သူ့ကို မန်ချက်စတာဆီ လာရောက်ဖို့ ဒီဂီယာက ဘယ်လိုတောင် စည်းရုံးခဲ့သလဲဆိုတာ ဖွင့်ဟလိုက်တဲ့ သီယာဂို အယ်လ်ကန်တာရာ

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်းတွေ အရတော့ ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ သီယာဂို အယ်လ်ကန်တာရာ ဟာ လာမယ့် နွေမှာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းကြီး နေတယ်လို့ သိရှိရ ပါတယ် ။

 

ဒါပေမယ့် အဲ့တာက သူ ပရီးမီးယားလိဂ်ဆီ ပြောင်းဖို့ အတွက် ပထမဆုံး အကြိမ် ထွက်လာတဲ့ သတင်းတော့ မဟုတ်ရ ပါဘူး ။ 2013 တုန်းက ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့ အတော်လေး သတင်းကြီး နေခဲ့ပါ သေးတယ် ။

သူဟာ ဆာ အဲလက်စ် ဖာဂူဆန် ယူနိုက်တက် အသင်းကို ကိုင်တွယ် ခဲ့စဉ် ကတည်းက သရဲနီ တို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ရ သလို ယူနိုက်တက် ကို ဒေးဗစ် မိုယက်စ် ကိုင်တွယ် ခဲ့စဉ် တုန်းကလည်း သူဟာ စိတ်ဝင်စားမှု တွေကို ဆက်လက် ရရှိခဲ့ပါ သေးတယ် ။

ဒီအတွက် အခြား တစ်ဖက် မှာတော့ အယ်လ်ကန်တာရာ နဲ့ တစ်နိုင်ငံတည်းသား ဖြစ်သူ ဒေးဗစ် ဒီဂီယာက စပိန် လက်ရွေးစင် ကွင်းလယ်လူ ကို စည်းရုံးဖို့ အတွက် လုပ်ဆောင် ခဲ့ပါ သေးတယ် ။ အဆိုပါ ရာသီက စပိန် ယူ23 အသင်း အတွက် သီယာဂို ဟာ ဟတ်ထရစ် သွင်းယူ ခဲ့ပါ သေးတယ် ။

 

အဲ့ဒီနောက် မှာတော့ ဒီဂီယာက အသင်းဖော် ရရှိ ခဲ့တဲ့ ပွဲစဉ် မှ ဘောလုံး အပေါ် စာရေးပြီး ယူနိုက်တက် အသင်းဆီ လာရောက်ဖို့ မက်ဆေ့ပို့ စည်းရုံးခဲ့ သေးကြောင်း ၊ ဒါပေမယ့် တိကျ သေချာတဲ့ ကမ်းလှမ်းမှု ကိုတော့ မရရှိ ခဲ့ကြောင်း သီယာဂို အယ်လ်ကန်တာရာ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ သေချာ တိကျတဲ့ ကမ်းလှမ်းမုှ ကိုတော့ မရရှိ ခဲ့ရ ပါဘူး ။ ဒေးဗစ် ( ဒီဂီယာ ) ကတော့ ကျွန်တော့် ကို အသင်း ဆီ လာရောက်ဖို့ အတွက် ကမ်းလှမ်း ခဲ့ပါ သေးတယ် ။ ကျွန်တော်တို့ ဖိုင်နယ် တုန်းက အီတလီ ကို အနိုင် ရရှိ ခဲ့စဉ် တုန်းက သူဟာ ဘောလုံး အပေါ်မှာ စာရေးပြီး သူနဲ့ ပူးပေါင်းဖို့ စည်းရုံး ခဲ့ပါ သေးတယ် ”

 

” ဒါပေမယ့် ကျွန်တော် ကလည်း သူလုပ်ခဲ့ သလို တူညီတဲ့ တုန့်ပြန်မှု တစ်ခုကို ပြန်လည် လုပ်ဆောင် ဖြစ်ခဲ့ ပါတယ် ။ သူဟာ ကမ္ဘာ့ အခမ်းနားဆုံး ဂိုးသမားတွေ ထဲက တစ်ဦးပါ ။ ခင်ဗျားတို့လည်း အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေ နဲ့ပဲ တွဲဖက် ကစားချင် ကြတာလေ ။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ အဆုံးသတ် က ဘိုင်ယန်ကို သွားဖို့ပဲ ဖြစ်ခဲ့ရ ပါတယ် ”

” ကျွန်တော် ပြောနိုင်တဲ့ အရာ တစ်ခု ကတော့ ပရီးမီးယားလိဂ် ဆိုတာက အံ့ဖွယ် ခမ်းနားတဲ့ လိဂ် တစ်ခု ဆိုတာ ပါပဲ ။ ဒါက ကမ္ဘာ့ အကောင်းဆုံး လိဂ်လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဘိုင်ယန် ကို ပြောင်းရွှေ့ ခဲ့တာ ၊ အသင်း အတွက် လုပ်ဆောင် ပေးခဲ့တာတွေ နဲ့ ပတ်သက်လို့ တစ်ကယ်ပဲ ကျေနပ် ပျော်ရွှင်မိ ပါတယ် ” လို့ အယ်လ်ကန်တာရာ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

 

လက်တလော အချိန်တွေ မှာတော့ သီယာဂိုဟာ လီဗာပူး အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းကြီး နေသူပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ် တုန်းကတော့ ဘိုင်ယန် မြူးနစ် အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ရူမင်နစ်ဂီ က သူတို့ တွေဟာ ကစားသမား ဖြစ်သူနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ အားတက်သရော လုပ်ဆောင် နေကြကြောင်း ပြောခဲ့ပါ သေးတယ် ။

 

” သူဟာ ကွင်းအတွင်မှာရော ကွင်းအပြင်မှာပါ ခမ်းနားတဲ့သူ တစ်ဦး ပါပဲ ။ ကျွန်တော် တို့ဟာ သူ့ရဲ့ ဆန္ဒ တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ အလေးအနက်ထား ဆွေးနွေး နေကြ ပါတယ် ။ ဒါပေမယ့် သူကတော့ ကစားသမား ဘဝ ရဲ့ နောက်ဆုံး ခြေလှမ်း တစ်ခု အဖြစ် မတူညီတဲ့ ခြေလှမ်း တစ်လှမ်း လှမ်းဖို့ စဉ်းစား နေခဲ့ပုံ ပါပဲ ”

” ကျွန်တော်တို့ ကတော့ နောက်နှစ်မှာ ကစားသမား တစ်ဦးကို အလွတ်နဲ့ ဆုံးရှုံးရတာမျိုး မဖြစ်လိုကြ ပါဘူး ။ ကျွန်တော် ဒါကို ရှင်းရှင်းလင်းလင်း ပြောလို ပါတယ် ။ ကျွန်တော်တို့ လီဗာပူး ဆီက ဘယ်လို ချိတ်ဆက်မှု မှ မရရှိသေး ပါဘူး ။ ဒါပေမယ့် သူ ပြောင်းမယ် ဆိုရင် ကျွန်တော်တို့ ညှိနှိုင်းပေး သွားမှာပါ ” လို့ ရူမင်နစ်ဂီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar