ရှေ့တိုးပေးလိုက်တဲ့ အာဆင်နယ် – လီဗာပူး ပွဲစဉ် နဲ့ . . . ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

လီဗာပူး နဲ့ အာဆင်နယ် အသင်းတို့ ကစား မယ့် ပရီးမီးယားလိဂ် ပွဲစဉ် ( ၃ ) ရဲ့ ပွဲချိန် ကို မူလ သတ်မှတ် ထားချိန်ထက် ၁၅ မိနစ် စောပြီး ကစားဖို့ အတည်ပြု ရွှေ့ပြောင်း လိုက်ပြီ ဖြစ်ပါတယ် ။ ဒါကြောင့် အင်္ဂလန် က ဘောလုံး ပရိသတ်တွေ ဟာ အစိုးရ က သတ်မှတ် ထားတဲ့ ည ၁၀ နာရီ မထွက်ရ အမိန့်ကို လိုက်နာဖို့ အချိန် လုံလောက် သွားစေ မယ်လို့ သိရှိ ရ ပါတယ် ။

ဘုန်းမောက် အသင်း ကတော့ မန်ချက် စတာ စီးတီး အသင်း နဲ့ ကာရာဘောင် ဖလားပွဲ မကစား ခင်မှာ အသင်းသား အားလုံး ကို ကိုဗစ် ရောဂါပိုး စစ်ဆေးဖို့ သဘောတူ လိုက်ပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် ဘုန်းမောက် ဟာ ဆေးစစ်ခ ကို ကိုယ်တိုင် ပေးချေ မယ်လို့ လည်း သိရ ပါတယ် ။

ဘိုင်ယန် မြူးနစ် အသင်း နည်းပြ ဟန်ဆီ ဖလစ် ဟာ ဒေါ့မွန် ကနေ ထွက်ခွာ လာမယ့် မာရီယို ဂေါ့ဇီ ကို ဆက်သွယ်မှု ပြုလုပ် ခဲ့တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ကတော့ လူငယ် တိုက်စစ်မှူးလေး အန်ဆု ဖာတီ ကို စီနီယာ အသင်း စာရင်းထဲ ကို တရားဝင် ထည့်သွင်း လိုက်သလို ၂၀၂၄ ခုနှစ် အထိ လည်း စာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဖြစ်ပါတယ် ။ ဖာတီ ဟာ စီနီယာ အသင်းမှာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်မယ် လို့လည်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက် ဟာ ဒီကနေ့ မှာ အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကို ရောက်လာ ခဲ့ပြီး အသင်းဖော်တွေ ကို နှုတ်ဆက် သွားခဲ့ တယ်လို့ သိရ ပါတယ် ။ ဆွာရက် ဟာ လေ့ကျင့်ရေး ကွင်းကနေ ထွက်ခွာ ချိန်မှာ မျက်ရည် ကျခဲ့တယ် လို့လည်း သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာလည်း လူငယ်လေး တီဒန် မန်ဂီ ကို စီနီယာ အသင်း ထဲ ထည့်သွင်း ခဲ့တယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး နောက်ခံလူ အန်တိနီယို ရူဒီဂါ ဟာ စတမ်းဖိုဒ့် ဘရစ် ကနေ ထွက်ခွာ ရဖို့ ရှိနေပြီး ဘရန်စလေ အသင်းနဲ့ ကစားမယ့် ကာရာဘောင် ပွဲ လူစာရင်း ကနေ ချန်လှပ် ခံခဲ့ ရပြန်တယ် လို့ သိရ ပါတယ် ။ ဂျာမန် ကလပ် ဖရန့်ဖွတ် နဲ့ ပြင်သစ် ချန်ပီယံ PSG တို့ဟာ ရူဒီဂါ ရဲ့ အခြေအနေ ကို စောင့်ကြည့် နေတယ် လို့ သိရ ပါတယ် ။

ဝက်စ်ဟမ်း အသင်းကို ပူးတွဲ ပိုင်ဆိုင် တဲ့ ဒေးဗစ် ဆူလီဗန် ကတော့ သူ ဟာ အသင်းရဲ့ အပြောင်း အရွှေ့ တွေ အပေါ် စိတ်ပျက် နေမိကြောင်း ၊ နည်းပြ ဒေးဗစ် မိုရက်စ် ရဲ့ အဝယ် စာရင်းဟာ ဈေးကြီးပြီး အသုံးမတည့်မှုတွေ များခဲ့ ကြောင်း ပြောဆို လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ကွင်းလယ်လူ ဒယ်လီ အလီ ဟာ Shkendija အသင်းနဲ့ ကစားမယ့် ယူရိုပါ လိဂ် ခြေစစ်ပွဲ အတွက် မက်ဆီဒိုးနီးယား ကို သွားရောက်မယ့် အသင်း စာရင်းမှာ ပါဝင် မယ်လို့ နည်းပြ မော်ရင်ဟို က ပြောဆိုသွားခဲ့ သလို အင်္ဂလန်သား ကို စပါးမှာ ဆက်ရှိ နေဖို့ လည်း မျှော်လင့်ထားကြောင်း ပြောပြ သွားခဲ့ ပါတယ် ။

စပါး အသင်း ဟာ နာပိုလီ တိုက်စစ်မှူး မီလစ် ကို ခေါ်ယူ နိုင်ဖို့ လုပ်ဆောင် နေပြီး အေးဂျင့် ဖြစ်သူ နဲ့ ယနေ့ မှာ တွေ့ဆုံမယ် လို့ သိရ ပါတယ် ။

လီဗာပူး အသင်း ဟာ ကစား သမား ၆ ဦး အထိ ရောင်းထုတ် သွားဖို့ စီစဉ် နေပြီး ဝေးလ် တောင်ပံ ကစား သမား ဟယ်ရီ ဝီလ်ဆင် လည်း ပါဝင်တယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ရီးရဲ ဆိုဆီဒက် ရှေ့တန်းလူ ဝီလ်ယံ ဟိုဆေး ကို စိတ်ဝင်စား နေတယ် လို့လည်း သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR