၃ မှတ် ပေးလိုက်ရတဲ့ ရိုးမား ၊ နောက်ထပ် လူခေါ်ဦးမယ့် လီဗာပူး တို့နဲ့ . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

စီးရီးအေ ကလပ် ရိုးမား အသင်း ဟာ အသက် ကျော်လွန်တဲ့ ကစား သမား ကို ယူ-၂၂ အသင်းမှာ ထည့်သွင်း ထားခဲ့ တာကြောင့် ပြီးခဲ့တဲ့ အပတ် က ကစားခဲ့တဲ့ ဗီရိုနာ နဲ့ ပွဲစဉ် ( ဂိုးမရှိ သရေကျ ) ကို ၃ – ၀ နဲ့ အရှုံးပေး ဖို့ အပြစ်ဒဏ် ချမှတ် ခံခဲ့ရ ပါတယ် ။ အကြောင်း အရင်း ကတော့ ရိုးမား လူငယ် ဒီယာဝါရာ ကြောင့် ပါပဲ ။ ဒီယာဝါရာ ဟာ ပြီးခဲ့တဲ့ ဇူလိုင် က ၂၃ နှစ် ပြည့်သွားခဲ့ ပေမယ့် မနှစ်က ကစား နေတဲ့ ယူ-၂၂ အသင်းသား စာရင်း ထဲမှာသာ ရှိနေ သေးတာ ကြောင့် အခုလို အပြစ်ဒဏ် ချမှတ် ခံခဲ့ ရတာလို့ ကြားသိရ ပါတယ် ။

ရိုးမား ကတော့ ဒီယာဝါရာ ဟာ ဗီရိုနာ နဲ့ ပွဲ အပေါ် ဘယ်လို သက်ရောက်မှု မှ ရှိမနေ ကြောင်း ၊ လက်ရှိ စီနီယာ အသင်းမှာ နေရာလွတ် ၄ ခု ကျန်နေ သေးပြီး ဒီယာဝါရာ ကို ပြောင်းရွှေ့ ပေးလို့ ဖြစ်နိုင်ကြောင်း ချေပ ကာ အပြစ်ဒဏ် ကို အယူခံ ဝင်သွားမယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ကစား သမားတွေ ဟာ စပိန် လာလီဂါ ဖလား နဲ့ မကစား ရသေးတဲ့ စပိန် စူပါ ဖလား ပွဲတွေ က ရရှိမယ့် ဆုကြေးငွေ ကို မယူ ဘဲ ကလပ် အသင်းကို ပြန်လည် လှူဒါန်း သွားမယ် လို့ သိရ ပါတယ် ။ ဒါကြောင့် ရီးရဲ ဟာ စီနီယာ အသင်းသား တစ်ဦးစီ ကနေ ယူရို ၁ သန်းစီ ရရှိတော့ မှာပဲ ဖြစ်ပါတယ် ။

လီဗာပူး အသင်း ကတော့ အပြောင်း အရွှေ့ ဈေးကွက် ထဲမှာ ရပ်တန့် မသွားသေးဘဲ ဆက်လက် လှုပ်ရှား နေပါတယ် ။ သီယာဂို အယ်ကန်ထရာ နဲ့ ဒီယေဂို ဂျိုတာ တို့ကို ခေါ်ယူ အပြီးမှာတော့ ဝက်ဖိုဒ့် တောင်ပံ ကစား သမားလေး အစ္စမေလာ ဆား ကို ကမ်းလှမ်းဖို့ လုပ်ဆောင် နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဒါဘီ ကောင်တီ အသင်း ကတော့ လီဗာပူး တောင်ပံ ကစား သမား ဟောင်း ဂျော်ဒန် အိုက်ဘ် ကို ဘုန်းမောက် အသင်း ထံ ကနေ ၂ နှစ် စာချုပ် နဲ့ ခေါ်ယူ လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

လိဒ် ယူနိုက်တက် အသင်း ကတော့ ရီးရဲ ဆိုဆီဒက် နောက်ခံလူ ဒီယေဂို လော်ရန်တေး ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ပေါင် သန်း ၂၀ ခန့်နဲ့ အပြောင်း အရွှေ့ ဖြစ်မြောက် ဖို့ မျှော်လင့် ထားကြ ပါတယ် ။

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် ကတော့ အောက်တိုဘာ လထဲမှာ ပရိသတ်တွေ ကွင်းထဲ ပြန်လည် ဝင်ရောက် ဖို့ ကိစ္စ ကို ရွှေ့ဆိုင်း ခဲ့တဲ့ ဗြိတိန် အစိုးရ အပေါ် မကျေ မနပ် ဖြစ်ခဲ့ ကြပြီး ဘောလုံး ကွင်းတွေ ဟာ စားသောက်ဆိုင်တွေ ၊ ရှော့ပင် စင်တာတွေ ထက် ပိုပြီး အန္တရာယ် ကင်းကြောင်း ပြောဆို လာခဲ့ ကြပါတယ် ။

ဒေါ့မွန် အကြီး အကဲ ဆီဘတ်စတီယန် ခဲလ် ကတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဆန်ချို အတွက် ပေါင် 73 သန်း သာ အမြင့်ဆုံး ကမ်းလှမ်း ခဲ့တာ ဖြစ်ပြီး ဒီဈေးဟာ ဆန်ချို အတွက် လုံး၀ မလုံလောက် ခဲ့ဘူးလို့ ဆိုသွားခဲ့ ပါတယ် ။

ဖရန့်ဖွတ် အသင်း ကတော့ ရီးရဲ မက်ဒရစ် မှာ အဆင်မပြေ ဖြစ်နေတဲ့ အသင်းသားဟောင်း လူကာ ဂျိုဗစ် ကို ဈေးကွက် မပိတ် ခင် မှာ အငှား ခေါ်ယူ နိုင်ဖို့လုပ်ဆောင် နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

နယ်သာလန် ကလပ် PSV ဟာ ဘာစီလိုနာ လူငယ်လေး ပီဒရီ ကို အငှား ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့ပေမယ့် ဘာစီလိုနာ က ပယ်ချ ခဲ့တယ်လို့ သိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်း ကတော့ နောက်ခံလူ ဟိုဆေး ဂျီမီနက်ဇ် ဟာ ကိုဗစ် ပိုး တွေ့ရှိ ထားတယ် လို့ ကြေညာ သွားခဲ့ ပါတယ် ။

စပါး ကို အငှား ပြောင်းလာတဲ့ ဂါရတ်ဘေးလ် ရဲ့ အေးဂျင့် ကတော့ ဘေးလ် ဟာ စပါး မှာ အငှား ၁ နှစ်ထက် ပိုပြီး နေသွား နိုင်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ကွင်းလယ်လူ ဗီဒယ် ကို အင်တာ မီလန် အသင်းထံ ရောင်းချ ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၁ သန်း နီးပါးသာ ရရှိ ခဲ့တယ် လို့ သတင်း ကြားသိရ ပါတယ် ။

ယခု အပတ် ပရီးမီးယားလိဂ် အတွက် အလန် ရှီးယား ရွေးချယ် ပေးခဲ့တဲ့ Official EPL Team of the Week ကို ဖော်ပြ ပေးလိုက် ရပါတယ် –
ဂိုး – မာတီနက်
နောက်တန်း – လမ့်ပ်တီ ၊ ဆာခို ၊ ဝှိုက် ၊ မစ်ချယ်
အလယ်တန်း – ဒီဘရိုင်း ၊ ဖိုဒန်
ရှေ့တန်း – ဆွန် ၊ ဇာဟာ ၊ လီဝင်း ၊ မာနေး

SPORTS MYANMAR