နိုင်ပွဲရခဲ့တဲ့ မန်ယူနိုက်တက် ၊ အေတီကို ပြောင်းခွင့်ရတဲ့ ဆွာရက် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား ခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် တွေ မှာတော့ မန်ချက် စတာ ယူနိုက်တက် ဟာ လူတန်တောင်း အသင်း ကို အဝေးကွင်း မှာ ၃ – ၀ နဲ့ အနိုင် ရပြီး နောက်တစ်ဆင့် တက်လှမ်း သွားခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် မာတာ ၊ ရက်ဖိုဒ့် နဲ့ ဂရင်းဝုဒ် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ ကြပါတယ် ။ ဝက်စ်ဟမ်း အသင်း ကလည်း ဟူးစီးတီး အသင်း ကို ၅-၁ ရလဒ် နဲ့ အနိုင် ကစား သွားခဲ့ ပါတယ် ။

လေတန် အိုးရီးရင့် အသင်း ကတော့ ကစား သမား ၁၉ ဦး အထိ ကိုရိုနာ ဗိုင်းရပ်စ် ပိုး တွေ့ရှိ အပြီး မှာ စပါး နဲ့ ကစားမယ့် ကာရာဘောင် ဖလားပွဲ ကို ဖျက်သိမ်းပြီး အရှုံးပေး ခဲ့ရ ပါတယ် ။
PSG ကနေ ချဲလ်ဆီး ကို ပြောင်းရွှေ့ လာခဲ့တဲ့ ဘရာဇီး နောက်ခံလူ သီယာဂို ဆေးလ်ဗား က PSG ဟာ သူ ချဲလ်ဆီး ကို ပြောင်းဖို့ ဆုံးဖြတ် ပြီးကာမှ အသင်းမှာ ဆက်နေဖို့ လာရောက် ဆွေးနွေး ခဲ့ကြတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

PSG ဟာ တိုက်စစ်မှူးလေး အမ်ဘာပေ ကို စာချုပ်သစ် ထပ်မံ ချုပ်ဆို နိုင်ဖို့ ကြိုးစား နေတယ် လို့ သိရ ပါတယ် ။ ဘာပေ နဲ့ PSG တို့ရဲ့ စာချုပ် ဟာ ၂၀၂၁ မှာ ကုန်ဆုံး မှာ ဖြစ်ပြီး ရီးရဲ မက်ဒရစ် နဲ့ လီဗာပူးတို့ က ပြင်သစ် တိုက်စစ်မှူးလေး ကို စောင့်ကြည့် နေကြတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဥက္ကဌ ဘာတိုမြူ က သူဟာ တိုက်စစ်မှူး ဆွာရက် ကို အက်သလက်တီကို မက်ဒရစ် ထံ ပြောင်းရွှေ့ခွင့် ပိတ်ပင် ထားတယ် ဆိုတာ မဟုတ်မှန် ကြောင်း ဆိုသွားခဲ့ပြီး ဆွာရက် အနေနဲ့ ဘယ် အသင်း ကို မဆို ပြောင်းရွှေ့ နိုင်တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

လေဗာကူဆင် အသင်း ကတော့ အက်သလက်တီကို မက်ဒရစ် နောက်ခံလူ ဆန်တီယေဂို အားရစ် ကို ခေါ်ယူ ဖို့ သဘောတူညီခဲ့ပြီ လို့ သိရ ပါတယ် ။ အက်သလက်တီကိ ုမက်ဒရစ် ဟာ မိုရာတာ ကို ယူဗင်တပ် အသင်းထံ အငှား မချမီ မှာ ချဲလ်ဆီး ထံ ကနေ အပြီးသတ် ခေါ်ယူ ခဲ့တယ် လို့လည်း သိရ ပါတယ် ။ အေတီကို ဟာ မိုရာတာ ကို ချဲလ်ဆီး ကနေ ၂ နှစ် အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ခေါ်ယူ ထားတာ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း နဲ့ နယူးကာဆယ် အသင်း တို့ ဟာ ယူဗင်တပ် နောက်ခံလူ ဒန်နီရယ် ရူဂါနီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ နောက်ခံလူ နယ်လ်ဆင် ဆီမီဒို ကတော့ ဝုဗ် အသင်း ကို ပြောင်းရွှေ့ ဖို့ အတွက် သဘော တူညီမှု ရရှိ သွားခဲ့ပြီလို့ သတင်း ရရှိ ပါတယ် ။ ဒါ့အပြင် ဝုဗ် ဟာ ယူဗင်တပ် တောင်ပံ ကစား သမား ဒေါက်ကလပ် ကော်စတာ ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ ဟာ ဆီမီဒို ရဲ့ နေရာ အတွက် အိုင်ယက်စ် နောက်ခံလူ ဆာဂျီယို ဒက်စ် ကို ပေါင် ၁၈ သန်း နဲ့ ကမ်းလှမ်း လိုက်ပြီလို့ လည်း သတင်း ရရှိ ပါတယ် ။

အင်္ဂလန် က လာတဲ့ သတင်း အချို့ အရ လက်စတာ စီးတီး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ် လို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR