အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို ခဲ့တဲ့ အူဘာမီယန်း ကို ကျေးဇူးတင် စကားဆိုခဲ့တဲ့ အီယန်ရိုက် နဲ့ လာကာဇက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် က အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်း နဲ့ live chat ​နေရင်း တခြားသူတွေလို အသင်းက မထွက်ခွာ သွားတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ကို စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့ပြီ ဖြစ်ကြောင်း မနေ့ညက အတည်ပြု ထုတ်ပြန် ကြေညာ လိုက်ပါတယ် ။အူဘာမီယန်း ဟာ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း ခွဲ နဲ့ သုံးနှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ ။

Sponsored

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း က သူဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို ပြီးပြီ ဖြစ်ကြောင်း အာဆင်နယ် ဝက်ဆိုဒ် ကနေ တစ်ဆင့် live လွှင့်ပြီး ပရိသတ်တွေကို အသိပေးသွားခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းရဲ့live ကို ပရိသတ်ပေါင်းများစွာ ကြည့်ရှု ခဲ့ကြပြီး အူဘာမီယန်း ဟာ live လွှင့်နေချိန်မှာ အီယန်ရိုက် ၊ လာကာဇက် တို့ကို ဖုန်းခေါ်ပြီး သူ့ရဲ့ စာချုပ်သစ် ချုပ်ဆိုမှုကို အသိပေးခဲ့ပါတယ် ။

Sponsored

လာကာဇက် က အူဘာမီယန်း နဲ့ live chat မှာ ” ဂုဏ်ယူပါတယ် ဘရိုရေ … နောက်ဆုံးတော့ တစ်လတာ အကြာမှာ ( သဲနာရီ emoji တင်ပြီး တစ်လ အကြာ ) တကယ် ဖြစ်လာခဲ့ပြီပေါ့ကွာ ၊ ဂုဏ်ယူပါတယ်ကွာ ၊ ငါ မင်း အတွက် အမှန်တကယ် ပျော်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုပြီးနောက် ဘယ်လို အောင်ပွဲခံမလဲ ဆိုတဲ့အကြောင်းလည်း ပြောခဲ့​ကြပါတယ် ။

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ကလည်း အူဘာမီယန်း နဲ့ live chat မှာ ” ငါ့ရဲ့ အသင်းခေါင်းဆောင်ကြီး ၊ ဟေ့ကောင်ရေ ငါ မင်းကို ချစ်တယ်ကွာ ။ ငါ တစ်ခု ပြောနိုင်မလား ၊ ဒီ live ကို ကြည့်နေတဲ့သူ အများကြီး ရှိတယ် ၊ မင်းကို စာချုပ်သစ် ချုပ်ဆိုဖို့ တောင်းဆို နေကြတဲ့သူ​တွေ အများကြီး ရှိတယ်ဆိုတာ သိပါတယ် ။ ”

” ဒါပေမယ့် ငါတစ်ခု ပြောပါရစေကွာ ၊ အသင်းက မင်းကို အလိုအပ်ဆုံး အချိန်မှာ မင်းက စာချုပ်သစ် ချုပ်ဆို ခဲ့တယ် ။ ဂန္တဝင် ကစားသမားတွေ ဆိုလည်း အသင်းက သူတို့ကို လိုအပ်နေချိန်မှာ ထွက်ခွာ သွားတာကို ငါတို့ မြင်တွေ့ ခဲ့ရတယ် ၊ မင်းက ဂန္တဝင် အဆင့်အတန်း ရှိသူပါ ၊ Thank You for life.I love you captain , I love you Auba! ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

 

အူဘာမီယန်း ကတော့ အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့တဲ့ အပေါ် ” ကျွန်တော် အာဆင်နယ် အသင်းနဲ့ စာချုပ်သစ် ချုပ်တာက ဒီအသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်ချင်တာကြောင့်ပါ ။ သီယာရီ ၊ ရိုက်တီ(အီယန်ရိုက်) ၊ အဒမ် နဲ့ ဘားကမ့်တို့လိုပေါ့ဗျာ ၊ ထည့်ပြောဖို့ အများကြီး ကျန်ပါသေးတယ် ။ ”

” အဖေ က ကျွန်တော့်အတွက် အကြီးမားဆုံး ခွန်အား ဖြစ်စေသူပါ ၊ သူက ကလပ် အသင်းရဲ့ ခေါင်းဆောင် ဖြစ်သလို နိုင်ငံ အသင်းခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ် ၊ ဒါကြောင့် ဒီ special အသင်းရဲ့ ကပ္ပတိန် ဖြစ်ရတာ ကျွန်တော့် အတွက် အများကြီး အဓိပ္ပာယ် ရှိပါတယ် ၊ ဒီမှာ ကျွန်တော့် အမွေအနှစ်ကို ထားခဲ့ချင်ပါတယ် ၊ ဒီနေရာက ကျွန်တော်နဲ့ သက်ဆိုင်တဲ့ နေရာပါ ၊ ဒါ ကျွန်တော့် မိသားစုပါပဲ ။ “လို့ ဆိုပါတယ် ။

SPORTS MYANMAR