ယန်ရဲ့ဖလား3လုံးဆွတ်ခူးခဲ့တဲ့အောင်မြင်မှုမှာအဓိကကျောရိုးနေရာက ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆိုရင် Clean Sheet ပွဲပေါင်း 6 ပွဲ အထိ ရယူနိုင်ခဲ့သူပါ။

ပရိသတ်တွေသိကြတဲ့အတိုင်းဒီဆုဟာလီဝန်ဒေါ့စကီးကရယူဖို့အတွက်ရာခိုင်နှုန်းအများဆုံးဖြစ်နေပါတယ်။ ဂျာမန် ပရိသတ်တွေကတော့ ဘလွန်းဒီအော်ဆု ပေးအပ်မယ် ဆိုရင်တောင် ပိုလန် တိုက်စစ်မှုးက အထိုက်တန်ဆုံးလို့တောင် ပြောဆိုနေကြပါတယ်။

ဆန်ကာတင်3ဦးစာရင်းမှာမပါဝင်ခဲ့ပေမယ့်၊ထိပ်ဆုံး10ယောက်စာရင်းဝင်ရောက်နိုင်ခဲ့သူတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

4. မက်ဆီ
4. နေမာ (မဲ အရေအတွက် အတူတူ)
6. မူလာ
7. ဘာပေ
8. တီယာဂို အယ်ကန်တရာ
9. ကင်မစ်ချ်
10. ရိုနာဒို တို့ ဖြစ်ပါတယ်။

ဒီဆုဟာ ဥရောပ ဘောလုံးရပ်ဝန်းမှာ ကစားနေတဲ့ ဘောလုံးသမားတွေထဲက တစ်ရာသီလုံး စွမ်းဆောင်ရည်တွေကို ကြည့်ပြီး ချီးမြှင့်တာ ဖြစ်သလို ၊ ကလပ် အသင်းအဆင့်သာ မက နိုင်ငံအဆင့် ပွဲစဉ်တွေ အထိပါ အကျုံးဝင်လျှက်ရှိပါတယ်။

ဆန်ကာတင် စာရင်းကိုကတော့ ဥရောပ ကလပ်ဖလား ပြိုင်ပွဲဝင် အသင်းတွေက နည်းပြတွေ နဲ့ ဂျာနယ်လစ်တွေရဲ့ မဲဆန္ဒနဲ့ ရွေးချယ်သွားခဲ့တာပါ။

အခြား ဆုတွေ အတွက် ဆန်ကာတင် စာရင်းတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ။်

Women’s Player of the Year – ဘရွန်ဇီ ၊ ဟာဒါ ၊ ရီနတ်
Men’s Coach of the Year – ကလော့ပ် ၊ နာဂယ်စ်မန် ၊ ဟန်စီ ဖလစ်
Goalkeeper of the Season – နာဗက် ၊ နူအာ ၊ အော့ဘလက်
Defender of the Season – အလာဘာ ၊ ဒေးဗီးလ် ၊ ကင်မစ်ချ်
Midfielder of the Season – ဒီဘရိုင်း ၊ မူလာ ၊ အယ်ကန်တရာ
Forward of the Season – လီဝန်ဒေါ့စကီး ၊ ဘာပေ ၊ နေမာ
Europa League Player of the Season – ဘာနီဂါ ၊ ဖာနန်ဒက် ၊ လူကာကူ

SPORTS MYANMAR