အပြစ်ဒဏ် လွတ်သွားတဲ့ ဗာဒီ ၊ ယူနိုက်တက် ရဲ့ ခံစစ်ပစ်မှတ် ၃ ခုနဲ့ . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

လီဗာပူး တိုက်စစ်မှုး ဟောင်း ဒန်နီရယ် စတာရစ် ဟာ မေဂျာလိဂ် ကို ပြောင်းရွှေ့ဖို့ စီစဉ် နေပြီး အမေရိကန် မှာ ဘောလုံး ကစားရင်း သူ ဝါသနာ ပါတဲ့ ဂီတ အလုပ်တွေ ကိုလည်း တိုးချဲ့ နိုင်ဖို့ မျှော်လင့် ထားတယ် လို့ ကြားသိ ရ ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ကွင်းလယ်လူ ဂျော်ဂျင်ဟို ကို နွေရာသီ မှာ ရောင်းထုတ် ဖို့ အတွက် စီစဉ် ဆုံးဖြတ် ထားပြီး ဖြစ်တယ် လို့ ဂယ်ရီ နဗီးလ် က သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

စပါး နည်းပြ မော်ရင်ဟို ကတော့ မတ်လ အတွင်းက FA Cup က ကိစ္စ အတွက် ၄ ပွဲပယ် အပြစ်ဒဏ် ကျခံ ခဲ့ရတဲ့ ကွင်းလယ်လူ အဲရစ် ဒိုင်ယာ နဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက် ပေးလိုခြင်း မရှိဘဲ သူ သာ တစ်ခုခု ပြောလိုက်ပါက သေချာပေါက် ပြဿနာ တက်လိမ့်မယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် စပါး ဟာ ဒိုင်ယာ ရဲ့ အပြစ်ဒဏ် ကို အယူခံ ဝင်ဖို့ အစီအစဉ် လည်း မရှိဘူးလိုပ သိရ ပါတယ် ။

ဖော်မြူလာဝမ်း ပြိုင်ကား အသင်း တစ်သင်း ဖြစ်တဲ့ ရေးနော့ ဟာ သူတို့ရဲ့ ဂန္ထဝင် ပြိုင်ကား သမားကြီး ဖာနန်ဒို အလွန်ဆို ဟာ ၃ နှစ် ခန့် အနားယူ နေရာကနေ လာမယ့် ၂၀၂၁ ခုနှစ် ထဲမှာ ကျင်းပမယ့် ပြိုင်ပွဲတွေ ကို ပြန်လည် ပါဝင် ယှဉ်ပြိုင် သွားမယ် လို့ အတည်ပြု ပေးသွားခဲ့ ပါတယ် ။

လက်စတာ စီးတီး တိုက်စစ်မှုး ဂျေမီ ဗာဒီ ဟာ အာဆင်နယ် နဲ့ သရေ ကျခဲ့တဲ့ ပွဲမှာ မူစတာဖီ ရဲ့ ခေါင်းကို ကန်ခဲ့ ပေမယ့် FA ရဲ့ ပြစ်ဒဏ် ချမှတ် မှု ကနေ လွတ်ကင်း သွားခဲ့ တယ်လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် တောင်ပံ ကစား သမားလေး ဒန်နီရယ် ဂျိမ်းစ် ရဲ့ အေးဂျင့် ဖြစ်သူကတော့ သူ့ရဲ့ ကစား သမားဟာ မန်ချက်စတာ ယူနိုက်တက် မှာ အနာဂါတ် ရှိနေပြီး အငှား ထွက်ခွာမယ် ဆိုတဲ့ သတင်းတွေ ကို ငြင်းဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းဟာ လိုင်ယွန် တိုက်စစ်မှုး မူဆာ ဒမ်ဘီလီ ကို အော်ဘားမီးယန်း ( သို့ ) လာကာဇက် ထွက်ခွာ သွားခဲ့ ပါက အစားထိုး ခေါ်ယူ ဖို့ စဉ်းစား ထားတယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် PSG နဲ့ အက်သလက်တီကို မက်ဒရစ် တို့ကလည်း ဒမ်ဘီလီ ကို စိတ်ဝင်စား နေကြတယ် လို့ သိရ ပါတယ် ။

ရင်းနစ် ကြယ်ပွင့်လေး ကာမာဗင်ဂါ ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို ဖို့ ကို ဆိုင်းငံ့ ထားတာကြောင့် ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ နိုင်တဲ့ ဖြစ်နိုင်ချေ တွေ ပိုမို မြင့်တက် လာခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ လာမယ့် ရာသီ အတွက် နောက်ခံလူ ၃ ဦး ကို စာရင်း ပြုစု ထားပြီး ဘုန်းမောက် နောက်ခံလူ နေသန် အကီ ၊ အေစီမီလန် နောက်ခံလူ ရိုမာနိုလီ နဲ့ ဗီလာ နောက်ခံလူ တိုင်ရွန်မင်းစ် တို့ ဖြစ်တယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ ဘုန်းမောက် နဲ့ကစား ခဲ့တဲ့ ပွဲမှာ နေသန် အကီ ကို တီးတိုး ပြောဆိုမှု ဟာ အသင်း ပြောင်းရွှေ့ဖို့ အတွက် ကမ်းလှမ်းမှု ဖြစ်တယ် ဆိုတဲ့ သတင်းကို ငြင်းဆန် သွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် နဲ့ ကလပ် အသင်းတွေ ဟာ လူစား ၅ ဦး အထိ လဲနိုင်တဲ့ စည်းမျဉ်း ကို လာမယ့် ရာသီ အထိ ဆက်လက် အသုံးပြု ဖို့ ဆွေးနွေး နေကြတယ် လို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် တောင်ပံ ကစား သမား အီဒင် ဟာဇက် ဟာ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နိုင်ပေမယ့် အသင်းလိုက် လေ့ကျင့်မှုတွေ မှာတော့ မပါဝင် နိုင်သေးဘူး လို့ သိရှိ ရ ပါတယ် ။