ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း လန်ဒန်မြို့ခံ ကလပ် တသင်း သို့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း ဝန်ခံလာတဲ့ #ဂျရူး

ချဲလ်ဆီး အသင်း ရဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တဝက်ကျော်လာတဲ့ အထိ ပွဲထွက်ခွင့် မဆိုစလောက်သာ ရခဲ့တဲ့ အပြင် ၊ ၎င်း ကိုယ်တိုင် ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပါတယ် ။

ဂျရူး ကို ခေါ်ယူဖို့ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင် ကတည်းက ချိတ်ဆက်နေခဲ့တဲ့ အသင်း ကတော့ ဆရာဟောင်း အန်တိုနီယို ကွန်တီ ကိုင်တွယ်နေတဲ့ အင်တာမီလန် ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် လန်ဒန်မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်း ဟာလည်း ဂျရူး အတွက် နောက်ထပ် ရွေးချယ်မှု တခု ဖြစ်ခဲ့ပါတယ် ။

Sponsored

အာဆင်နယ် အသင်း မှာ ပရီးမီးယားလိဂ် ကစားသမား ဘဝ ကို စတင်ခဲ့ပေမယ့် ၊ ဂျရူး ဟာ ပွဲကစားခွင့် အတွက် လန်ဒန်မြို့ခံ ပြိုင်ဖက် ချဲလ်ဆီး အသင်း ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့သလို ၊ ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်းမှာတော့ အာဆင်နယ် ရဲ့ အခါးသီးဆုံး လန်ဒန်ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် အသင်း သို့ ရောက်ရှိဖို့ နီးစပ်ခဲ့ကြောင်း ဂျရူး ကိုယ်တိုင် က ဝန်ခံလာခဲ့ပါတယ် ။

တော့တင်ဟမ် အသင်း ဟာ ထိုစဉ် က ၎င်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ကို ကာလရှည် ဒဏ်ရာ နဲ့ ရာသီကုန် အထိ လက်လွှတ်ခဲ့ရတာ ဖြစ်လို့ ၊ ၎င်းရဲ့ နေရာကို အစားထိုး ကစားပေးမယ့် အထောင် တိုက်စစ်မှူး တယောက် အပူတပြင်း လိုအပ်ခဲ့ပါတယ် ။

Sponsored

ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းခါနီးမှ တော့တင်ဟမ် အသင်း ဟာ ဂျရူး ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာ ဖြစ်ပေမယ့် ၊ အဆုံးမှတော့ ချဲလ်ဆီး အသင်း ဖက်က ဂျရူး နေရာ အစားထိုးဖို့ အရန် တိုက်စစ်မှူး တဦးမှ ထပ်မံ အစားထိုးနိုင်ခဲ့ခြင်း မရှိတာကြောင့် ၊ ဂျရူး ကို အသင်းမှာပဲ ဆက်ကစားဖို့ ဖျောင်းဖျခဲ့ရပါတယ် ။

ဒီ အကြောင်း နဲ့ ပတ်သက်ပြီး ဂျရူး က ” ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းခါနီး ၃ရက် အလိုမှာ ၊ ကျွန်တော် ဟာ ကိုယ့် အနာဂတ် နဲ့ ပတ်သက်ပြီး နည်းပြ နဲ့ ဖြေရှင်းချက် ရှာဖွေဖို့ သူ့ ရုံးခန်းထဲမှာ ရှိနေခဲ့ပါတယ် ။ ချဲလ်ဆီး ဖက်က ကျွန်တော့ ကို ထွက်ခွာခွင့် ပေးဖို့ နောက်ထပ် တိုက်စစ်မှူး တယောက် အမြန်ဆုံး ရှာဖွေနိုင်ဖို့ကို မျှော်လင့်ခဲ့တာပါ ။ ”

” ကျွန်တော့ ဖက်ကတော့ တခြား အသင်း တသင်း ကို ပြောင်းရွှေ့ဖို့ အခွင့်အရေး မရှိခဲ့တာမျိုး မဟုတ်ခဲ့ပါဘူး ။ ကျွန်တော် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်း မှာ လာဇီယို ၊ အင်တာမီလန် အစရှိတဲ့ အသင်းတွေထဲက တသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ် ။ ”

” ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ပြတ်သားခဲ့တဲ့ အတွက် တော့တင်ဟမ် ရဲ့ ကမ်းလှမ်းချက်ကိုတောင် လက်ခံဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပါသေးတယ် ။ ” လို့ ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ် ။ ဂျရူး ဟာ ချဲလ်ဆီး ကနေ ထွက်ခွာမယ့် ကိစ္စ မအောင်မြင်ခဲ့ပေမယ့် ၊ လမ်းပတ် ဟာ ၎င်းရဲ့ ကတိအတိုင်း လက်ကျန် ရာသီ မှာ ဂျရူး ကို အခွင့်အရေး တချို့ ပြန်ပေးခဲ့ပါတယ် ။

 

ဂျရူး ဖက်ကလည်း ရလာတဲ့ အခွင့်အရေးတွေကို အမိအရ ဆုပ်ကိုင်ခဲ့ပြီး ၊ ရာသီကုန်မှာ ချဲလ်ဆီး အသင်း ကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေခဲ့တဲ့ အရေးပါဆုံး ကစားသမား တဦး အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။ တဖက်မှာ ဂျရူး က လန်ဒန် သို့ ပြောင်းရွှေ့ အခြေချဖို့ မဆုံးဖြတ်ခင် က မစ်ဒယ်ဘရော့ ၊ ဆဲလ်တစ် အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့သေးကြောင်း ဝန်ခံလာခဲ့ပါတယ် ။

ဂျရူး က ” ကျွန်တော် ဟာ အာဆင်နယ် ကို ပြောင်းရွှေ့လာဖို့ မရွေးချယ်ဖြစ်ခင်က ဆဲလ်တစ် ၊ မစ်ဒယ်ဘရော့ အသင်းတွေရဲ့ ကမ်းလှမ်းချက် ကို ရရှိခဲ့ပါသေးတယ် ။ ဒါပေမယ့် ကျွန်တော့ အေးဂျင့်တွေက ပြင်သစ်မြေမှာ ကစားသမား ဘဝ ရဲ့ မှတ်တမ်းကောင်း တခုခု ကို အရင်ဆုံး စိုက်ထူဖို့ အကြံပေးခဲ့ကြပါတယ် ။ ”

” ကျွန်တော် ဟာ အာဆင်နယ် အသင်း ကို ယူရို ၁၂ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာပါ ။ ဒါဟာ အရမ်း များပြာတဲ့ ပြောင်းရွှေ့ကြေးတော့ မဟုတ်ပါဘူး ။ ယူရို ၂၀၁၂ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေတုန်း ကျွန်တော့ ဇနီး က စာချုပ် မှတ်တမ်း အချက်အလက် ကို ယူလာပေးပါတယ် ။ တကယ် ကြီးကျယ်တဲ့ အခိုက်အတန့် တခုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR