ကစားသမားဘဝ ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး အတွက် ဝမ်းမြောက်စကား ဆိုလာတဲ့ #ရိစ်ဂျိမ်းစ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ည က ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၁မှာ ဘရိုက်တန် အသင်း ကို အဝေးကွင်းမှာ ခံစစ် အားသန် ကစားသမားတွေ ဖြစ်ကြတဲ့ ဂျော်ဂျင်ဟို ၊ ရိစ်ဂျိမ်းစ် ၊ ကတ်ဇူးမား တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁ – ၃ ရလဒ် နဲ့ အနိုင် ၃မှတ် စတင် ရှာဖွေနိုင်ခဲ့ပါတယ် ။

ဒီပွဲ အတွက် အကောင်းဆုံး ကစားသမား ( Man of the Match ) ကတော့ ချဲလ်ဆီး အသင်း ရဲ့ အင်္ဂလန် လူငယ် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ပဲ ဖြစ်ပါတယ် ။ ဂျိမ်းစ် ဟာ ဒီပွဲမှာ ချဲလ်ဆီး အသင်း အတွက် အဖိုးတန် ဦးဆောင်ဂိုး ဘရိုက်တန် အသင်း ရဲ့ ပင်နယ်တီ ဧရိယာ ပြင်ပ ကနေ ကန်ချက် ပြင်းပြင်း နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ် ။

Sponsored

အသင်းလိုက် ကစားပုံ မကောင်းခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့တဲ့ အပြင် ၊ ပြိုင်ဖက် အသင်း ကို ချေပဂိုး တဂိုး စတင်ခွင့်ပြုခဲ့ရပြီး ၊ စက္ကန့် ၁၀၀ အတွင်း ဦးဆောင်ဂိုး ပြန်ယူနိုင်ခဲ့ခြင်း က ဒီနိုင်ပွဲ အတွက် အရေးပါခဲ့ပါတယ် ။ ဒါ့အပြင် ဂျိမ်းစ် ဟာ တတိယမြောက် ဦးဆောင်ဂိုး ဖြစ်တဲ့ ဇူးမား ရဲ့ Volley ကန်ချက် ကိုလည်း ထောင့်ကန်ဘော မှ တဆင့် ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

ဒါဟာ ရိစ်ဂျိမ်းစ် ရဲ့ ကစားသမား ဘဝ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ပါတယ် ။ ဒီလို အဝေးကန်ချက် နဲ့ ဂိုးရခဲ့တာ က သူ့အဖို့ အမြဲတမ်း အမှတ်ရစရာ ဖြစ်နေမှာပါ ။ ပွဲအပြီး ချဲလ်ဆီး တီဗွီ နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဂျိမ်းစ် က သူ့ရဲ့ သွင်းဂိုး အပါအဝင် ၊ ဘရိုက်တန် နဲ့ ပွဲအပေါ် သူ့ရဲ့ အမြင် ကို အခုလိုပဲ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ် ။

Sponsored

ဂျိမ်းစ် က ” အမှန်အတိုင်း ဝန်ခံရရင် ဒါဟာ အရမ်း ကောင်းတဲ့ ကန်ချက် နဲ့ ရခဲ့တဲ့ ဂိုးပါ ။ ကံကောင်းစွာနဲ့ ဂိုးပိုက် နဲ့ မိတ်ဆက်နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ ဘရိုက်တန် အသင်း နဲ့ ခြေစမ်းပွဲ ကစားခဲ့တာ ဖြစ်လို့ ၊ ခြေစမ်းပွဲကိုလည်း ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ် ။ “

” အခု ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း ခြေစမ်းပွဲကလိုပဲ ခက်ခဲမှာကို ကျွန်တော်တို့ ကြိုတင် မျှော်မှန်းခဲ့ကြပါတယ် ။ ချေပဂိုး ခွင့်ပြုခဲ့ရပြီးတာနဲ့ တပြိုင်နက် ပြိုင်ဖက် ကို ထဲထဲဝင်ဝင် ထိုးဖောက် ကစားခဲ့ကြပြီး ၊ ဒီအတွက်ကြောင့်လည်း နောက်ထပ် အနိုင်ဂိုး ၂ဂိုး ရခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရိစ်ဂျိမ်းစ် က ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ချဲလ်ဆီး သို့ ရောက်ရှိလာတဲ့ ကစားသမားသစ်တွေနဲ့ ပတ်သက်ပြီး ” အရည်အသွေး မြင့်မားတဲ့ ထိပ်တန်း အဆင့် ကစားသမား တွေကို ခေါ်ယူထားတဲ့ အတွက် အသင်း အတွင်း ပွဲထွက်ခွင့် မှာ ပြိုင်ဆိုင်မှု များစွာ ကို မျှော်လင့်ရမှာပါ ။ “

 

” ဒီအတွက်ကြောင့် အသင်းသားတိုင်း ဟာ သူတို့ရဲ့ ပုံမှန် ကစားခွင့် အတွက် ပိုပြီး ကြိုးစားလာချင်ကြပါတယ် ။ ဒီလို ပြိုင်ဆိုင်မှု တွေ ပိုများလာလေလေ ၊ ကျွန်တော်တို့ရဲ့ အင်အား ပိုမို တောင့်တင်းလာလေလေပါပဲ ။ အခု လောလောဆယ် အချိန် အထိ မျက်နှာသစ် တွေဟာ ကျွန်တော်တို့နဲ့ ရင်းနှီးမှု အများကြီး မရှိသေးပါဘူး ။ “

” ဒီတော့ တပတ်ပြီး တပတ် ချိတ်ဆက် လေ့ကျင့် ကစားရင်းကနေ ပိုပြီး ရင်းနှီးမှု ရှိတဲ့ ၊ အချိတ်အဆက် ပိုမိတဲ့ အတွဲအဖက် တွေကို ဖန်တီးနိုင်ဖို့ ကြိုးစားရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကလည်း MOTM ရိစ်ဂျိမ်းစ် ကို အခုလိုပဲ ချီးကျူးခဲ့ပါသေးတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာ လမ်းပတ် က ” ကျွန်တော် ဟာ ဒီ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အများကြီး ပြောခဲ့ဖူးပါတယ် ။ လူငယ်တွေကို အခွင့်အရေးတွေ ပေးခဲ့လို့ ကျွန်တော် ဟာ မေးခွန်းထုတ်မှု များစွာ ခံခဲ့ရပါတယ် ။ အခုဆို ဒီ လူငယ်လေးတွေ ( ရိစ် ၊ မေဆင် ၊ ရူဘင် ၊ အန်ဒရီယာစ် ) ဟာ ဒီ စနစ်ကနေပဲ ပေါ်ထွက်လာခဲ့တာပါ ။ “

” လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကြိုးကြိုးစားစား ပြင်ဆင်မယ်ဆိုရင် တကယ့် ပွဲမှာလည်း ကောင်းကောင်း စွမ်းဆောင်နိုင်မှာပါ ။ ရိစ် ဟာ ဒီလို ပုံစံမျိုး နဲ့ ကျွန်တော်တို့ အတွက် စွမ်းဆောင်ပေးနေတာပါ ။ ညာနောက်ခံလူ နေရာ ဟာ ကျွန်တော် တို့ အသင်း မှာ မတူညီတဲ့ အရည်အသွေးမြင့် ကစားသမား ၂ဦး ရှိတဲ့ နေရာ ဖြစ်ပါတယ် ။ “

 

” ရိစ် ရဲ့ အဝေး ကန်ချက် က ကျွန်တော့ အတွက်တော့ အံ့သြစရာ မရှိခဲ့ပါဘူး ။ ရိစ် ဟာ ဒီလို ကန်ချက်မျိုးတွေ ကန်ပြနိုင်တာကို ကျွန်တော် သိထားပြီးသားပါ ။ အရင်ကလည်း ဒီလို ပုံစံမျိုး နဲ့ ဂိုးသွင်းဖို့ တခါတလေ ကြိုးစားခဲ့ဖူးပါတယ် ။ ဂိုးပေါက်လေး လွဲချော်ခဲ့တာ တခုပါပဲ ။ “

” များသောအားဖြင့် ကျွန်တော်တို့ဟာ သူ့ဆီကနေ အရမ်း ကောင်းတဲ့ ဖြတ်တင်ဘောတွေ မျှော်လင့်လို့ ရတယ် ဆိုတာ သိထားပြီးသားပါ ။ ဒါကြောင့်မို့ ဒီလို ရှင်းလင်း ပြတ်သားတဲ့ ကန်ချက် နဲ့ သွင်းဂိုးမျိုး သူ့ဆီကနေ ရလာမယ် ဆိုတာ နည်းနည်းတော့ အံ့သြစရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ် ။ ဒါပေမယ့် သူ့မှာ ဒီလို အရည်အချင်းမျိုး ရှိတယ် ဆိုတာကိုတော့ ကျွန်တော် သိထားပြီးသားပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR