ဘရိုက်တန် နဲ့ ပွဲမှာ ထိခိုက်မှု အနည်းငယ် ရှိခဲ့တဲ့ ဂျော်ဂျင်ဟို ၊ ဗာနာ တို့ရဲ့ အခြေအနေတွေနဲ့ လီဗာပူး နဲ့ ပွဲအတွက် ပူလီဆစ် ရဲ့ ကြံ့ခိုင်မှု အနေအထား ကို ပြောပြလာတဲ့ #လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ည က ကစားသွားခဲ့တဲ့ ဘရိုက်တန် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ ဂျော်ဂျင်ဟို ၊ ရိစ်ဂျိမ်းစ် ၊ ကတ်ဇူးမား တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁ – ၃ ရလဒ် နဲ့ အနိုင်ရခဲ့ကာ ၊ အဖွင့်လှခဲ့ပါတယ် ။

Sponsored

ဒီပွဲမတိုင်မီ ချဲလ်ဆီး အသင်း ဟာ အသင်းလိုက် လေ့ကျင့်မှု အတွက် ရက်အနည်းငယ် သာ ပြုလုပ်နိုင်ခဲ့သလို ၊ ဘရိုက်တန် နဲ့ ပွဲအတွက်လည်း လူစုံတက်စုံ မဖြစ်လိုက်ပါဘူး ။ သို့ပေမယ့် အနိုင် ၃မှတ် ရခဲ့တာ က ကစားပုံ မကောင်းခဲ့တဲ့ ချဲလ်ဆီး အတွက်တော့ အဖိုးတန်လိုက်တယ် လို့ ဆိုရမှာပါ ။

တဖက်မှာ တိုက်စစ်မှူး တီမို ဗာနာ နဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို တို့ဟာ ပွဲချိန် အတွင်း ထိခိုက်မှု အနည်းငယ် ရှိခဲ့ပြီး ၊ ပွဲပြီးခါနီး ၅မိနစ်မှာ ဆိုရင် ဂျော်ဂျင်ဟို ဟာ နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ နဲ့ လူစားလဲခံခဲ့ရသလို ၊ ဗာနာ ဟာလည်း ပွဲအပြီးမှာ ရေခဲထုပ်ကပ်ပြီး အင်တာဗျူး ဖြေခဲ့တာကို တွေ့ခဲ့ရမှာပါ ။

 

Sponsored

ဒါ့အပြင် လာမယ့် တနင်္ဂနွေနေ့ မှာ ကစားမယ့် လီဗာပူး နဲ့ ပွဲအတွက် အမေရိကန် ကြယ်ပွင့် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ရဲ့ ကြံ့ခိုင်မှု ပြည့်မပြည့် ကို ချဲလ်ဆီး ပရိသတ် တွေက စိုးရိမ်နေကြပါတယ် ။ ဒါတွေနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က အခုလိုပဲ တစုတစည်းတည်း ဖြေကြား ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ဂျော်ဂျင်ဟို က နည်းနည်းလေး ပင်ပန်းနေခဲ့တာပါ ။ ဒီပွဲမတိုင်ခင် ပြောခဲ့သလိုပါပဲ ၊ ကျွန်တော်တို့ အသင်းမှာ ဒီအတောအတွင်း ကွာရန်တင်း ဝင်ခဲ့ရတဲ့ ကစားသမားတွေ အများကြီးပါ ။ နိုင်ငံ လက်ရွေးစင် အသင်း နဲ့ သွားရောက် ပူးပေါင်းခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ် ။ ”

” လောလောဆယ် အချိန်မှာတော့ ကစားသမား တော်တော်များများ ဟာ သူတို့ရဲ့ အကောင်းဆုံး ကြံ့ခိုင်မှု ပုံစံ ကို မရကြသေးပါဘူး ။ ဒါဟာ ကျွန်တော်တို့ အခု ကြုံတွေ့နေရတဲ့ အခြေအနေ အစစ်အမှန်ပါ ။ အသင်းသား တွေဟာ ဒီ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးမှ ၊ ဒီနေ့ပွဲကို အတတ်နိုင်ဆုံး ကစားခဲ့ကြတာပါ ။ ”

” ကိုယ်လိုချင်တဲ့ ပုံစံ ရောက်ဖို့ တော်တော်လေးကို လိုနေသေးကြောင့် ၊ အခက်အခဲတွေတော့ ရှိပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဒီနေ့ နိုင်ပွဲ အတွက် ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ် ။ တီမို ကတော့ ပင်နယ်တီ ရခဲ့တဲ့ အခိုက်အတန့် မှာ ပြိုင်ဖက် ဂိုးသမား နဲ့ ခိုက်မိခဲ့တာပါ ။ ပေါင်အရွတ် စုတ်တဲ့ ဒဏ်ရာထက်တော့ ဆိုးနိုင်ပါတယ် ။ ”

 

” နောက်အပတ် ပွဲအတွက်တော့ ကျွန်တော် သိပ်ပြီး မမျှော်လင့်ထားပါဘူး ။ ပုံမှန် အခြေအနေ တခု ပြန်ရောက်ဖို့ အချိန်နည်းနည်းတော့ ပေးရပါလိမ့်မယ် ။ ခရစ်တီယန် ကတော့ ပြီးခဲ့တဲ့ အပတ် က အထိ ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်မှုတွေ လုပ်ခဲ့ပါသေးတယ် ။ လွန်ခဲ့တဲ့ ၂ရက်လောက်ကမှ ခြေထောက် နည်းနည်း မသက်မသာ ဖြစ်ခဲ့ပါတယ် ။ ”

 

” ဒီနေ့ပွဲမှာ အသုံးပြုဖို့ ကျတာ့ ခရစ်တီယန် အတွက် ကြီးမားတဲ့ တောင်းဆိုမှု ဖြစ်သွားမှာပါ ။ သူ အနားယူဖို့ လိုအပ်နေခဲ့ပြီး ၊ လာမယ့် ပွဲစဉ် အတွက် ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ ။ တခြား ထူးထူးခြားခြား သတင်းတွေတော့ လောလောဆယ် ဘာမှ မရှိသေးပါဘူး ။ ဒီလောက်ပါပဲ ။ စောင့်ကြည့်ပေးဖို့ပဲ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR